• Follow Us on

Home စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် NLD ပါတီရုံး မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် NLD ပါတီရုံး မီးလောင်ပျက်စီး

Share this post

စစ်ကိုင်း၊ အောက်တိုဘာ ၃၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးတွင် ယမန်နေ့ညက မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ NLD ပါတီရုံးများ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့ နံနက်အစောပိုင်းတွင် ထပ်မံ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

“လောင်တဲ့ ပါတီရုံးက လူမရှိဘူး၊ ပိတ်ထားတာလည်း ကြာပါပြီ၊ လောင်တဲ့အချိန်က ညဉ့်နက်တဲ့အချိန်ဖြစ်တဲ့ အခါကျတော့ ဘာမှလုပ်ချိန်မရဘူး၊ ရုံးကတော့ တော်တော်လေးပျက်စီးသွားတယ်” ဟု ကျွန်းလှမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါမီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် ကျွန်းလှမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ရုံး စိုက်သော ပါတီရုံးလည်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် လက်ရှိအချိန်၌ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီမှ ပါတီဝင်များကို သတ်ဖြတ်ခံနေရသည့် တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်သည်။

 

Photo – Credit

 

#PeopleMedia #ကျွန်းလှမြို့

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 

Photo – Credit

 



Share this post