• Follow Us on

Home စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များ၏ ယာဉ်တန်းဖြတ်သန်းချိန် မိုင်းပေါက်ကွဲမှု ဖြစ်ပွား

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များ၏ ယာဉ်တန်းဖြတ်သန်းချိန် မိုင်းပေါက်ကွဲမှု ဖြစ်ပွား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ကျော်အပါအဝင် အစိုးရအဖွဲ့ ယာဉ်တန်းဖြတ်သွားချိန်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ လိုက်ပါလာသည့် ယာဉ်တန်း သည် ဘုတလင်မြို့နယ်၊ မန္တလေး-မုံရွာ-ဘုတလင်-ရေဦးသို့သွားသည့် ကားလမ်း မိုင်တိုင်အမှတ် ၉၇/၆ နှင့် ၇ အကြားအရောက်၌ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

 

“ယာဉ်တန်းက ထိခိုက်မှုမရှိပါဘူး။ ကားလမ်းနဲ့ နည်းနည်းကွာပါတယ်။ မိုင်းအခွဲခံရတာက ဝန်ကြီးချုပ်လမ်း ကြောင်းတောင် မိုင်းကွဲတယ်ဆိုရင် စစ်ကိုင်းတိုင်းလုံခြုံရေးက မေးစရာဖြစ်လာတာပေါ့” လို့ ဘုတလင်မြို့နယ် လုပ်ငန်းရှင်တစ်ဦးက People Media သို့ ပြောဆိုသည်။

 

အဆိုပါပေါက်ကွဲမှုကြောင့် ဝန်ကြီးချုပ်၏ ယာဉ်တန်းသည် ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ဖြစ်ပွားသည့်နေရာ၌ မပေါက်ကွဲသေးသည့် ရှော့တိုက်မိုင်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 

#PeopleMedia


Share this post