• Follow Us on

Home စစ်ကိုင်းတိုင်း၌ အားကောင်းနေသည့် PDF အဖွဲ့များကို နှိမ်နင်းရန် အလောင်းမင်းတရား အထူးစစ်ဆင်ရေး ယနေ့စတင်

စစ်ကိုင်းတိုင်း၌ အားကောင်းနေသည့် PDF အဖွဲ့များကို နှိမ်နင်းရန် အလောင်းမင်းတရား အထူးစစ်ဆင်ရေး ယနေ့စတင်

Share this post

မုံရွာ၊ အောက်တိုဘာ၂၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ မြို့နယ်များ၌ အားကောင်းလာသည့် PDF အဖွဲ့များကို နှိမ်နင်းရန် အလောင်းမင်းတရားအထူးစစ်ဆင်ရေးကို ယနေ့စတင်လိုက်ကြောင်း သလ္လာရွှေမြေ Page က ထုတ်ပြန်ထားပါတယ်။

 

အဆိုပါ သလ္လာရွှေမြေ Page သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို အစဉ်တစ်စိုက်ဖော်ပြလျက်ရှိသည့် Page တစ်ခုဖြစ်ပါတယ်။

 

ယနေ့ မွန်းလွဲ(၃)နာရီအချိန်ခန့်က “စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်မှုများကျူးလွန်ကာ နယ်မြေ ဒေသတည်ငြိမ်မှုကင်းမဲ့အောင် လုပ်ဆောင်နေသည့် PDF အဖွဲ့အား နှိမ်နင်းရန် မြန်မာ့တပ်မတော်က အထူး စစ်ဆင်ရေးစတင်ကြောင်း” ရေးသားထားပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး၌ ဆရာတော်များ၊ တပ်မတော်သတင်းပေးဟုယူဆခံရသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါ တယ်။

 

#PeopleMedia #အလောင်းမင်းတရားစစ်ဆင်ရေး

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post