• Follow Us on

Home စစ်ကိုင်းတောင်ရိုးရှိ မြစကြာကျောင်းတိုက်မှ သံဃာတော် ၂၀၀ ကျော်၌ COVID ပိုးတွေ့ရှိ

စစ်ကိုင်းတောင်ရိုးရှိ မြစကြာကျောင်းတိုက်မှ သံဃာတော် ၂၀၀ ကျော်၌ COVID ပိုးတွေ့ရှိ

Share this post

စစ်ကိုင်း၊ ဇူလိုင် – ၁၆ (People Media)

 

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ မြစကြာကျောင်းတိုက်မှ ဖျားနာနေသည့် သံဃာတော်များအား စစ်ဆေးခဲ့ရာ သံဃာအပါး (၂၀၀) ကျော်တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း အဆိုပါကျောင်းတိုက်၏ နာယက ဆရာတော်တစ်ပါးက People Media သို့ မိန့်ကြားပါတယ်။

 

“ပိုးတွေ့တာ ဟုတ်တယ်။ ပထမတစ်ရက်ကတော့ ဖျားတဲ့သူ အပါး (၅၀) လောက် စစ်တာမှာ (၃၉) ပါး တွေ့ တယ်။ မနေ့က ထပ်စစ်တော့ သံဃာအားလုံးကို စစ်တာ (၁၆၅)ပါး တွေ့တယ်။ အားလုံးဆို အပါး (၂၀၀) ကျော် ဖြစ်သွားပြီပေါ့” ဟု ဆရာတော်က မိန့်ပါတယ်။

 

COVID-19 ရောဂါပိုး တွေ့ရှိသည့် သံဃာတော်များကို ကျောင်းထဲ၌ပင် သီးသန့်အဆောင်ခွဲထား၍ ပြုစု ကုသပေးနေလျက်ရှိပါတယ်။

 

လက်ရှိ မြစကြာကျောင်းတိုက်တွင် သံဃာတော်အပါး စုစုပေါင်း (၄၀၀) ကျော် သတင်းသုံးလျက်ရှိပါတယ်။

 

#PeopleMedia #စစ်ကိုင်းတိုင်းတောင်ရိုး #မြစကြာကျောင်းတိုက် #COVID19

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post