• Follow Us on

Home စစ်ကိုင်း၊ မကွေးနှင့် ချင်းတို့မှ PDF (၇) ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

စစ်ကိုင်း၊ မကွေးနှင့် ချင်းတို့မှ PDF (၇) ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ PDF/ CDF အဖွဲ့ဝင် (၇) ဦး ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သည်။

 

တမူးမြို့၊ မတူပီမြို့၊ ပခုက္ကူမြို့၊ ရွှေဘိုမြို့နှင့် ပေါက်မြို့တို့ရှိ တပ်နယ်ခန်းမများ၌ ယမန်နေ့နံနက်ပိုင်းတွင် ပြန်လည်ကြိုဆိုလက်ခံခြင်းကို အသီးသီးပြုလုပ်ကြရာ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တာဝန်ရှိသူများက အမှာစကားများ အသီးသီးပြောကြားပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေဆိုင်ရာပုဒ်မများနှင့် အသိပညာပေးစကားများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့၊ ချင်း ပြည်နယ်၊ မတူပီမြို့နယ်တို့မှ PDF/ CDF အဖွဲ့ဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး တို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုး စေကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြခဲ့သည်။

 

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင် ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ သို့ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(Unicode)


……………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post