• Follow Us on

Home စစ္ကိုင္း၌ ျပည္ေတာ္ျပန္မ်ားကို စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ အလုပ္ေပး ရန္ တိုင္းအစိုးရကစီစဥ္

စစ္ကိုင္း၌ ျပည္ေတာ္ျပန္မ်ားကို စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ အလုပ္ေပး ရန္ တိုင္းအစိုးရကစီစဥ္

Share this post

မုံရြာ၊ ေမ – ၂၅

ကိုဗစ္ ၁၉ ကာလအတြင္း ျပည္‌ေတာ္ျပန္အလုပ္လက္မဲ့ျဖစ္ေနသူမ်ားကို စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ အလုပ္ လုပ္ကိုင္ႏိုင္ရန္ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရက စီစဥ္ေနေၾကာင္း တိုင္းအစိုးရအဖြဲ႕ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ့စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးမိုးေက်ာ္သူကေျပာသည္။

ကိုဗစ္ ၁၉ ကာလအတြင္း ျပည္ပမွ စစ္ကိုင္းတိုင္းေဒသႀကီးသို႔ ေနရပ္ျပန္လာသူမွာ ေမ ၂၄ ရက္အထိ ၁၅၉၉၃ ဦးရွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ တိုင္းအစိုးရဘက္က စီစဥ္ထားတာရွိပါတယ္၊ ျပည္ေထာင္စုနဲ႔ ခ်ိတ္ဆက္ၿပီး ေဆာင္ရြက္ဖို႔ရာ အတြက္ ကြၽန္ေတာ္တို႔တိုင္းက စိုက္ပ်ိဳးေရးတိုင္းျဖစ္တယ္၊ စိုက္ပ်ိဳးေရးတိုင္းျဖစ္ေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံကေန ျပင္ပကိုထြက္ခြာအလုပ္သြားလုပ္ၾကတဲ့အလုပ္သမားေတြထဲမွာ စိုက္ပ်ိဳးေရးကြၽမ္းက်င္တဲ့အလုပ္သမားေတြ ပါ လာခဲ့ရင္ စိုက္ပ်ိဳးေျမေတြေဖာ္ထုတ္မယ္၊ စိုက္ပ်ိဳးေရးနည္းစနစ္ေတြ ခ်ေပးမယ္”ဟု ဝန္ႀကီးဦးမိုးေက်ာ္က ေျပာ သည္။

ထို႔အျပင္ ျပည္ပမွ စက္႐ုံ၊ အလုပ္႐ုံလုပ္ကိုင္ၿပီး ေနရပ္ျပန္လာသူအလုပ္သမားမ်ားကို စစ္ကိုင္းတိုင္းေဒသႀကီး အတြင္း အလုပ္အကိုင္အခြင့္အလမ္းဖန္တီးရန္အတြက္ အားနည္းခ်က္ရွိေၾကာင္း သိရသည္။

“စက္႐ုံအလုပ္႐ုံေတြက ကြၽန္ေတာ္တို႔တိုင္းမွာနည္းပါတယ္။ စက္႐ုံ၊ အလုပ္႐ုံေတြမွာ သြားလုပ္ခဲ့တဲ့ အလုပ္ သမားေတြကို အလုပ္အကိုင္အခြင့္အလမ္းဖန္တီးေပးဖို႔ဆိုရင္ ကြၽန္ေတာ္တို႔တိုင္းက အားနည္းခ်က္ရွိႏိုင္ပါ တယ္” ဟု ဦးမိုးေက်ာ္သူကေျပာသည္။

ကိုဗစ္ ၁၉ ကူးစက္ေရာဂါျဖစ္ပြားေနသည့္ကာလတြင္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ စက္႐ုံအလုပ္႐ုံေပါင္း ႏွစ္ေထာင္ေက်ာ္ကို ေခတၱပိတ္သိမ္းထားရာမွ ဧၿပီ ၂၇ ရက္မွ ေမလ ၂၄ ရက္အထိ က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္မ်ားႏွင့္ ကိုက္ညီေသာ စက္႐ုံ ၊ အလုပ္႐ုံ၊ အလုပ္ဌာန စက္႐ုံ၊ အလုပ္႐ုံႏွင့္ အလုပ္ဌာန စုစုေပါင္း ၅၄၄ ခု ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေပးထားခဲ့ေၾကာင္းသိရသည္။

ျပန္လည္ဖြင့္လွစ္ခြင့္ေပးရာတြင္ အေျခခံစားေသာက္ကုန္ထုတ္လုပ္သည့္လုပ္ငန္းမ်ားကို ပထမဦးစားေပးစနစ္ ျဖင့္လည္းေကာင္း၊ လူသုံးကုန္ပစၥည္းထုတ္လုပ္မႈလုပ္ငန္းမ်ားကို ဒုတိယဦးစားေပးစနစ္ျဖင့္လည္းေကာင္း၊ ေရရွည္လုပ္ငန္း၊ အလုပ္အကိုင္အခြင့္လမ္းလုပ္ငန္းမ်ားကို တတိယဦးစားေပးစနစ္ျဖင့္လည္းေကာင္း က်န္းမာ ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္စည္းကမ္းမ်ားႏွင့္ညီသည့္ စက္႐ုံအလုပ္႐ုံမ်ားကို ေသခ်ာစိစစ္ၿပီးမွ ဖြင့္လွစ္ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ စက္႐ုံအလုပ္႐ုံေပါင္း ႏွစ္ေထာင္ေက်ာ္ကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာန၏ ၫႊန္ၾကားခ်က္မ်ားႏွင့္ကိုက္ညီေသာ အခ်က္အလက္မ်ားႏွင့္ ၿမိဳ႕နယ္အလိုက္ အဖြဲ႕စုံမွစစ္ေဆးၿပီး က်န္း မာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္မ်ားႏွင့္ ကိုက္ညီေသာစက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနကိုသာ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေပးေနကာ က်န္ရွိေသာ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ားကိုလည္း စစ္ေဆးေရးအဖြဲ႕ မ်ားက ေန႔စဥ္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း စက္႐ုံ၊ အလုပ္႐ုံေပါင္း ၅၀၀ ေက်ာ္ဖြင့္လွစ္ထားၿပီး သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ား လိုက္နာမႈရွိမရွိ ထပ္မံစစ္ေဆးမည္ျဖစ္ၿပီး စည္းကမ္းခ်က္မ်ားေဖာက္ပ်က္ပါက ဖြင့္လွစ္ခြင့္ျပန္႐ုတ္သိမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

သူရိယထက္(မုံရြာ)

#PeopleMedia

(unicode)
စစ်ကိုင်း၌ ပြည်တော်ပြန်များကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်ပေး ရန် တိုင်းအစိုးရကစီစဉ်
……………………………………………………

မုံရွာ၊ မေ – ၂၅

ကိုဗစ် ၁၉ ကာလအတွင်း ပြည်တော်ပြန်အလုပ်လက်မဲ့ဖြစ်နေသူများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူကပြောသည်။

ကိုဗစ် ၁၉ ကာလအတွင်း ပြည်ပမှ စစ်ကိုင်းတိုင်းဒေသကြီးသို့ နေရပ်ပြန်လာသူမှာ မေ ၂၄ ရက်အထိ ၁၅၉၉၃ ဦးရှိကြောင်း သိရသည်။

“ကျွန်တော်တို့ တိုင်းအစိုးရဘက်က စီစဉ်ထားတာရှိပါတယ်၊ ပြည်ထောင်စုနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ရာ အတွက် ကျွန်တော်တို့တိုင်းက စိုက်ပျိုးရေးတိုင်းဖြစ်တယ်၊ စိုက်ပျိုးရေးတိုင်းဖြစ်တော့ ကျွန်တော်တို့နိုင်ငံကနေ ပြင်ပကိုထွက်ခွာအလုပ်သွားလုပ်ကြတဲ့အလုပ်သမားတွေထဲမှာ စိုက်ပျိုးရေးကျွမ်းကျင်တဲ့အလုပ်သမားတွေ ပါ လာခဲ့ရင် စိုက်ပျိုးမြေတွေဖော်ထုတ်မယ်၊ စိုက်ပျိုးရေးနည်းစနစ်တွေ ချပေးမယ်”ဟု ဝန်ကြီးဦးမိုးကျော်က ပြော သည်။

ထို့အပြင် ပြည်ပမှ စက်ရုံ၊ အလုပ်ရုံလုပ်ကိုင်ပြီး နေရပ်ပြန်လာသူအလုပ်သမားများကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရန်အတွက် အားနည်းချက်ရှိကြောင်း သိရသည်။

“စက်ရုံအလုပ်ရုံတွေက ကျွန်တော်တို့တိုင်းမှာနည်းပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေမှာ သွားလုပ်ခဲ့တဲ့ အလုပ် သမားတွေကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးဖို့ဆိုရင် ကျွန်တော်တို့တိုင်းက အားနည်းချက်ရှိနိုင်ပါ တယ်” ဟု ဦးမိုးကျော်သူကပြောသည်။

ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း နှစ်ထောင်ကျော်ကို ခေတ္တပိတ်သိမ်းထားရာမှ ဧပြီ ၂၇ ရက်မှ မေလ ၂၄ ရက်အထိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ ၊ အလုပ်ရုံ၊ အလုပ်ဌာန စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း ၅၄၄ ခု ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးထားခဲ့ကြောင်းသိရသည်။

ပြန်လည်ဖွင့်လှစ်ခွင့်ပေးရာတွင် အခြေခံစားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများကို ပထမဦးစားပေးစနစ် ဖြင့်လည်းကောင်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကို ဒုတိယဦးစားပေးစနစ်ဖြင့်လည်းကောင်း၊ ရေရှည်လုပ်ငန်း၊ အလုပ်အကိုင်အခွင့်လမ်းလုပ်ငန်းများကို တတိယဦးစားပေးစနစ်ဖြင့်လည်းကောင်း ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းများနှင့်ညီသည့် စက်ရုံအလုပ်ရုံများကို သေချာစိစစ်ပြီးမှ ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း နှစ်ထောင်ကျော်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်ကိုက်ညီသော အချက်အလက်များနှင့် မြို့နယ်အလိုက် အဖွဲ့စုံမှစစ်ဆေးပြီး ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသောစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးနေကာ ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း စစ်ဆေးရေးအဖွဲ့ များက နေ့စဉ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံပေါင်း ၅၀၀ ကျော်ဖွင့်လှစ်ထားပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုရှိမရှိ ထပ်မံစစ်ဆေးမည်ဖြစ်ပြီး စည်းကမ်းချက်များဖောက်ပျက်ပါက ဖွင့်လှစ်ခွင့်ပြန်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

သူရိယထက်(မုံရွာ)

#PeopleMedia


Share this post