• Follow Us on

Home စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအနေဖြင့် ဧည့်သည်များလာရောက်ပါက မြို့နယ်သာသနာ ရေးမှူးရုံးနှင့် အုပ်ချုပ်ရေးမှူးများထံ ဧည့်စာရင်းတိုင်ကြားရမည်ဟုဆို

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအနေဖြင့် ဧည့်သည်များလာရောက်ပါက မြို့နယ်သာသနာ ရေးမှူးရုံးနှင့် အုပ်ချုပ်ရေးမှူးများထံ ဧည့်စာရင်းတိုင်ကြားရမည်ဟုဆို

Share this post

နေပြည်တော်၊ သြဂုတ် ၂၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများအနေဖြင့် ကျောင်းတိုက်အတွင်းသို့ ဧည့်သည်များလာ ရောက်ပါက မြို့နယ်သာသနာရေးမှူးရုံးနှင့် အုပ်ချုပ်ရေးမှူးများထံ ဧည့်စာရင်းတိုင်ကြားရမည်ဟု မြို့နယ်သံဃ နာယကအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် မိမိတို့ကျောင်းတိုက်အတွင်းသို့ အခြားမြို့ရွာ၊ ပြည်နယ်များမှ လာရောက်သီတင်း သုံးနေထိုင်ကြသည့် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ၏အမည်စာရင်းများကို မြို့နယ်သံဃနာယကအဖွဲ့၊ မြို့နယ်သာသနာရေးမှူးရုံး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ သတင်းပို့ ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်ကြောင်း ဖော် ပြပါရှိသည်။

 

ထို့အပြင် ယင်းထုတ်ပြန်ချက်တွင် မှတ်ချက်အနေဖြင့် အခြားတိုင်းနှင့် ပြည်နယ်၊ မြို့နယ်ခြားများမှ လာရောက် သူများသာ သတင်းပို့ တိုင်ကြားပေးရန်ဟု ပါရှိသည်။

 

အလားတူ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တိုင်းနှင့် ပြည်နယ်၊ မြို့နယ်ခြားများမှ လာရောက်တည်းခိုနေ ထိုင်သည့် မည်သူမဆို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ သတင်းပေးပို့တိုင်ကြားရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ကြေညာထားသည်။

 

Photo – Credit

 

#PeopleMedia #စစ်ကိုင်းမြို့ #မြို့နယ်သံဃနာယက #ဧည့်စာရင်း

 

(unicode)


…………………………………………………………….

 


 


 


 


 


 

Photo – Credit

 



Share this post