• Follow Us on

Home စစ်ကိုင်းမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မိသားစုဝင် သုံးဦး လုပ်ကြံသတ်ဖြတ်ခံရ

စစ်ကိုင်းမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မိသားစုဝင် သုံးဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၁ (People Media)

 

ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပြည်တော်သာကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်လှိုင်လှိုင်ဝင်းသည် နေအိမ်မှ အိမ်သာသို့အသွား လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ၎င်း၏ အမျိုး သားဖြစ်သူနှင့် သမီးဖြစ်သူပါ လုပ်ကြံခြင်းခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းက  ပြည်တော်သာကျေးရွာနေ ဒေါ်လှိုင်လှိုင်ဝင်းသည် နေအိမ်မှ အိမ်သာသို့အသွား အိမ်သာတက်နေစဉ် အမည်မသိ လက်နက်ကိုင်လူတစ်စု အိမ်သာရှေ့မှ စောင့်ဆိုင်းပြီး ၎င်းကို လုပ်ကြံခဲ့သည်။

 

ထိုနောက် ဒေါ်လှိုင်လှိုင်ဝင်း၏ အော်သံကြားခြင်းကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သူနှင့် သမီးဖြစ်သူတို့သည် နေ အိမ်မှ အိမ်သာဘက်ကို အထွက်၌ လက်နက်ကိုင်အဖွဲ့က ထပ်မံလုပ်ကြံခဲ့ခြင်းဖြစ်သည်။

 

“သူ့ယောင်္ကျားက အဲ့ဒီရွာရဲ့ အုပ်ချုပ်ရေးမှူးပါ။ သူ့မိန်းမကတော့ အိမ်သာနားမှာ အသတ်ခံရတာ။ အလောင်း ကိုလဲ အဲ့ဒီမှာပဲ တွေ့ရတာပဲ ယောင်္ကျားနဲ့ သူ့သမီးကိုတော့ အိမ်သာနဲ့ မလှမ်းမကမ်းမှာတွေ့ရတာ။ လော လောဆယ်မှာတော့ မန္တလေးဆေးရုံမှာတင်ထားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး၌ မကြာခဏ အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည်  မကြာခဏ လုပ်ကြံသတ်ဖြတ်ခြင်းခံရလျက်ရှိသည်။

 

#PeopleMedia #စစ်ကိုင်း

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post