• Follow Us on

Home စစ်ကိုင်းမြို့၊ ရွာထောင်လမ်းဆုံ၌ Canter (၆) ဘီးယာဉ်နှင့် TOYOTA Vitz ယာဉ်တို့ တိုက်မိရာ (၁) ဦး သေဆုံး ပြီး (၃) ဦး ဒဏ်ရာရရှိ

စစ်ကိုင်းမြို့၊ ရွာထောင်လမ်းဆုံ၌ Canter (၆) ဘီးယာဉ်နှင့် TOYOTA Vitz ယာဉ်တို့ တိုက်မိရာ (၁) ဦး သေဆုံး ပြီး (၃) ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်၊ ရွာထောင်လမ်းဆုံတွင် ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်က Canter အမျိုးအစား (၆) ဘီးယာဉ်နှင့် TOYOTA Vitz အမျိုးအစားယာဉ်တို့ တိုက်မိရာ (၁) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

Canter အမျိုးအစား (၆) ဘီးယာဉ်နှင့် TOYOTA Vitz အမျိုးအစား ယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ရာမှ (၆) ဘီး ယာဉ်အောက်တွင် မ (၁) ဦး ပိမိနေကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ် ရေးယာဉ် (၁) စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ကယ်ဆယ်ရေးလုပ် ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်စဉ် ယာဉ်တိုက်မှုကြောင့် ကျား(၁)ဦး (သေဆုံး)၊ မ(၁)ဦး (စိုးရိမ်ရ)၊ ကလေး(ကျား)(၁)ဦးနှင့် ကလေး(မ)(၁)ဦး(မစိုးရိမ်ရ)တို့အား သုခကာရီလူမှုကူညီရေးအသင်းနှင့် SERT လူမှုကူညီရေးအသင်းတို့မှ လူ နာတင်ယာဉ်များဖြင့် စစ်ကိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ယာဉ်တိုက်မှု

 

(unicode)


………………………………………………………………

 


 


 


 


 



Share this post