• Follow Us on
Latest News

Home စစ်ကိုင်းမြို့၊ သကျဓီတာသီလရှင်စာသင်တိုက်ရှိ သီလရှင် ၄၆ ပါးတွင် ကိုဗစ်ပိုးတွေ့ရှိ

စစ်ကိုင်းမြို့၊ သကျဓီတာသီလရှင်စာသင်တိုက်ရှိ သီလရှင် ၄၆ ပါးတွင် ကိုဗစ်ပိုးတွေ့ရှိ

Share this post

နေပြည်တော်၊ ဇူလိုင် – ၂၂ (People Media)

 

စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်၊ သကျဓီတာသီလရှင်စာသင်တိုက်ရှိ သီလရှင် အပါး ၂၈၃ ပါး ကိုဗစ်စစ်ဆေးရာတွင် ၄၆ ပါးမှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သကျဓီတာသီလရှင်စာသင်တိုက်မှ အမည်မဖော်လိုသော သီလရှင်တစ်ပါးမှ မိန့်ပါတယ်။

 

“ကိုဗစ်ဖြစ်တဲ့အထဲမှာ ဆရာလေးတွေပဲ၊ ဘာမှပြဿနာမရှိဘူး၊ အကုန်လုံးနေကောင်းကြပါတယ်” လို့ အမည်မဖော်လိုသူ ဆရာတော်လေးကမိန့်ပါတယ်။

 

စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်၊ သကျဓီတာသီလရှင်စာသင်တိုက်တွင် အထက်ပါကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ကျောင်း ဧရိယာပရိဝဏ်အား Lockdown သတ်မှတ်ထားပြီး ရောဂါပိုးတွေ့ရှိထားတဲ့ သီလရှင်များကို သီခြားခွဲကာ စောင့်ရှောက်မှုများပေးနေကြောင်းလည်းမိန့်ပါတယ်။

 

#PeopleMedia #သီလရှင်

 

(unicode)


………………………………………………

 


 


 


 


 



Share this post