• Follow Us on

Home စစ်ကိုင်းမြို့၌ အသက် (၆၅) နှစ်အရွယ်ရှိ ရာအိမ်မှူးတစ်ဦးသည် ဆွမ်းလောင်းရန်စောင့်နေစဉ် သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံး

စစ်ကိုင်းမြို့၌ အသက် (၆၅) နှစ်အရွယ်ရှိ ရာအိမ်မှူးတစ်ဦးသည် ဆွမ်းလောင်းရန်စောင့်နေစဉ် သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံး

Share this post

Open photo

စစ်ကိုင်း၊ ဇန်နဝါရီ ၂၁ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်တိုးချဲ့ရပ်ကွက်၊ ရာအိမ်မှူး ဦးခင်မောင်ဇော်(အသက် ၆၅ နှစ်) သည် ယနေ့နံနက်ပိုင်း၌ ဆွမ်းလောင်ရန်စောင့်ဆိုင်းနေစဉ် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၎င်းကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

ဖြစ်စဉ်မှာ ယနေ့နက် ၆ နာရီခန့်က နေအိမ်ရှေ့၌ ဇေယျာကွက်သစ်တိုးချဲ့ရပ်ကွက်၊ ရာအိမ်မှူး ဦးခင်မောင်ဇော် (အသက် ၆၅ နှစ်)သည် ယနေ့နံနက်ပိုင်း၌ ဆွမ်းလောင်ရန်စောင့်ဆိုင်းနေစဉ် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

 

“ဆွမ်းလောင်းဖို့စောင့်နေတာ။ ဒီလိုဖြစ်တော့ ဆွမ်းတောင်မလောင်းရဲကြတော့ဘူး။ ကိုယ့်အသတ်တောင် သူတို့ပေးထားနေရသလိုပဲ။ ဘာမှလုံခြုံမှုမရှိဘူး” လို့ စစ်ကိုင်းမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

 

သေနတ်ဖြင့် လုပ်ကြံခံရသည် ဦးခင်မောင်ဇော်သည် အသက် (၆၅) နှစ်ရှိပြီး သေနတ်ဒဏ်ရာကြောင့် ဆေးရုံ၌ ဆေးကုသနေစဉ်ကွယ်လွန်ခဲ့သည်။

 

Photo – Credit (ပုံဟောင်းအသုံးပြုထားသည်)

 

#PeopleMedia #စစ်ကိုင်းမြို့

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 



Share this post