• Follow Us on

Home စစ်ကိုင်းမြို့ အုပ်ချုပ်ရေးမှူးနေအိမ်၌ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးအပါအဝင် စုစုပေါင်း ၄ ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး ဆယ်အိမ်မှူးဖြစ်သူ ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းမြို့ အုပ်ချုပ်ရေးမှူးနေအိမ်၌ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးအပါအဝင် စုစုပေါင်း ၄ ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး ဆယ်အိမ်မှူးဖြစ်သူ ပြင်းထန်ဒဏ်ရာရ

Share this post

စစ်ကိုင်း၊ အောက်တိုဘာ ၂၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ကျားမင်းကြီးကျေးရွာ၌ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် နေအိမ်သို့ ရောက်ရှိနေသည့် ဆယ်အိမ်မှူး အပါအဝင် လူ ၄ ဦးသည် သေနတ်ဖြင့် လုပ်ကြံခြင်းခံခဲ့ရပြီး ဆယ်အိမ်မှူး ဖြစ်သူသည် ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက် ညခင်းအချိန်၌ အမည်မသိလူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ကျားမင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်ရှေ့သို့ ရောက်ကာ လမ်းပေါ်၌ သေနတ် ၇ ချက်ဖြင့် ပစ်ခတ်ခဲ့သွားကြောင်း သိရပါတယ်။

 

“အုပ်ချုပ်ရေးမှူးအိမ်မှာ စကားပြောနေတာ။ အဲ့ဒီအချိန်မှာ ဆိုင်ကယ်တစ်စီးပေါ်မှာ လူနှစ်ယောက်က သူတို့က မျက်နှာဖုံးစွတ်ထားတော့ ဘယ်သူတွေဆိုတာမသိဘူး။ စုစုပေါင်း ၄ ဦး အပစ်ခံရတယ်” လို့ ဒေသခံတစ်ဦးမှ ပြောပါတယ်။

 

အဆိုပါလုပ်ကြံခံရသူများမှာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် လက်မောင်းတစ်ချက်၊ ဆယ်အိမ်မှူး ဦးသန်းဝင်းမှာ ရင်ဝတစ်ချက်၊ ဦးမြင့်မှာ လက်မောင်းတစ်ချက်နှင့် အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်ဆွေဝင်းမှာ လက်မောင်း တစ်ချက်ရရှိခဲ့ပြီး ထို ၄ ဦးထဲတွင် ဆယ်အိမ်မှူးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရပါတယ်။

 

အလားတူ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စိုက်ပျိုးရေးတိုင်းရုံး ခြံစည်းရိုး၌ မိုင်းပေါက်ရာ ကလေးနှစ်ဦးပွဲချင်းပြီးသေဆုံးပြီး တစ်နှစ်အရွယ်ကလေးမှာ ပြင်းထန်ဒဏ်ရာများ လည်းရှိခဲ့ပါတယ်။

 

Photo – credit

 

#PeopleMedia #စစ်ကိုင်းမြို့

 

(unicode)


…………………………………………………………

 


 


 


 


 


 


 

Photo – credit

 



Share this post