• Follow Us on

Home စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၌ KIA/PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပေါ်နေ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၌ KIA/PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပေါ်နေ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၁၃ (People Media)

 

ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာအနီး၌ KIA/PDF ပူးပေါင်း အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲများဖြစ်ပေါ်နေသည်။

 

ဖြစ်စဉ်မှာ မရသိမ်ကျေးရွာအနီးရှိ KIA/PDF ပူးပေါင်းအဖွဲ့၏ စခန်းနေရာအနီးတစ်ဝိုက်နေရာအချို့ကို လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်နေသလို မြေပြင်စစ်ကြောင်းများကလည်း ထိုးစစ်ဆင် တိုက်ခိုက် လျှက်ရှိသည်။

 

“တည်ငြိမ်မှုမရှိတဲ့ နိုင်ငံရေးအခြေအနေအရ KIA အဖွဲ့က စစ်ကိုင်းတိုင်းမှာ သူတို့ ယခင်က မရရှိခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး သြဇာရရှိဖို့ ကြိုးစားနေတာ။ အဲ့ဒီလိုဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ တွေ့ပွဲတွေ ဆက်လက်ပြင်းထန်နေတာ။” လို့ ထီးချိုင့်မြို့ဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ ဇန်နဝါရီ ပထမပတ်အတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အစပ်ဒေသများ၌ KIA/PDF ပူးပေါင်းအဖွဲ့များနှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိသလို စစ်ဒဏ် ကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံများသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။

 

#PeopleMedia #စစ်ကိုင်းတိုင်း

 

(unicode)


…………………………………………………..

 


 


 


 


 


 



Share this post