• Follow Us on

Home စစ်ကိုင်းမြို့၊ KBZ ဘဏ်(၁) ကို လက်လုပ်မိုင်း နှစ်လုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် မိုးကြိုးပျောက်ကြား တပ်ဖွဲ့ခေါင်းဆောင်၊ အောင်သပြေလက်သံပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် အပါအဝင် ၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းမြို့၊ KBZ ဘဏ်(၁) ကို လက်လုပ်မိုင်း နှစ်လုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် မိုးကြိုးပျောက်ကြား တပ်ဖွဲ့ခေါင်းဆောင်၊ အောင်သပြေလက်သံပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် အပါအဝင် ၃ ဦး ဖမ်းဆီးခံရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၆ (People Media)

 

ဇန်နဝါရီ ၂၂ ရက်နေ့၊ ညနေ(၆း၃၀)အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ KBZ ဘဏ်(၁) ကို လက်လုပ်မိုင်းနှစ်လုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် မိုးကြိုးပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်၊ အောင်သပြေလက်သံပျောက်ကြား တပ်ဖွဲ့ခေါင်းဆောင် အပါအဝင် ၃ ဦးတို့သည် ဖမ်းဆီးခံရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက်နေ့က စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ KBZ ဘဏ်(၁) ကို လက်လုပ်မိုင်း နှစ်လုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်အပေါ် သက်ဆိုင်ရာက CCTV မှတ်တမ်းကို စစ်ဆေးရာတွင် ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသားလေးဦး လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆိုင်ကယ်နှစ်စီး၏ လမ်း ကြောင်းများနှင့် အဝင်/အထွက်များကို စစ်ဆေးရာ၌ ပါဝင်သူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးခံရသူ ၃ ဦးသည် အောင်သပြေလက်သံပျောက်ကြားတပ်ဖွဲ့ ခေါင်းဆောင် တံခွန်သိန်း၊ မိုးကြိုး ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုးကြိုး(ခ)ကျော်ဇောအောင်အပါအဝင် စည်သူစိုးတို့ ဖြစ်ကြောင်း သိရသည်။

 

၎င်းတို့ နေထိုင်ရာနေရာ၌ လက်လုပ်အသံမိုင်း ၁ လုံး၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် မီးရှို့ဒီတို နေတာ ၇ ခု၊ ၂ ပေခန့်အရှည် ယမ်းကြိုးအနီတစ်ချောင်း၊ အဝါတစ်ချောင်း၊ ကော်ဗူးအဖြူဖြင့်ထည့်ထားသည့် ယမ်းစိမ်း ၁၀ ကျပ်သားခန့်၊ ဖန်ပုလင်းအရှည်ဖြင့်ထည့်ထားသည့် အမိုးနီးယားနိုက်ထရိတ် ၂၅ ကျပ်သား ခန့်တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာက အတည်ပြုပြောဆိုသည်။

 

#PeopleMedia #စစ်ကိုင်းမြို့PDF

 

(unicode)


……………………………………………………..

 


 


 


 


 


 



Share this post