• Follow Us on

Home စစ်ကိုင်းမြို့၌ အမှိုက်ပုံဘေးတွင် စွန့်ပစ်ခံခဲ့ရသော မွေးကင်းစ ကလေးငယ်တစ်ဦး(မ)သည် အအေးဒဏ်ကြောင့် သေဆုံး

စစ်ကိုင်းမြို့၌ အမှိုက်ပုံဘေးတွင် စွန့်ပစ်ခံခဲ့ရသော မွေးကင်းစ ကလေးငယ်တစ်ဦး(မ)သည် အအေးဒဏ်ကြောင့် သေဆုံး

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၆ (People Media)

 

ဇန်နဝါရီ ၂၅ ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွှေသမား ဘ-က ဘုန်းကြီးကျောင်းအနီးရှိ အမှိုက်ပုံးဘေးတွင် စွန့်ပစ်ခံခဲ့ရသော မွေးကင်းစကလေးငယ်တစ်ဦး(မ)သည် အအေးဒဏ်ကြောင့် သေဆုံးသွား ခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့ ညပိုင်းက စစ်ကိုင်းမြို့၊ သမတက္ကသိုလ်အနီး၊ ရွှေသမား ဘ-က ဘုန်းကြီး ကျောင်းအနီးရှိ အမှိုက်ပုံးနားတွင် ချက်ကြိုးဖြတ်ထားပြီး မွေးကင်းစကလေးတစ်ဦး(မ)သည် အအေးဒဏ် ကြောင့် သေဆုံးသွားကြောင်း လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူအချို့က ပြောသည်။

 

“ကလေးက မွေးကင်းစလေးပဲရှိသေးတယ်။ အမှိုက်ပုံနားမှား လာပစ်သွားတာ။ ပထမက ကလေးအော်သံကြား ရသေးတယ်။ ညကအေးလည်းအေးတယ်။ အသံက အမှိုက်ပုံးနားကဆိုတော့ သွားကြည့်တော့ ကလေးက သေနေပြီ။ ကလေးက မိန်းကလေး” လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

သေဆုံးသွားသည့် မွေးကင်းစကလေးငယ်ကို လူမှုကူညီမှုအသင်းများနှင့် တာဝန်ရှိသူများ မြုပ်နှံသဂြိုလ် ပေးခဲ့သည်။

 

Photo- လူမှုကူညီရေး

 

#PeopleMedia #စစ်ကိုင်းမြို့

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post