• Follow Us on

Home စစ်တပ်ထောက်ခံမှုမရှိ၍ ဘိုလီဗီးယားသမ္မတ ရာထူးက နုတ်ထွက်


Share this post




Ref; Reuters

#PeopleMedia

[Unicode]
စစ်တပ်ထောက်ခံမှုမရှိ၍ ဘိုလီဗီးယားသမ္မတ ရာထူးက နုတ်ထွက်
—————-

ဘိုလီဗီးယားသမ္မတ အီဗို မိုရာလက်စ်ဟာ ရာထူးကနှုတ်ထွက်ကြောင်း ကြေညာ လိုက်ပြီဖြစ်ပါတယ်။
သမ္မတရာထူးကို ၁၄ နှစ်ကြာ ဆုပ်ကိုင်ခဲ့တဲ့ မိုရာလက်စ်ဟာ စစ်တပ်ရဲ့ ထောက်ခံမှုမရရှိတဲ့ အတွက် အခုလို လိုနှုတ်ထွက်ကြောင်းကြေညာခဲ့တာလည်းဖြစ်ပါတယ်။

မိုရာလက်စ်ဟာ ပြီးခဲ့တဲ့လက ပြန်လည်ကျင်းပခဲ့တဲ့ အငြင်းပွားဖွယ်ရာရွေးကောက်ပွဲကြေ ာင့် နိုင်ငံတစ်ဝှမ်းကို ၄င်းကို ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နေအိမ်လည်း မီးရှို့ခံခဲ့ရပါတယ်။

ရုပ်သံကတစ်ဆင့်မိန့်ခွန်းပြောကြားခဲ့ရာမှာ ၄င်းအနေနဲ့ မိသားစုတွေနဲ့ နိုင်ငံရေးနယ်ပယ်က မိတ်ဆွေတွေကို အကာအကွယ်ပေးလိုတဲ့အတွက် အခုလို နှုတ်ထွက်ခဲ့ တာဖြစ်ကြောင်းပြောကြားခဲ့ပြီး ဆန္ဒပြသူတွေကို မီးရှို့ဖျက်ဆီးမှုတွေနဲ့ တိုက်ခိုက်မှုတွေကို မလုပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

ဘိုလီဗီးယားစစ်တပ်ကလည်း နိုင်ငံတည်ငြိမ်အေးချမ်းဖို့အတွက် ၄င်းအနေနဲ့ နှုတ်ထွက်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref; Reuters

#PeopleMedia


Share this post