• Follow Us on

Home စစ္တေကာင္းေတာင္တန္းေရးရာဝန္ႀကီး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ

စစ္တေကာင္းေတာင္တန္းေရးရာဝန္ႀကီး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ

Share this post

ဒါကာ၊ ဇြန္ ၈

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း အတည္ျပဳခံထားရတဲ့ စစ္တေကာင္းေတာင္တန္းေရးရာ၀န္ႀကီး ဘီဗဟားဒူး ဦးေ႐ႊသိန္းကို ပိုထိေရာက္တဲ့ေဆးဝါးကုသမႈေတြေပးႏိုင္ဖို႔ ဒါကာၿမိဳ႕ဆီပို႔ေဆာင္ေပးခဲ့ပါတယ္။

သူဟာ ဘဂၤလားေဒ့႐ွ္အစိုးရအဖြဲ႕ထဲမွာ ပထမဆံုး COVID-19 ကူးစက္ခံရေၾကာင္း အတည္ျပဳခံရသူပါ။

ဘဂၤလားေဒ့႐ွ္စစ္တပ္ရဲ႕ျပည္တြင္းလူထုဆက္ဆံေရးဌာနက တနဂၤေႏြေန႔မွာသတင္းထုတ္ျပန္ခ်က္အရ ဘဂၤလားေဒ့႐ွ္ေလတပ္အထူးေလယာဥ္နဲ႔ ပို႔ေဆာင္ေပးခဲ့တယ္လို႔သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက သူ႔မွာအသက္႐ွဴလမ္းေၾကာင္းျပႆနာ႐ွိေနတယ္လို႔ ဘန္ဒါဘန္အရပ္ဘက္ခြဲစိတ္ဆရာ၀န္ ေဒါက္တာေအာင္ေဆြျဖဴမာမကေျပာပါတယ္။

အသက္ ၆၀ ႐ွိေနတဲ့သူ႔မွာ ဆီးခ်ိဳေရာဂါလည္း႐ွိေနပါတယ္။ ၂၀၁၉ ခုႏွစ္၊ ဘဂၤလားေဒ့႐ွ္ေ႐ြးေကာက္ပြဲမွာ အဝါမီ လိဂ္ပါတီအႏိုင္ရခဲ့ၿပီးေနာက္ ၀န္ႀကီးခ်ဳပ္႐ွိတ္ဟာဆီနာက သူ႔ကို အစိုးရ၀န္ႀကီးအျဖစ္ခန္႔အပ္ခဲ့တာပါ။

သူဟာ ၁၉၉၁ ခုႏွစ္မွာ အမတ္အျဖစ္ ပထမဆံုးေ႐ြးေကာက္ခံခဲ့ရၿပီး ၁၉၉၇ ခုႏွစ္မွာလက္မွတ္ေရးထိုးခဲ့တဲ့ စစ္ တေကာင္းေတာင္တန္းေဒသၿငိမ္းခ်မ္းေရးစာခ်ဳပ္ဆိုင္ရာေဆြးေႏြးမႈေကာ္မတီမွာလည္း အဖြဲ႕၀င္ျဖစ္ခဲ့ပါတယ္။

Ref : COVID-19: Minister Bir Bahadur Ushwe Sing flown to Dhaka

#PeopleMedia

(unicode)
စစ်တကောင်းတောင်တန်းရေးရာဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
………………………………………………………

ဒါကာ၊ ဇွန် ၈

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခံထားရတဲ့ စစ်တကောင်းတောင်တန်းရေးရာဝန်ကြီး ဘီဗဟားဒူး ဦးရွှေသိန်းကို ပိုထိရောက်တဲ့ဆေးဝါးကုသမှုတွေပေးနိုင်ဖို့ ဒါကာမြို့ဆီပို့ဆောင်ပေးခဲ့ပါတယ်။

သူဟာ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ထဲမှာ ပထမဆုံး COVID-19 ကူးစက်ခံရကြောင်း အတည်ပြုခံရသူပါ။

ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ပြည်တွင်းလူထုဆက်ဆံရေးဌာနက တနင်္ဂနွေနေ့မှာသတင်းထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်လေတပ်အထူးလေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သူ့မှာအသက်ရှူလမ်းကြောင်းပြဿနာရှိနေတယ်လို့ ဘန်ဒါဘန်အရပ်ဘက်ခွဲစိတ်ဆရာဝန် ဒေါက်တာအောင်ဆွေဖြူမာမကပြောပါတယ်။

အသက် ၆၀ ရှိနေတဲ့သူ့မှာ ဆီးချိုရောဂါလည်းရှိနေပါတယ်။ ၂၀၁၉ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ အဝါမီ လိဂ်ပါတီအနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက သူ့ကို အစိုးရဝန်ကြီးအဖြစ်ခန့်အပ်ခဲ့တာပါ။

သူဟာ ၁၉၉၁ ခုနှစ်မှာ အမတ်အဖြစ် ပထမဆုံးရွေးကောက်ခံခဲ့ရပြီး ၁၉၉၇ ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့တဲ့ စစ် တကောင်းတောင်တန်းဒေသငြိမ်းချမ်းရေးစာချုပ်ဆိုင်ရာဆွေးနွေးမှုကော်မတီမှာလည်း အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။

Ref : COVID-19: Minister Bir Bahadur Ushwe Sing flown to Dhaka

#PeopleMedia


Share this post