• Follow Us on

Home စစ္ပစ္ကြင္းဧရိယာအတြင္းရွိ ဗုံးသီးကို ဓားျဖင့္ခုတ္ရာ ေပါက္ကြဲမႈျဖစ္ေပၚၿပီး ထိခိုက္ဒဏ္ရာရရွိ၍ မေကြးေဆး ႐ုံႀကီး၌ ေဆးကုသမႈခံယူေနရ

စစ္ပစ္ကြင္းဧရိယာအတြင္းရွိ ဗုံးသီးကို ဓားျဖင့္ခုတ္ရာ ေပါက္ကြဲမႈျဖစ္ေပၚၿပီး ထိခိုက္ဒဏ္ရာရရွိ၍ မေကြးေဆး ႐ုံႀကီး၌ ေဆးကုသမႈခံယူေနရ

Share this post

မေကြးတိုင္းေဒသႀကီး၊ အထက္မင္းလွၿမိဳ႕မွ သေျပေတာေက်းရြာအုပ္စု သေျပေတာေက်းရြာေနထိုင္သူတစ္ဦး
သည္ ဗုံးသီးကို ဓားျဖင့္ခုတ္သျဖင့္ ဗုံးသီးေပါက္ကြဲကာ ထိခိုက္ဒဏ္ရာမ်ားရရွိၿပီး မေကြးတိုင္းေဆး႐ုံႀကီးတြင္
ေဆးကုသမႈခံယူလွ်က္ရွိသည္။

ကပစ(၁၃)တပ္သို႔ သြားေရာက္သည့္လမ္းႏွင့္ သေျပေတာေက်းရြာသို႔ သြားေရာက္သည့္ လမ္းဆုံ၏အေရွ႕ဘက္ (၁)မိုင္ခန္႔အကြာရွိ ကပစ(၂)မလြန္ စစ္ပစ္ကြင္းဧရိယာအတြင္း ႏြားေက်ာင္းေနရာက ဗုံးသီးတစ္လုံးေတြ႕ရွိရ သျဖင့္ အသင့္ပါရွိလာေသာ ဓားျဖင့္ခုတ္ရာက ဗုံးသီးေပါက္ကြဲၿပီး ထိခိုက္ဒဏ္ရာမ်ား စိုးရိမ္ရအေျခအေနအထိ ရရွိခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ ၁၀ ရက္၊ နံနက္ ၁၁ နာရီအခ်ိန္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့သူမွာ ေဇာ္လတ္(၄၀)ႏွစ္ျဖစ္ေၾကာင္း၊ ၎တြင္ ဝဲဘက္ရင္အုံေပါက္ၿပဲ၍ ဝဲလက္ေကာက္ျပတ္လုနီးပါးဒဏ္ရာႏွင့္ ယာေျခညႇိဳး၊ ေျခခလယ္ျပတ္ရွျခင္း၊ ေျခေထာက္ႏွစ္ဖက္လုံးတြင္ ေပါက္ၿပဲဒဏ္ရာမ်ားရွိခဲ့ျခင္းျဖစ္သည္။

အဆိုပါစစ္ပစ္ကြင္းဧရိယာကို နယ္ေျမရွင္းလင္းေရးဧရိယာအျဖစ္ သတ္မွတ္ထားၿပီး၊ ၄င္းေနရာကုိ ေဖေဖာ္ဝါ ရီလ ၆ ရက္မွ ၁၅ ရက္အထိ နယ္ေျမခံတပ္ရင္းမွ နယ္ေျမရွင္းလင္းေရးဧရိယာအျဖစ္ သတ္မွတ္ထားၿပီးျဖစ္ သည္။

သက္ေနာင္

#PeopleMedia

(unicode)
စစ်ပစ်ကွင်းဧရိယာအတွင်းရှိ ဗုံးသီးကို ဓားဖြင့်ခုတ်ရာ ပေါက်ကွဲမှုဖြစ်ပေါ်ပြီး ထိခိုက်ဒဏ်ရာရရှိ၍ မကွေးဆေး ရုံကြီး၌ ဆေးကုသမှုခံယူနေရ
……………………………………………………..

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့မှ သပြေတောကျေးရွာအုပ်စု သပြေတောကျေးရွာနေထိုင်သူတစ်ဦး
သည် ဗုံးသီးကို ဓားဖြင့်ခုတ်သဖြင့် ဗုံးသီးပေါက်ကွဲကာ ထိခိုက်ဒဏ်ရာများရရှိပြီး မကွေးတိုင်းဆေးရုံကြီးတွင်
ဆေးကုသမှုခံယူလျှက်ရှိသည်။

ကပစ(၁၃)တပ်သို့ သွားရောက်သည့်လမ်းနှင့် သပြေတောကျေးရွာသို့ သွားရောက်သည့် လမ်းဆုံ၏အရှေ့ဘက် (၁)မိုင်ခန့်အကွာရှိ ကပစ(၂)မလွန် စစ်ပစ်ကွင်းဧရိယာအတွင်း နွားကျောင်းနေရာက ဗုံးသီးတစ်လုံးတွေ့ရှိရ သဖြင့် အသင့်ပါရှိလာသော ဓားဖြင့်ခုတ်ရာက ဗုံးသီးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာများ စိုးရိမ်ရအခြေအနေအထိ ရရှိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်၊ နံနက် ၁၁ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ ဇော်လတ်(၄၀)နှစ်ဖြစ်ကြောင်း၊ ၎င်းတွင် ဝဲဘက်ရင်အုံပေါက်ပြဲ၍ ဝဲလက်ကောက်ပြတ်လုနီးပါးဒဏ်ရာနှင့် ယာခြေညှိုး၊ ခြေခလယ်ပြတ်ရှခြင်း၊ ခြေထောက်နှစ်ဖက်လုံးတွင် ပေါက်ပြဲဒဏ်ရာများရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ပစ်ကွင်းဧရိယာကို နယ်မြေရှင်းလင်းရေးဧရိယာအဖြစ် သတ်မှတ်ထားပြီး၊ ၄င်းနေရာကို ဖေဖော်ဝါ ရီလ ၆ ရက်မှ ၁၅ ရက်အထိ နယ်မြေခံတပ်ရင်းမှ နယ်မြေရှင်းလင်းရေးဧရိယာအဖြစ် သတ်မှတ်ထားပြီးဖြစ် သည်။

သက်နောင်

#PeopleMedia


Share this post