• Follow Us on

Home စစ်ပွဲအတွင်း ပြုန်းတီးအင်အားကို အစားထိုးဖို့အတွက် ယူကရိန်းစစ်မြေပြင်ကို ရုရှားစစ်သည်များ ထပ်မံစေ လွှတ်နိုင်ကြောင်း ပင်တဂွန် အရာရှိများပြော

စစ်ပွဲအတွင်း ပြုန်းတီးအင်အားကို အစားထိုးဖို့အတွက် ယူကရိန်းစစ်မြေပြင်ကို ရုရှားစစ်သည်များ ထပ်မံစေ လွှတ်နိုင်ကြောင်း ပင်တဂွန် အရာရှိများပြော

Share this post

Open photo

Open photo

နိုင်ငံတကာ၊ မတ် ၁၇

 

ယူကရိန်းစစ်ပွဲ တတိယပတ်ကို ရောက်လာတဲ့အချိန်မှာ စစ်ပွဲအတွင်းပြုန်းတီးအင်အားကို အစားထိုးဖို့အတွက် ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ရုရှားစစ်သားတွေကို ထပ်မံစေလွှတ်နိုင်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အ ရာရှိတွေက ပြောကြားလိုက်ပါတယ်။

 

သတင်းတွေမှာဖော်ပြထားတဲ့ ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သည်တွေရဲ့အကျအဆုံးစာရင်းက ကြီးကြီးမားမား ကွာဟနေပါတယ်။

 

ရုရှားအစိုးရက အကျအဆုံးစာရင်းကို အင်အားလျှော့ပြီးဖော်ပြနေပေမဲ့လည်း စစ်ပြေပြင်က တကယ့်အသေ အပျောက်စာရင်းဟာ ရုရှားအရာရှိတွေပြောဆိုနေတဲ့အရေအတွက်ထက် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။

 

“ရုရှားတွေဟာ စစ်ပွဲအတွင်းပြုန်းတီးအင်အားပြန်လည်ဖြည့်တင်းဖို့အတွက် စဉ်းစားချင့်ချိန်နေကြပြီး ဆွေးနွေး နေတယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းမှာရှိနေပြီးဖြစ်တဲ့ တပ်တွေကို ယူကရိန်း ပြင်ပကိုရွှေ့ပြောင်းမယ့် အရိပ်လက္ခဏာတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ သူတို့နေ့တိုင်း ဆုံးရှုံးမှုဒဏ်ကို ခံစားနေ ကြရတယ်။ စစ်သည်တွေကျဆုံးနေတယ်။ စစ်လက်နက်ပစ္စည်းတွေနဲဲ့ လေယာဉ်တွေ ပျက်စီးဆုံးရှုံးနေတယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ်က ထိပ်တန်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက စတင်ဖြစ်ပွားလာတဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်သည် ၁၃၅၀၀ ကျော် ကျဆုံးသွားပြီဖြစ်ပြီး ယူကရိန်းစစ်တပ်က ရုရှားစစ်သည်တင်သံချပ်ကာယာဉ် ၁၂၀၀ ကျော်၊ တခြားယာဉ် ၆၄၀ နဲ့ တင့်ကား ၄၀၄ စီးကို ဖျက်ဆီးလိုက်နိုင်တယ်လို့ မတ်လ ၁၅ ရက်က ယူကရိန်းစစ်တပ်က ပြောပါတယ်။

 

ဒါပေမဲ့ အမေရိကန်တပ်မတော်ထောက်လှမ်းရေးအဖွဲ့ရဲ့ဒါရိုက်တာဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးစကော့ဘာရီယာ က လွန်ခဲ့တဲ့သီတင်းပတ်က ခန့်မှန်း တွက်ချက်ရာမှာ အခုပြောတဲ့ ပမာဏထက် အလွန်လျော့နည်းစွာ ခန့်မှန်း တွက်ချက်ထားတာကို တွေ့ရပါတယ်။

 

“အတိအကျမဟုတ်ဘဲ ခန့်မှန်းပြောရရင်တော့ ကျဆုံးအင်အား ၂,၀၀၀ နဲ့ ၄,၀၀၀ ကြားလောက်မှာရှိပါတယ်။ ဒီ အရေအတွက်က ထောက်လှမ်းရေးသတင်းရင်းမြစ်တချို့ဆီက လာတဲ့အရေအတွက်ပါ။ ဒါပေမဲ့ ပွင့်လင်းလွတ် လပ်တဲ့သတင်းရင်းမြစ်တွေပါ။” လို့ ဒုတိယဗိုလ်ချုပ်ကြီးစကော့ဘာရီယာက အောက်လွှတ်တော်ထောက်လှမ်း ရေးကော်မတီကို ပြောပါတယ်။

 

ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံပြင်ပမှာ တပ်စွဲထားတဲ့ ရုရှားစစ်အင်အားရဲ့ ၈၂ ရာခိုင်နှုန်းကို ယူကရိန်းနိုင်ငံထဲမှာ တပ်ဖြန့ချထားတယ်လို့ အမေရိကန်အရာရှိတွေက ခန့်မှန်းတွက်ချက်ထားကြပါတယ်။

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့ဝင်တွေ ၄၉၈ ဦး ကျဆုံးခဲ့ပြီး ၁,၅၉၇ ဦး ဒဏ် ရာရရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးကပြောတဲ့ အကျအဆုံးစာရင်းတွေကို အတည်ပြုဖို့ ခက်ခဲပါတယ်။

 

ဒါပေမဲ့ ရုရှား နိုင်ငံက ပြုန်းတီးအင်အားကို ပြန်လည်ဖြည့်တင်းဖို့ ရုရှားစစ်သည်တွေ ထပ်မံစေလွှတ်နိုင်တယ်ဆို တဲ့စကားသာ မှန်တယ်ဆိုရင်တော့ အမေရိကန်နဲ့ ယူကရိန်းဘက်က ခန့်မှန်းထားတဲ့အကျအဆုံးစာရင်းက မှန်ကန်နိုင်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

 

Ref: Pentagon Says Russia May Send ‘Replacement Troops’ to Ukraine

 

(unicode)


……………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: Pentagon Says Russia May Send ‘Replacement Troops’ to Ukraine


Share this post