• Follow Us on

Home စစ်ဘက်ဆိုင်ရာဆက်သွယ်ရေးဂြိုဟ်တုတစ်စင်း ပြင်သစ်လွှတ်တင်ခဲ့

စစ်ဘက်ဆိုင်ရာဆက်သွယ်ရေးဂြိုဟ်တုတစ်စင်း ပြင်သစ်လွှတ်တင်ခဲ့

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅ (People Media)

 

ကမ္ဘာတစ်ဝန်းရှိ ပြင်သစ်တပ်ဖွဲ့ဝင်များ လျင်မြန်လုံခြုံစွာ ဆက်သွယ်မှုယူနိုင်ရန် ရည်ရွယ်၍ ပုံစံရေးဆွဲထုတ်လုပ် ထားသော စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်စင်းကို ပြင်သစ်နိုင်ငံက အောက်တိုဘာလ ၂၃ ရက်နေ့က အောင်မြင် စွာလွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။

 

Syracuse 4A ဂြိုဟ်တုကိုသယ်ဆောင်ထားသော Ariane 5 ဒုံးပျံသည် တောင်အမေရိကတိုက်ရှိ ပြင်သစ်ပိုင် ဂူ ရီယာနာနယ်မြေရှိ ကိုးရိုမြို့မှ ပျံတက်သွားခဲ့ပြီးနောက် ၃၈ မိနစ်နှင့် ၄၁ စက္ကန့်အကြာတွင် ဂြိုလ်တုလွှတ်တင်မှု အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းသိရသည်။

 

ကြားဖြတ်တိုက်ခိုက်မှုများ၊ မြေပြင်နှင့် ဝေဟင်တိုက်ခိုက်မှုများကို ခုခံတွန်းလှန်နိုင်ရန် အဆိုပါဂြိုဟ်တုကို ပုံဖော် ရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ပြင်သစ် လေကြောင်းနှင့် အာကာသတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး  စတီဖင်စပက်ကပြောသည်။ အဆိုပါဂြိုဟ်တုသည် ၎င်းပတ်ဝန်းကျင်ရှိအရာများကို အနီးကပ်ဆန်းစစ်လေ့လာ သွားနိုင်မည်ဖြစ်သည်။

 

“ရေဒီယိုအသံလွှင့်ချက်ကိုတန်ပြန်လွှင့်ပြီးဖျက်ဆီးတာကို ကာကွယ်ထားပြီး ကြည်လင်ပြတ်သားတဲ့ဒစ်ဂျစ်တယ် စက်တွေတပ်ဆင်ထားတဲ့ ခေတ်အမီဆုံးသောနည်းပညာတွေကြောင့် Syracuse 4A ဂြိုဟ်တုဟာ အဆင့်မြင့် ရေဒီယိုအသံလွှင့်ချက်ကိုတန်ပြန်လွှင့်ပြီးဖျက်ဆီးတဲ့နည်းလမ်းတွေကို ကောင်းကောင်းအကာအကွယ်ပေးနိုင်ပါ တယ်။” ဟု ဂြိုဟ်တုလွှတ်တင်ရေးအစီအစဉ်တွင် ရေးသားထားသည်။

 

ယင်းဂြိုဟ်တုသည် နျူကလီးယားပေါက်ကွဲမှုမှထွက်ပေါ်လာသည့် အီလက်ထရိုမဂ္ဂနစ်တိုက်လှုပ်ရှားမှုများကို လည်းကာကွယ်နိုင်ကြောင်း လုံခြုံရေးဆိုင်ရာမူဝါဒ ဂျီနီဗာစင်တာမှ လက်နက်များတိုးပွားလာခြင်းလေ့လာဆန်း စစ်မှုကျွမ်းကျင်သူ မာ့စ်ဖီးနတ်ဒ်ကပြောသည်။ Syracuse 4A ဂြိုဟ်တု စီမံကိန်းသည် စတာလင်ပေါင် ၄ ဘီလျံ ရင်းနှီးမြှုပ်ခဲ့သည့် စီမံကိန်းဖြစ်သည်။

 

ပြင်သစ်နိုင်ငံသည် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အာကာသတပ်ဖွဲ့ဌာနချုပ်ကို စတင်တည်ထောင်ခဲ့သည်။ ၂၀၂၁ မတ်လတွင် ပြင်သစ်နိုင်ငံက ၎င်းတို့၏ဂြိုဟ်တုများကို ကာကွယ်ရန် ပြင်သစ်နိုင်ငံ၏ ပထမဦးဆုံး အာကာသ စစ် ရေးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့သည်။

 

Ref: France launches state-of-art military communications satellite

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 

Ref: France launches state-of-art military communications satellite

 

#PeopleMedia


Share this post