• Follow Us on

Home စစ္ဘက္တရားစီရင္ေရးတြင္ ထရမ့္၀င္ေရာက္စြက္ဖက္မႈအေပၚ စိုးရိမ္မႈ မ်ားျမင့္တက္

စစ္ဘက္တရားစီရင္ေရးတြင္ ထရမ့္၀င္ေရာက္စြက္ဖက္မႈအေပၚ စိုးရိမ္မႈ မ်ားျမင့္တက္

Share this post

အေမရိကန္ကာကြယ္ေရး၀န္ႀကီး မက္ခ္အက္စပါက ေရတပ္ကြန္မန္ဒိုတစ္ဦးကို တိုက္ပြဲအတြင္း စည္းကမ္း ေဖာက္ဖ်က္မႈအတြက္ စံုစမ္းစစ္ေဆးမႈကို ရပ္ဆိုင္းဖို႔ ထရမ့္က ညႊန္ၾကားခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီးေနာက္ ထရမ့္ရဲ႕လုပ္ရပ္အေပၚမွာ ေ၀ဖန္မႈေတြျမင့္တက္လ်က္ရွိပါတယ္။

ထရမ့္ရဲ႕လုပ္ရပ္နဲ႔ ပတ္သက္ၿပီး အက္စပါကို သတင္းေထာက္ေတြက ေမးျမန္းခဲ့ရာမွာေတာ့ မိမိထိန္းသိမ္းဖို႔ လိုအပ္တာကို ထိန္းသိမ္းႏိုင္တယ္လို႔ အက္စပါက ေျဖၾကားခဲ့ပါတယ္။ ထရမ့္ဟာ စစ္ဦးစီးခ်ဳပ္ျဖစ္တာေၾကာင့္ ၄င္းမွာ ဘာမဆို ဆံုးျဖတ္ပိုင္ခြင့္ရွိတယ္လို႔လည္း အက္စပါက ေျပာပါတယ္။

ရာထူးက ထုတ္ပယ္ခံလိုက္ရတဲ့ ေရတပ္၀န္ႀကီး စပင္ဆာကေတာ့ ထရမ့္ရဲ႕လုပ္ရပ္ရာ စစ္တပ္ရဲ႕ စည္းမ်ဥ္းစည္း ကမ္းေတြကို ပ်က္ျပားေစလိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး အလားတူ ေ၀ဖန္မႈေတြလည္းရွိေနပါတယ္။

ကာကြယ္ေရး၀န္ႀကီး မက္ခ္အက္စပါဟာ ကနဦး ေရတပ္ကြန္မန္ဒိုရဲ႕ျပစ္မႈကို စံုစမ္းစစ္ေဆးမႈကို ေထာက္ခံခဲ့ေပ မယ့္ ထရမ့္ရဲ႕ ညႊန္ၾကားခ်က္ရရွိၿပီးေနာက္မွာေတာ့ စပင္ဆာနဲ႔ ဆန္႔က်င္ဘက္ရပ္တည္ခဲ့ပါတယ္။

Ref; https://www.stripes.com/

#PeopleMedia #International

(Unicode)
စစ်ဘက်တရားစီရင်ရေးတွင် ထရမ့်ဝင်ရောက်စွက်ဖက်မှုအပေါ် စိုးရိမ်မှု များမြင့်တက်
………………………………………………………………

အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါက ရေတပ်ကွန်မန်ဒိုတစ်ဦးကို တိုက်ပွဲအတွင်း စည်းကမ်း ဖောက်ဖျက်မှုအတွက် စုံစမ်းစစ်ဆေးမှုကို ရပ်ဆိုင်းဖို့ ထရမ့်က ညွှန်ကြားခဲ့တယ်လို့ ပြောကြားခဲ့ပြီးနောက် ထရမ့်ရဲ့လုပ်ရပ်အပေါ်မှာ ဝေဖန်မှုတွေမြင့်တက်လျက်ရှိပါတယ်။

ထရမ့်ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အက်စပါကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ မိမိထိန်းသိမ်းဖို့ လိုအပ်တာကို ထိန်းသိမ်းနိုင်တယ်လို့ အက်စပါက ဖြေကြားခဲ့ပါတယ်။ ထရမ့်ဟာ စစ်ဦးစီးချုပ်ဖြစ်တာကြောင့် ၄င်းမှာ ဘာမဆို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့လည်း အက်စပါက ပြောပါတယ်။

ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့ ရေတပ်ဝန်ကြီး စပင်ဆာကတော့ ထရမ့်ရဲ့လုပ်ရပ်ရာ စစ်တပ်ရဲ့ စည်းမျဉ်းစည်း ကမ်းတွေကို ပျက်ပြားစေလိမ့်မယ်လို့ ပြောကြားခဲ့ပြီး အလားတူ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါဟာ ကနဦး ရေတပ်ကွန်မန်ဒိုရဲ့ပြစ်မှုကို စုံစမ်းစစ်ဆေးမှုကို ထောက်ခံခဲ့ပေ မယ့် ထရမ့်ရဲ့ ညွှန်ကြားချက်ရရှိပြီးနောက်မှာတော့ စပင်ဆာနဲ့ ဆန့်ကျင်ဘက်ရပ်တည်ခဲ့ပါတယ်။

Ref; https://www.stripes.com/

#PeopleMedia #International


Share this post