• Follow Us on

Home စစ်ဘက်နည်းပညာနှင့် စစ်လက်နက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် တိုးမြှင့်ဆောင်ရွက် ရန် ရုရှား-မြန်မာတို့ နေပြည်တော်၌ ဆွေးနွေး

စစ်ဘက်နည်းပညာနှင့် စစ်လက်နက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် တိုးမြှင့်ဆောင်ရွက် ရန် ရုရှား-မြန်မာတို့ နေပြည်တော်၌ ဆွေးနွေး

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၃ (People Media)

 

စစ်ဘက်နည်းပညာနှင့် စစ်လက်နက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် တိုးမြှင့်ဆောင် ရွက်နိုင်မည့်အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊ FSMTC of Russia ၏ ဒုတိယညွှန်ကြားရေးမှူး Mr.Vladimir Drozhzhov နှင့် JSC “Rosoboronexport” ကုမ္ပဏီ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.A.L.Chekmarev တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရုရှားကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့  ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲဖြစ်သည့် စစ်ဘက်နည်းပညာပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် အဆင့်မြှင့်တင်တည်ဆောက်လျှက်ရှိရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လူသားအရင်းအမြစ်ဆိုင်ရာ၊ နည်းပညာရပ်ပိုင်းဆိုင်ရာတို့တွင် လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့မှုအခြေအနေ၊ စစ်ဘက်နည်းပညာနှင့် စစ်လက်နက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ကဏ္ဍပေါင်းစုံ၌ တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအ နေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား-မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊ FSMTC of Russia ၏ ဒုတိယညွှန်ကြားရေးမှူးနှင့် JSC “Rosoboronexport” ကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E.Nikolay A.Listopadov၊ စစ်သံမှူး Col. Sergei Kurch enko တို့ တက်ရောက်ကြကြောင်း MOI ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

#PeopleMedia #ရုရှားမြန်မာ #စစ်ဘက်ဆိုင်ရာ

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post