• Follow Us on

Home စစ္ဘက္သုံးပစၥည္းမ်ားကိို အိႏၵိယတပ္မေတာ္က ျမန္မာ့တပ္မေတာ္ထံေပးအပ္

စစ္ဘက္သုံးပစၥည္းမ်ားကိို အိႏၵိယတပ္မေတာ္က ျမန္မာ့တပ္မေတာ္ထံေပးအပ္

Share this post

နယူးေဒလီ၊ ေအာက္တိုဘာ ၁၄
ျမန္မာႏွင့္ အိႏၵိယဆက္ဆံေရးကို တ႐ုတ္နိုင္ငံ၏ အရိပ္စိုးမိုးေနခ်ိန္တြင္ပင္ ၿပီးခဲ့သည့္တစ္ပတ္က ျမန္မာနိုင္ငံကို အိႏၵိယနိုင္ငံျခားေရး၀န္ႀကီးဌာနအတြင္း၀န္ႏွင့္ ၾကည္းတပ္ဦးစီးခ်ဳပ္တို႔လာေရာက္ခဲ့ၿပီး ႏွစ္နိုင္ငံစစ္ဘက္ႏွင့္ အရပ္ဘက္ပူးေပါင္းေဆာင္ရြက္မႈမ်ားျပဳလုပ္ရန္ရွိေနသည္ဟု ခန႔္မွန္းေနသည္။
ယခုခရီးစဥ္တြင္ တပ္မေတာ္ကို စစ္ဘက္သုံးပစၥည္းမ်ားေထာက္ပံ့ရန္ အိႏၵိယဘက္က ဦးစားေပးခဲ့သည္။
က်ည္ကာအက်ႌအထည္ ၅၀၀ အျပင္ ေထာက္လွမ္းေရးႏွင့္ ကင္းေထာက္လုပ္ငန္းမ်ားအတြက္ အေရးႀကီး သည့္စစ္ဘက္သုံးပစၥည္းမ်ားကို အိႏၵိယက ျမန္မာနိုင္ငံထံေပးအပ္ခဲ့သည္။
အိႏၵိယၾကည္းတပ္ဦးစီးခ်ဳပ္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ေတြ႕ဆုံခ်ိန္တြင္ က်ည္ကာအက်ႌ ၂ ထည္ေပးအပ္ခဲ့ၿပီး က်န္သည့္အက်ႌမ်ားကို အျခားပစၥည္းမ်ားႏွင့္အတူ မၾကာမီတြင္ သေဘၤာျဖင့္ပို႔ေ ဆာင္မည္ျဖစ္သည္။
တပ္မေတာ္(ၾကည္း)ႏွင့္(ေရ)တို႔အတြက္အပါအ၀င္ ႏွစ္နိုင္ငံတပ္ဖြဲ႕မ်ား၏စြမ္းရည္ျမႇင့္တင္ေရးႏွင့္ ေလ့က်င့္မႈမ်ားအေပၚလည္း အာ႐ုံစိုက္ေနၾကသည္။
ထို႔အျပင္ အိႏၵိယေရတပ္က ဦးစီလုပ္ေဆာင္ေနသည့္ အိႏၵိယသမုဒၵရာေဒသသတင္းအခ်က္အလက္ ေပါင္းစည္းေရးစင္တာတြင္ ပါ၀င္ရန္ ျမန္မာနိုင္ငံကိုလည္း အိႏၵိယနိုင္ငံက ဖိတ္ၾကားခဲ့သည္။
အိႏၵိယသမုဒၵရာသည္ တစ္ေန႔လၽွင္ ကမၻာ့ေရေၾကာင္းကုန္သြယ္မႈ ၇၅ ရာခိုင္ႏႈန္းႏွင့္ ကမၻာ့ေရနံသုံးစြဲမႈ ၅၀ ရာခိုင္ႏႈန္းကိုသယ္ေဆာင္ရာတြင္ ျဖတ္သန္းသြားလာရေသာေဒသျဖစ္သည္။
Ref : Eyes on China, India’s Mega Defence Equipment for Myanmar Push
#PeopleMedia
(unicode)
(unicode)
စစ်ဘက်သုံးပစ္စည်းများကိို အိန္ဒိယတပ်မတော် က မြန်မာ့တပ်မတော် ထံပေးအပ်
……………………………………………………….
နယူးဒေလီ၊ အောက်တိုဘာ ၁၄
မြန်မာနှင့်အိန္ဒိယဆက်ဆံရေးကို တရုတ်နိုင်ငံ၏အရိပ်စိုးမိုးနေချိန်တွင်ပင် ပြီးခဲ့သည့်တစ်ပတ်က မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာနအတွင်း၀န်နှင့် ကြည်းတပ်ဦးစီးချုပ်တို့လာရောက်ခဲ့ပြီး နှစ်နိုင်ငံစစ်ဘက်နှင့်အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်ရှိနေသည်ဟု ခန့်မှန်းနေသည်။
ယခုခရီးစဉ်တွင် တပ်မတော်ကို စစ်ဘက်သုံးပစ္စည်းများထောက်ပံ့ရန် အိန္ဒိယဘက်က ဦးစားပေးခဲ့သည်။
ကျည်ကာအကျီင်္အထည် ၅၀၀ အပြင် ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအတွက် အရေးကြီးသည့်စစ်ဘက်သုံးပစ္စည်းများကို အိန္ဒိယက မြန်မာနိုင်ငံထံပေးအပ်ခဲ့သည်။
အိန္ဒိယကြည်းတပ်ဦးစီးချုပ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံချိန်တွင် ကျည်ကာအကျီင်္ ၂ ထည်ပေးအပ်ခဲ့ပြီး ကျန်သည့်အကျီင်္များကို အခြားပစ္စည်းများနှင့်အတူ မကြာမီတွင် သင်္ဘောဖြင့်ပို့ဆောင်မည်ဖြစ်သည်။
တပ်မတော်(ကြည်း)နှင့်(ရေ)တို့အတွက်အပါအ၀င် နှစ်နိုင်ငံတပ်ဖွဲ့များ၏စွမ်းရည်မြှင့်တင်ရေးနှင့်လေ့ကျင့်မှုများအပေါ်လည်း အာရုံစိုက်နေကြသည်။
ထို့အပြင် အိန္ဒိယရေတပ်ကဦးစီလုပ်ဆောင်နေသည့် အိန္ဒိယသမုဒ္ဒရာဒေသသတင်းအချက်အလက်ပေါင်းစည်းရေးစင်တာတွင် ပါ၀င်ရန် မြန်မာနိုင်ငံကိုလည်း အိန္ဒိယနိုင်ငံက ဖိတ်ကြားခဲ့သည်။
အိန္ဒိယသမုဒ္ဒရာသည် တစ်နေ့လျှင် ကမ္ဘာ့ရေကြောင်းကုန်သွယ်မှု ၇၅ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ရေနံသုံးစွဲမှု ၅၀ ရာခိုင်နှုန်းကိုသယ်ဆောင်ရာတွင် ဖြတ်သန်းသွားလာရသောဒေသဖြစ်သည်။
Ref : Eyes on China, India’s Mega Defence Equipment for Myanmar Push
#PeopleMedia


Share this post