• Follow Us on

Home စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး တက်ရောက်ကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ထောက် လှမ်းရေးမှူးချုပ်များနှင့် နိုင်ငံအလိုက်သီးခြားစီ တွေ့ဆုံ

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး တက်ရောက်ကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ထောက် လှမ်းရေးမှူးချုပ်များနှင့် နိုင်ငံအလိုက်သီးခြားစီ တွေ့ဆုံ

Share this post

နေပြည်တော်၊ မတ် ၁၇

 

(၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (19th ASEAN Military Intelligence Meeting-AMIM-19) တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့တပ်မ တော်မှ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် မတ်လ ၁၄ ရက် နေ့တွင် ကမ္ဘောဒီးယားနိုင်ငံမှ Lieutenant General Hun Manith ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လည်းကောင်း၊ မတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံမှ Lieutenant General Natee Wongissares ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံမှ Lieutenant General Le Hona Son ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံမှ Lieutenant General Datuk Ahmad Norihan Bin Jalal ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ Colonel Phimmachanh VONGPANNA ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ဝင်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ကြောင်း MOI ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုသို့တွေ့ဆုံရာတွင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု အခြေ အနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲများအပြီးတွင် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အာဆီယံနိုင်ငံများမှ တပ်မတော်ထောက်လှမ်းရေး မှူးချုပ်များသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

 

#PeopleMedia

 

(unicode)


………………………………….

 


 


 


 


 

#PeopleMedia


Share this post