• Follow Us on
Latest News

Home စစ်မှန်သည့်ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့်ဒီမိုကရေစီဖြစ်စေရေးအတွက် တပ်မတော် အနေဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌပြောကြား

စစ်မှန်သည့်ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့်ဒီမိုကရေစီဖြစ်စေရေးအတွက် တပ်မတော် အနေဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေးအတွက် တပ်မတော် အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ယမန်နေ့က ပြင်ဦးလွင်တပ်နယ်ရှိ စစ်သည်မိသားစုများနှင့် တွေ့ဆုံအမှာစကားပြေားကြားစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

၂၀၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်ပွားနိုင်သော မဲစာရင်းကြီးမားစွာ မှားယွင်းမှုများကို စိစစ်တွေ့ရှိရသဖြင့် တာဝန်ရှိသူ အဖွဲ့အစည်းအဆင့်ဆင့်က ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေး တင်ပြဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ဖြေရှင်းဆောင်ပေးခြင်းမရှိခဲ့သည့်အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့် ရယူရန် ကြံစည်ကြိုး ပမ်းမှုများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်းဆောင်ရွက်နေ ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသည့် အဖွဲ့ အစည်းဖြစ်သဖြင့် နိုင်ငံ့အတွက် အရေးကြီးလှသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖယ်မသွားစေရန် လုပ်သင့်လုပ်ထိုက်၊ ပြောသင့်ပြောထိုက်သည်များကို ရွေးကောက်ပွဲမတိုင်မီကာလများကပင် ထောက်ပြပြောဆို ခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့် ရွေးကောက်ပွဲဥပဒေများကို ကျော်လွန်လုပ်ဆောင်ခဲ့ သည့် အခြေအနေများကို တွေ့ရှိရသောကြောင့် ယခုကဲ့သို့ အခြေအနေများအထိ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေးအတွက် တပ်မတော် အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #တပ်ချုပ်

 

(unicode)


……………………………………………………………………..

 


 


 


 


 


 



Share this post