• Follow Us on

Home စစ်မှန်ရိုးသားသော တွေ့ဆုံဆွေးနွေးမှုဖြင့် ရင်ကြားစေ့ရေးလုပ်ငန်းများကို စိတ်သစ်လူသစ်များဖြင့် ပြန်လည် ဆောင်ရွက်ကြရန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို ပြောဆို

စစ်မှန်ရိုးသားသော တွေ့ဆုံဆွေးနွေးမှုဖြင့် ရင်ကြားစေ့ရေးလုပ်ငန်းများကို စိတ်သစ်လူသစ်များဖြင့် ပြန်လည် ဆောင်ရွက်ကြရန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို ပြောဆို

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၄ (People Media)

 

စစ်မှန်ရိုးသားသော တွေ့ဆုံဆွေးနွေးမှုများဖြင့် ရင်ကြားစေ့ရေးလုပ်ငန်းများကို စိတ်သစ်လူသစ်များဖြင့် ပြန် လည်ဆောင်ရွက်ကြရန် အထူးအားပေးကြောင်း မေတ္တာရပ်ခံဖိတ်ခေါ်အပ်ကြောင်း ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုက ပြောဆိုသည်။

 

၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီး၌ ကျင်းပခဲ့ပြီး၊ ယင်းအခမ်းနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

 

ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ်သတင်းကောင်းနှင့် ဆုမွန်စကားမျှဝေပြောကြားရာ တွင် မင်္ဂလာရှိသော ခရစ္စမတ်အခါသမယတွင် ပျော်ရွှင်ခြင်း၊ သင့်မြတ်ခြင်းများဖြင့် ပြည့်စုံနိုင်ပါစေကြောင်း၊ မြန်မာ ပြည်သူပြည်သားအားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိကြပြီး ခန္ဓာစိတ်ဝမ်းငြိမ်းချမ်းကြပါစေကြောင်း၊ ငြိမ်းချမ်းသာယာဝပြောပြီး ဝမ်းမြောက်ခြင်းများနှင့် ပြည့်ဝနိုင်ကြပါစေကြောင်းဖြင့် ခရစ္စမတ်ဆုတောင်းပေးခဲ့ သည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များ အားလုံး၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းနှင့် သက်ဆိုင်ရာ ဘာသာတရား များ၏ အဆုံးအမနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ကောင်းကျိုးကို ရှေးရှု၍ မေတ္တာနှလုံးသား၊ သည်း ခံခွင့်လွှတ်သော စိတ်ထားများဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲနေထိုင် လုပ်ကိုင်ဆောင်ရွက်သွားကြစေလို ကြောင်းဖြင့် ဆုတောင်းစကား ပြောကြားခဲ့သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ် ဆရာတော်ကြီးတို့သည် ခရစ္စမတ်ကိတ်မုန့်ကို အတူတကွလှီး၍ ဂုဏ်ပြုကြသည်။ ထို့နောက် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်နှင့် အလှူငွေကျပ် သိန်း (၂၀၀) ပေးအပ်ခဲ့ သည်။

 

#PeopleMedia #ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးကာဒီနယ်ချားလ်စ်ဘို

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 



Share this post