• Follow Us on

Home စစ်သည်များ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်စေမည့် ဦးထုပ် အမေရိကန်ကြည်းတပ် ထုတ်လုပ်မည်

စစ်သည်များ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်စေမည့် ဦးထုပ် အမေရိကန်ကြည်းတပ် ထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၄ (People Media)

 

အမေရိကန်တပ်ဖွဲ့ဝင်များ ခက်ခဲကြမ်းတမ်းသောစစ်ဆင်ရေးတာဝန်များထမ်းဆောင်နေစဉ်အတွင်း ပို၍နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်နိုင်စေရန် ဦးနှောက်နှင့် အာရုံကြောစီးဆင်းမှုကို သင့်မြတ်အောင်ပြုလုပ်ပေးနိုင်သည့် ဦးထုပ် အသစ်ထုတ်လုပ်ရန် အမေရိကန်ကြည်းတပ်က စဉ်းစားလျက်ရှိသည်။

 

အိပ်ပျော်နေစဉ်အတွင်း ဦးနှောက်နှင့် အာရုံကြောအရည်များစီးဆင်းမှုမှတစ်ဆင့် ဦးနှောက်ကိုအထောက်အကူ ဖြစ်စေသည့် ဦးနှောက်နှင့် အာရုံကြော အရည်စီးဆင်းမှုကို တိုင်းတာရန်နှင့် ထိန်းညှိပေးရန် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ သုတေသီများကို တာဝန်ပေးအပ်ခဲ့သည်။

 

စီမံကိန်း၏ ရည်မှန်းချက်တစ်ခုမှာ မည်သည့်အခြေအနေမျိုးတွင်မဆို အသုံးပြုနိုင်ပြီး အလွယ်တကူသယ်ယူ သွားနိုင်သည့် အပေါ့စားဦးထုပ်တစ်လုံး ဖန်တီးထုတ်လုပ်ရန်ဖြစ်သည်။

 

“အမေရိကန်တပ်ဖွဲ့ဝင်တွေ စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်ဖို့ စစ်သည်တွေအိပ်ပျော်နေစဉ်အတွင်းမှာ သူတို့ရဲ့ ဦး နှောက်ကျန်းမာရေးကို တိုင်းတာ၊ ထိန်းညှိပေးနိုင်တဲ့ အလွယ်တကူသယ်ယူသွားနိုင်တဲ့ အပေါ့စားဦးထုပ်တစ်လုံး ကို ပုံစံရေးဆွဲပေးနိုင်မလားလို့ ကာကွယ်ရေးဝန်ကြီးဌာနက မေးလာပါတယ်” ဟု ရိုက်စ်တက္ကသိုလ် ဇီဝသိပ္ပံနှင့် ဇီဝအင်ဂျင်နီယာဌာနမှ ညွှန်ကြားရေးမှူး ပေါလ်ချာရူကူရီက ရှင်းပြသည်။

 

ရိုက်စ်တက္ကသိုလ်မှ အင်ဂျင်နီယာများနှင့် ဟော့စ်တန်မက်သဒစ်ဆေးရုံနှင့် ဘေလာဆေး ဘက်ဆိုင်ရာကော လိပ်မှ သမားတော်ကြီးများက အဆိုပါစီမံကိန်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပထမနှစ်ကို ဦးစီး ဆောင်ရွက်သွားမည်ဖြစ်သည်။

 

စစ်ဆင်ရေးကာလအတွင်း စစ်သည်များ၏စွမ်းဆောင်ရည် ပိုမိုမြင့်မားတိုးတက်လာစေရန်မျှော်လင့်ပြီး စစ်သည် များ၏ ပင်ပန်းနွမ်းနယ်မှုသည် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရမည့်ပြဿနာတစ်ရပ်ဖြစ်ကြောင်း အမေရိကန် ကြည်းတပ်က အသိအမှတ်ပြုထားသည်။

 

လူသားများ၏ ဗဟိုနဗ်ကြောစနစ်ကို စောင့်ကြည့်လေ့လာခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းသည် စစ်သည်များကောင်း မွန်စွာအနားရရန် အထောက်အကူပြုသည့် ဖြေရှင်းနည်းဖြစ်နိုင်ကြောင်း အမေရိကန်ကြည်းတပ်ကပြောသည်။

 

အညစ်အကြေးများကို ဖယ်ရှားပစ်ခြင်းအပြင် ဦးနှောက်နှင့် အာရုံကြောစီးဆင်းမှုစနစ်က စစ်သည်များ၏ ဦး နှောက်အတွင်းရှိ ပုံမှန်အလုပ်မလုပ်သောပရိုတိန်းများကို ဖယ်ရှားပစ်နိုင်ပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ဦး နှောက်က စွမ်းရည်များကိုပြန်လည်သိမ်းဆည်းသိုလှောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ကြောင်း သိရသည်။

 

စီမံကိန်းစောင့်ကြည့်လေ့လာရေးအပိုင်းတွင် သုတေသီများအနေဖြင့် ဦးနှောက်နှိုးဆွပေးမှု အာထရာဆောင်း ရိုက်ခြင်း သို့မဟုတ် အီလက်ထရိုမက္ကနစ်တိုက်အချက်ပြခြင်းအပါအဝင် နည်းပညာများကို စမ်းသပ်ကြည့်ရန် စီစဉ်ထားကြောင်းသိရသည်။

 

လက်ရှိဆောင်ရွက်နေသောသုတေသနလုပ်ငန်းများမှရရှိထားသည့် သတင်းအချက်အလက်များကို ဆော့ဖ်ဝဲလ် များအသုံးပြုထားသည့်စက်များဖြင့် ရိုက်စ်တက္ကသိုလ်တွင်ခွဲခြမ်းစိတ်ဖြာသုတေသနပြုလျက်ရှိသည်။

 

“အိပ်ပျော်နေသောဦးထုပ်” ဟု အမည်ပေးထားသော ယင်းစီမံချက်အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းမှရရှိလာသော ကနဦးရလဒ်များကို တစ်နှစ်အတွင်း ကြေညာနိုင်မည်ဟု မျှော်လင့်ထားကြသည်။

 

Ref: US Army to Develop Cap That Can Improve Soldiers’ Sleep

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: US Army to Develop Cap That Can Improve Soldiers’ Sleep

 

#PeopleMedia


Share this post