• Follow Us on
Latest News

Home စစ်အစိုးရခေါင်းဆောင်ကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်လိုက်ပြီးနောက် အာဆီယံအစည်း အဝေးသို့ မြန်မာကိုယ်စားလှယ်တက်ရောက်မည့်လက္ခဏာမတွေ့ရ

စစ်အစိုးရခေါင်းဆောင်ကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်လိုက်ပြီးနောက် အာဆီယံအစည်း အဝေးသို့ မြန်မာကိုယ်စားလှယ်တက်ရောက်မည့်လက္ခဏာမတွေ့ရ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၆ (People Media)

 

အာဆီယံခေါင်းဆောင်များပါဝင်သည့် အာဆီယံအစည်းအဝေးကို မြန်မာကိုယ်စားလှယ်မပါဘဲ ကျင်းပသွားရန် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စီစဉ်ထားပြီးဖြစ်ကြောင်းသိရသည်။

 

ဒေသတွင်းငြိမ်းချမ်းမှုထိန်းသိမ်းရေးဆောင်ရွက်ရန် ပျက်ကွက်မှုဖြင့် မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအစည်း အဝေးတက်ရောက်ခွင့် ပိတ်ပင်လိုက်ပြီးနောက် အာဏာသိမ်းစစ်အစိုးရက အဆင့်နိမ့်မြန်မာကိုယ်စားလှယ်ကို အာဆီယံအစည်းအဝေးတက်ရောက်နိုင်ရေး စေလွှတ်ရန် ငြင်းဆန်ခဲ့သည်။

 

နိုင်ငံတွင်း သွေးထွက်သံယိုအကြမ်းဖက်မှုများအဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက် ရန် ပျက်ကွက်မှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့သောစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကို အောက်တိုဘာ ၁၅ ရက်နေ့က အာဆီယံအစည်းအဝေးသို့တက်ရောက်ခွင့် ပိတ်ပင်ရန် အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

 

မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားမပြုသူတစ်ဦးကို ဖိတ်ကြားမည်ဖြစ်ကြောင်း ဘရူနိုင်းနိုင်ငံကပြောသော်လည်း မြန်မာအစိုးရက နိုင်ငံအကြီးအကဲကိုဖြစ်စေ ဝန်ကြီးအဆင့်တစ်ဦးဦးကိုဖြစ်စေ ဖိတ်ကြားမှသာလျှင် အာဆီယံ အစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့တွင်ပြောဆိုခဲ့သည်။

 

စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာစစ်အစိုးရက လူပေါင်း ၁၀၀၀ ကျော် သတ်ဖြတ်ခဲ့ပြီး ထောင်နှင်ချီ၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း စောင့်ကြည့်လေ့လာသူများကပြောသော်လည်း ယင်းပမာဏမှာချဲ့ကားပြောဆိုခြင်းဖြစ် ကြောင်း မြန်မာအစိုးရကပြောသည်။

 

အောက်တိုဘာလ ၂၆ ရက်နေ့၌ ကျင်းပမည့် အာဆီယံအစည်းအဝေးတွင် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အတူ အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် ကိုရီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များပါတက်ရောက်မည်ဖြစ် ကြောင်းသိရသည်။

 

ရန်လိုမှုများအဆုံးသတ်ရန်၊ နှစ်ဖက်ညှိ နှိုင်းဆွေးနွေးမှုများစတင်ရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအ ညီများဝင်ရောက်ခွင့်ပြုရန်၊ အထူးသံတ မန်အားလွတ်လပ်စွာသွားလာခွင့်ပြုရန် စသည့်အချက်များပျက်ကွက်မှု ကြောင့် မြန်မာခေါင်းဆောင်ကိုအစည်းအဝေးတက်ရောက်ခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း အာဆီယံကပြောသည်။

 

ပဋိပက္ခများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်နွယ်သည့် အကြမ်းဖက်သမားများက ဖန်တီးနေ ဖြင်းဖြစ်ကြောင်း၊ ယင်းကိစ္စကို အာဆီယံအဖွဲ့က လုံးဝထည့်သွင်းစဉ်းစားခြင်းမပြုကြောင်း မြန်မာအစိုးရက ကြိမ် ဖန်များစွာပြောဆိုလျက်ရှိသည်။

 

Ref: Myanmar a no-show at Asean summit after junta exclusion

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Myanmar a no-show at Asean summit after junta exclusion

 

#PeopleMedia


Share this post