• Follow Us on

Home စစ္အာဏာရွင္ေဟာင္း မူရွာရက္အေလာင္းကို လမ္းေပၚဒရြတ္တိုက္ဆြဲ၍ ျပည္သူမ်ားကို ျပရန္ တရား႐ုံး ေတာင္းဆို

စစ္အာဏာရွင္ေဟာင္း မူရွာရက္အေလာင္းကို လမ္းေပၚဒရြတ္တိုက္ဆြဲ၍ ျပည္သူမ်ားကို ျပရန္ တရား႐ုံး ေတာင္းဆို

Share this post

စစ္အာဏာရွင္ေဟာင္း မူရွာရက္ရဲ႕ အေလာင္းကို လမ္းေပၚဒရြတ္တိုက္ဆြဲၿပီး ျပည္သူေတြကို ျပသဖို႔ ပါကစၥတန္ တရား႐ုံးက ေတာင္းဆိုလိုက္ပါတယ္။

မူရွာရက္ကို ႏုိင္ငံေတာ္သစၥာေဖာက္မႈနဲ႔ ႀကိဳးဆြဲခ်ေသဒဏ္မေပးခင္မွာ တရား႐ုံးက အခုလို ေတာင္းဆိုခဲ့တာပါ။ တရားသူႀကီးသံုးဦးထိုင္တဲ့ ပါကစၥတန္ အထူးတရား႐ုံးက မူရွာရက္ရဲ႕ ႏုိင္ငံေတာ္ သစၥာေဖာက္မႈမွာ ထိပ္တန္း ဗိုလ္ခ်ဳပ္အႀကီးအကဲေတြလည္းပါ၀င္တယ္လို႔ စြပ္စြဲထားပါတယ္။

ပါကစၥတန္စစ္တပ္ကေတာ့ တရား႐ုံးရဲ႕ ေတာင္းဆိုခ်က္ဟာ လူ႔ဂုဏ္သိကၡာ၊ ဘာသာေရး၊ ယဥ္ေက်းမႈနဲ႔ စံႏႈန္း ေတြအားလံုးထိခိုက္ေစတယ္လို႔ ခ်က္ခ်င္းတံု႔ျပန္ေျပာၾကားထားပါတယ္။

လက္ရွိ အသက္ ၆၇ ႏွစ္ရွိၿပီျဖစ္တဲ့ မူရွာရက္ဟာ ၂၀၁၆ ခုႏွစ္မွာ ပါကစၥတန္က ထြက္ေျပးတိမ္းေရွာင္ခဲ့ၿပီး လက္ရွိ ဒူဘိုင္းက ေဆး႐ုံမွာ ေဆး၀ါးကုသမႈခံယူရလ်က္ရွိေနပါတယ္။

မူရွာရက္ဟာ အထူးတရား႐ုံးရဲ႕ ေသဒဏ္စီရင္ခ်က္ကို ရက္ ၃၀ အတြင္း အယူခံ၀င္ရဖို႔ရွိေပမယ့္ ၿပီးခဲ့တဲ့ဗုဒၶဟူး ေန႔ ႐ုပ္သံဗီဒီယိုထုတ္ျပန္ခ်က္မွာေတာ့ မူရွာရက္က ၄င္းဟာ ပုဂၢိဳလ္ေရးအမုန္းတရားရဲ႕သားေကာင္ျဖစ္ၿပီး အယူခံ၀င္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့လက အဆင့္အျမင့္ဆံုး ဗဟိုတရား႐ုံးက လက္ရွိ စစ္ဦးစီးခ်ဳပ္ကို ရာထူးသက္တမ္းတိုးခြင့္ ပိတ္ပင္ခဲ့ၿပီး ေနာက္ ပါကစၥတန္စစ္တပ္နဲ႔ တရားစီရင္ေရးၾကားမွာ အေျခအေနေတြ ပိုၿပီး တင္းမာမႈေတြရွိလာခဲ့ပါတယ္။

Ref; thenational

#PeopleMedia

(Unicode)
စစ်အာဏာရှင်ဟောင်း မူရှာရက်အလောင်းကို လမ်းပေါ်ဒရွတ်တိုက်ဆွဲ၍ ပြည်သူများကို ပြရန် တရားရုံး တောင်းဆို
……………………………………………………………

စစ်အာဏာရှင်ဟောင်း မူရှာရက်ရဲ့ အလောင်းကို လမ်းပေါ်ဒရွတ်တိုက်ဆွဲပြီး ပြည်သူတွေကို ပြသဖို့ ပါကစ္စတန် တရားရုံးက တောင်းဆိုလိုက်ပါတယ်။

မူရှာရက်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ကြိုးဆွဲချသေဒဏ်မပေးခင်မှာ တရားရုံးက အခုလို တောင်းဆိုခဲ့တာပါ။ တရားသူကြီးသုံးဦးထိုင်တဲ့ ပါကစ္စတန် အထူးတရားရုံးက မူရှာရက်ရဲ့ နိုင်ငံတော် သစ္စာဖောက်မှုမှာ ထိပ်တန်း ဗိုလ်ချုပ်အကြီးအကဲတွေလည်းပါဝင်တယ်လို့ စွပ်စွဲထားပါတယ်။

ပါကစ္စတန်စစ်တပ်ကတော့ တရားရုံးရဲ့ တောင်းဆိုချက်ဟာ လူ့ဂုဏ်သိက္ခာ၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ စံနှုန်း တွေအားလုံးထိခိုက်စေတယ်လို့ ချက်ချင်းတုံ့ပြန်ပြောကြားထားပါတယ်။

လက်ရှိ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ မူရှာရက်ဟာ ၂၀၁၆ ခုနှစ်မှာ ပါကစ္စတန်က ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး လက်ရှိ ဒူဘိုင်းက ဆေးရုံမှာ ဆေးဝါးကုသမှုခံယူရလျက်ရှိနေပါတယ်။

မူရှာရက်ဟာ အထူးတရားရုံးရဲ့ သေဒဏ်စီရင်ချက်ကို ရက် ၃၀ အတွင်း အယူခံဝင်ရဖို့ရှိပေမယ့် ပြီးခဲ့တဲ့ဗုဒ္ဓဟူး နေ့ ရုပ်သံဗီဒီယိုထုတ်ပြန်ချက်မှာတော့ မူရှာရက်က ၄င်းဟာ ပုဂ္ဂိုလ်ရေးအမုန်းတရားရဲ့သားကောင်ဖြစ်ပြီး အယူခံဝင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အဆင့်အမြင့်ဆုံး ဗဟိုတရားရုံးက လက်ရှိ စစ်ဦးစီးချုပ်ကို ရာထူးသက်တမ်းတိုးခွင့် ပိတ်ပင်ခဲ့ပြီး နောက် ပါကစ္စတန်စစ်တပ်နဲ့ တရားစီရင်ရေးကြားမှာ အခြေအနေတွေ ပိုပြီး တင်းမာမှုတွေရှိလာခဲ့ပါတယ်။

Ref; thenational

#PeopleMedia


Share this post