• Follow Us on

Home စစ်အာဏာသိမ်းမှုနှင့် အရပ်သားများကို ဥပဒေထောင်ချထားမှုများကို တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်အစိုးရက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်သတိပေး

စစ်အာဏာသိမ်းမှုနှင့် အရပ်သားများကို ဥပဒေထောင်ချထားမှုများကို တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်အစိုးရက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်သတိပေး

Share this post

လန်ဒန်၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တပ်မတော်၏အာဏာသိမ်းမှုနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ အပါအဝင် အရပ်သားခေါင်းဆောင်များကို ထိန်းသိမ်းထားမှုတို့ကြောင့် တနင်္လာနေ့တွင် ဗြိတိန်ဆိုင်ရာမြန်မာသံ အမတ်ကြီး ဦးကျော်စွာမင်းကို ဗြိတိန်အစိုးရ၏နိုင်ငံခြား၊ ဓနသယာဟနိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှုရုံးသို့ ဆင့် ခေါ်ခဲ့သည်။
 
စစ်အာဏာသိမ်းမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားများကို ဥပဒေပြင်ပထောင်ချထားခြင်းကို အာရှရေးရာဝန်ကြီး နီဂယ် အဒမ်က ရှုတ်ချခဲ့သည်။
 
ထိန်းသိမ်းထားသူများအားလုံး ဘေးကင်းကြောင်း အာမခံပေးရန်လည်း တောင်းဆိုခဲ့ပြီး သူတို့ကိုချက်ချင်း ပြန်လွှတ်ပေးရန်လည်း တိုက်တွန်းသည်။
 
မြန်မာနိုင်ငံသားများ၏ဒီမိုကရေစီအရေးစိတ်ဆန္ဒများကို လေးစားရမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ် တော်ကို ငြိမ်းချမ်းစွာပြန်လည်စုဝေးကျင်းပရမည်ဖြစ်ကြောင်းလည်း မစ္စတာ အဒမ်ကရှင်းလင်းစွာပြောသည်။
 
စိတ်တူသဘောတူမိတ်ဖက်များနှင့် ဗြိတိန်က တွဲဖက်အလုပ်လုပ်မည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီငြိမ်းချမ်းစွာ ပြန်လည်ရရှိရန် လိုအပ်သောသံတမန်ဖိအားများပေးသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။
 
တနင်္လာနေ့တွင် မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်က အာဏာလွှဲပြောင်းယူခဲ့သည်။
 
Ref : Myanmar Ambassador summoned in response to military coup and unlawful imprisonment of civilians
 
#PeopleMedia
 
(unicode)
………………………………………………
 
 
 
 
 
 
 
 
Ref : Myanmar Ambassador summoned in response to military coup and unlawful imprisonment of civilians
 
#PeopleMedia

Share this post