• Follow Us on

Home စစ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံက အခွင့်အလမ်းကို အမိအရဖမ်းဆုပ်

စစ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံက အခွင့်အလမ်းကို အမိအရဖမ်းဆုပ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၃ (People Media)

 

မြန်မာ့တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းလိုက်ပြီးနောက် ပြည်ပနိုင်ငံများမှလာရောက် ရင်းနှီးမြှုပ်နှံသူအချို့မှာ ၎င်းတို့လုပ်ငန်းများကို ပြန်လည်ရုပ်သိမ်း/ ဆိုင်းငံ့/ လျှော့ချသွားသော်လည်း တရုတ်နိုင် ငံသည် အာရှပိုးလမ်းမကြီးစီမံကိန်း Belt and Road Initiative (BRI) တိုးတက်ရေးအတွက် ရရှိလာသော အ ခွင့်အလမ်းကို အမိအရဆုပ်ကိုင်နိုင်ခဲ့သည်။

 

မြန်မာနိုင်ငံတွင်ဆောင်ရွက်နေသည့် BRI စီမံကိန်းများအနက် China International Trust Investment Corporation (CITIC) မှ အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံ ရင်းနှီးမြုပ်နှံထားသော ကျောက်ဖြူရေနက်ဆိပ် ကမ်းစီမံကိန်းမှာ မဟာဗျူဟာအကျဆုံးအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းဆိပ်ကမ်းမှာ တရုတ်နိုင်ငံ ယူနန် ပြည်မှ အိန္ဒိယသမုဒ္ဒရာသို့ ဖြတ်လမ်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း တရုတ်သမ္မတချီကျင့်ဖင် မြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိစဉ် BRI စီမံကိန်းအကြောင်းကိုဆွေးနွေးခဲ့သည်။ စစ်တပ်အာဏာမသိမ်း မီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးအထူးဇုံအပါအဝင် BRI စီမံကိန်းများအား အရှိန် မြှင့်တင်ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တိုက်တွန်းအားပေးခဲ့သည်။

 

မြန်မာ့နိုင်ငံရေးအခြေအနေ ဝရုန်းသုန်းကားဖြစ်နေသော်လည်း BRI စီမံကိန်းများအား စစ်အစိုးရ၏အာမခံချက် နှင့်အတူ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျောက်ဖြူသဘာဝဓာတ် ငွေ့ဓာတ်အားပေးစက်ရုံစီမံကိန်းကို တရုတ်ကုမ္ပဏီကစတင်ဆောက်လုပ်ခဲ့သည်။ ဒေါ်လာသန်း ၁၈၀ တန် စီမံ ကိန်းသည် ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးအထူးဇုံစီမံကိန်းများအတွက် အထောက်အကူပြုသွားမည့်စီမံကိန်း တစ်ခုဖြစ်သည်။ မတ်လအတွင်းက ဧရာဝတီတိုင်းတွင် ယူနန်ပြည်နယ်စွမ်းအင်ရင်းနှီးမြှုပ်နှံသည့်အုပ်စုမှ ရင်းနှီး မြှုပ်နှံမည့် ဒေါ် လာ ၂.၅ ဘီလျံတန်ကြေးရှိ “မီးလင်ဂျိုင်း သဘာဝ ဓာတ်ငွေ့စက်ရုံတည်ဆောက်ရေးစီမံကိန်း” ကို စစ်အစိုးရကခွင့်ပြုခဲ့သည်။ အခြား BRI စီမံကိန်းများမှာလည်း ဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရသည်။

 

မြန်မာနိုင်ငံ၏နိုင်ငံရေးအကူးအပြောင်းကာလဖြစ်သော ၂၀၁၀ ပြည့်နှစ်ကာလများတွင် လက်ပံတောင်းကြေးနီ စီမံကိန်းတွင်ရင်းနှီးမြှုပ်နှံထားသည့် တရုတ်အစိုးရပိုင်လုပ်ငန်းဝမ်ပေါင်ကုမ္ပဏီသည် မြန်မာပြည်တွင်းဖိအား အ တက်အကျကိုရင်ဆိုင်တုံ့ပြန်ခဲ့ရသည်။ ဝမ်ပေါင်ကုမ္ပဏီသည် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လိုက်နာဆောင်ရွက်ခဲ့သော်လည်း ဖိအားပေးမှုများလျော့ကျသွားသည့်အချိန်တွင် ဒေသခံလူထု ကိုကူညီနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားမှုမရှိသလောက်ပင်ဖြစ်သည်။

 

၂၀၁၆ ခုနှစ် ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်နိုင်ငံ့ခေါင်းဆောင်ဖြစ်လာပြီးနောက် ဒီမိုကရက်တစ်ပိုဆန်လာ သည့်အစိုးရသည် ပို၍ယုံကြည်စိတ်ချရသည့်ရင်းနှီးမြှုပ်နှံမှုများကို အားပေးလာခဲ့သည်။ ဝမ်ပေါင်ကုမ္ပဏီမှာ မိမိ အကျိုးစီးပွားထက် တခြားအကျိုးစီးပွားများကိုထည့်သွင်းစဉ်းစားခြင်းမရှိသော ကုမ္ပဏီဖြစ်လာခဲ့သည်။

 

BRI စီမံကိန်းများမှာ မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ကြွယ်ဝချမ်းသာမှုများ ယူဆောင် လာပေးနိုင်သည်ဟု တရုတ်အစိုးရက ယုံကြည်သည့်တိုင် မြန်မာလူထုကြိုက်နှစ်သက်မှုကိုလည်း လျစ်လျူမရှု သင့်ကြောင်းလေ့လာသူများကပြောသည်။ အာဏာသိမ်းပြီးကတည်းက တရုတ်အစိုးရက မြန်မာစစ်အစိုးရကို ထောက်ပံ့နေသည်ဟု မြန်မာလူထုကစွပ်စွဲပြောဆိုခဲ့သည်။

 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိပါက စစ်အစိုးရလက်ထက်တွင်အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် BRI စီမံကိန်းလုပ်ငန်းများကို မလွဲမသွေ ကန့်ကွက်ဆန့်ကျင်ကြမည်ဖြစ်သည်။ ဒီမိုကရေစီအစိုးရသစ်က တရုတ်စီမံကိန်းများကိုရွေးချယ်လက်ခံပါက တရုတ်အစိုးရပိုင်လုပ်ငန်းများမှာ ပြင်းထန်လှသည့်ပြည်တွင်းကန့် သတ်ချက်များနှင့်အတူ ဆက်လက်ဆောင်ရွက်ခွင့်ရမည်ဖြစ်သည်။ ဒီမိုကရေစီအစိုးရသစ်က တရုတ်စီမံကိန်း များကို ပယ်ဖျက်လိုက်ပါက တရုတ်အစိုးရ၏ကာလရှည်စီးပွားရေးစီမံကိန်းများ၏ အကျိုးစီးပွားများမှာ ခြိမ်း ခြောက်ခံရမည်ဖြစ်သည်။

 

Ref: Business as Usual: Chinese Investments After the Myanmar Coup

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Business as Usual: Chinese Investments After the Myanmar Coup

 

#PeopleMedia


Share this post