• Follow Us on

Home စစ်အုပ်စုမှ မည်ကဲ့သို့ဖိနှိပ်နေစေကာမူ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအား ရပ်တန့်မည်မဟုတ်ကြောင်း ဗကသအဖွဲ့ချုပ်ဒုဥက္ကဋ္ဌပြော


Share this post

ရန်ကုန်၊ စက်တင်ဘာ – ၃၀





Photo – ဗကသ

#PeopleMedia #ဗကသ

(Unicode)
စစ်အုပ်စုမှ မည်ကဲ့သို့ဖိနှိပ်နေစေကာမူ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအား ရပ်တန့်မည်မဟုတ်ကြောင်း ဗကသအဖွဲ့ချုပ်ဒုဥက္ကဋ္ဌပြော
……………………………………………….

ရန်ကုန်၊ စက်တင်ဘာ – ၃၀

စစ်အုပ်စုမှ မည်ကဲ့သို့ဖိနှိပ်နေစေကာမူ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအား ရပ်တန့်မည်မဟုတ်ကြောင်း ဗမာနိုင်ငံ လုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးမှ ပြောကြားထားကြောင်း ဗကသများ အဖွဲ့ချုပ်မှ စင်တင်ဘာ ၃၀ ရက်နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်းဖမ်းဆီးခံထားရသော သမဂ္ဂကျောင်းသား (၁၅)ဦးရှိပြီဖြစ်ပြီး ဗကသများအဖွဲ့ချုပ်ဝင်များထဲမှ အမှုတွဲဖွင့်ခံထားရသော ကျောင်းသားနှင့် အမှုမရှိဘဲ လိုက်လံ ဖမ်းဆီးမှုကြောင့် တိမ်းရှောင်နေရသော ကျောင်းသား (၂၃) ဦးရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်လက်ပြီး ဗဟိုအမှုဆောင်အဖွဲ့အနေနှင့် စစ်အုပ်စုမှ မည်သို့ပင်ဖိနှိပ်နေပါစေ စစ်ဆန့် ကျင်ရေးလှုပ်ရှားမှုကို ရပ်တန့်မည်မဟုတ်ဘဲ ရသည့်အနေအထားအလိုက် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ဆက်လက် လှုပ်ရှားသွားမည်ဟု ဒု-ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးမှ ပြောကြားထားသည်။

အလားတူ စက်တင်ဘာ ၁၀ ရက်နေ့မှစတင်ကာ တက္ကသိုလ်အသီးသီးမှ ဗကသအဖွဲ့ချုပ်ဝင် ကျောင်းသား များမှ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ပြည်တွင်းစစ် ချက်ချင်းရပ် စသော စတစ်ကာကမ်ပိန်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်က ဗကသအဖွဲ့ချုပ်ဝင်ကျောင်းသားများသည် NO VOTE ဆန့်ကျင်ရေးလှုပ်ရှား မှုများပြုလုပ်ခဲ့ကြသည်။

Photo – ဗကသ

#PeopleMedia #ဗကသ


Share this post