• Follow Us on

Home စစ္ဥပေဒခ်ဳပ္ၿငိမ္းဦးစိုးေမာင္ဦးေဆာင္သည့္ အမ်ဳိးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီမွ UEC အား တရားစြဲမည္ 

စစ္ဥပေဒခ်ဳပ္ၿငိမ္းဦးစိုးေမာင္ဦးေဆာင္သည့္ အမ်ဳိးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီမွ UEC အား တရားစြဲမည္ 

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၁၁

 

၂၀၂၀ ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ စစ္ဥပေဒခ်ဳပ္ၿငိမ္းဦးစိုးေမာင္ဦးေဆာင္သည့္ အမ်ဳိးသားႏိုင္ငံေရးဒီမိုက ရက္တစ္ပါတီမွ UEC အား အမႈဖြင့္တရားစြဲဆိုသြားမည္ဟု ၎တုိပါတီ၏သေဘာထားကုိ ထုတ္ျပန္ေၾကညာ ခဲ့သည္။

 

အဆိုပါထုတ္ျပန္ခ်က္တြင္ ေရြးေကာက္ပြဲမဲဆြယ္စည္း႐ံုးရာတြင္ ႏိုင္ငံေတာ္အစိုးရမွ ဆင္းရဲသားျပည္သူမ်ားအား ေပးအပ္ေသာ ေငြႏွစ္ေသာင္းကို NLD ပါတီမွေပးျခင္းျဖစ္ေၾကာင္း လိမ္လည္ေျပာဆိုစည္း႐ံုးျခင္း၊ ႏိုင္ငံတစ္၀န္း လံုးတြင္ မသမာေသာမဲလိမ္မဲခိုးမႈမ်ားျဖစ္ေပၚေနျခင္း၊ မဲေပးခြင့္ရွိသည့္ မဲဆႏၵရွင္ဦးေရထက္ ဆႏၵမဲေပးသည့္ လက္မွတ္မ်ား အေရအတြက္ ပိုမိုမ်ားျပားေနျခင္း၊ NLD ပါတီမွ မဲဆြယ္စည္း႐ံုးရာတြင္ ျပည္သူလူထုကို စစ္ဖိနပ္ ေအာက္ျပန္ေရာက္ခ်င္သလားဟု ၀ါဒျဖန္႔၍စည္း႐ံုးျခင္းစသည္တို႔ကို အမ်ဳိးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ (DNP)မွ ႏို၀င္ဘာလ ၉ ရက္ေန႔ ရက္စြဲျဖင့္ ေဖာ္ျပပါရွိသည္။

 

ဆက္လက္ၿပီး ၄င္းမွ ဥပေဒမ်ားကိုခ်ဳိးေဖာက္ေဆာင္ရြက္ခဲ့ေသာ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးလွသိန္းႏွင့္အဖြဲ႕၀င္မ်ား၊ အဆင့္ဆင့္ေသာ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲတာ၀န္ရွိသူမ်ားႏွင့္ သက္ဆိုင္ရာ ရပ္ေက်းေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ႏွင့္ အဖြဲ႕၀င္မ်ားအား အမႈဖြင့္တရားစြဲဆိုသြားမည္ဟု ေရးသား ထားသည္။

 

အလားတူ ယခုက်င္းပခဲ့ေသာ အေထြေထြေရြးေကာက္ပြဲသည္ တရားမွ်တမႈမရွိျခင္း၊ ဘက္လိုက္ျခင္း၊ စံ ၅ ခ်က္ ႏွင့္ကိုက္ညီမႈမရွိျခင္း၊ ဒီမိုကေရစီနည္းလမ္းမက်ျခင္း၊ ပါတီ၏ဥကၠ႒ ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္ေလာင္း သေရစည္သူဦးစိုးေမာင္ႏွင့္ ပါတီမွကိုယ္စားလွယ္ေလာင္းမ်ားကို မဲအႏိုင္မရရွိေအာင္ အကြက္ က်က်ျဖင့္ ႀကိဳတင္ႀကံစည္ေဆာင္ရြက္ထားသျဖင့္ ေရြးေကာက္ပြဲအား အသိမွတ္မျပဳေၾကာင္းႏွင့္ ပံုစံ (၁၉)အား အတည္ျပဳလု္မွတ္ေရးထိုးမည္မဟုတ္ေၾကာင္း သေဘာထားထုတ္ျပန္ခ်က္တြင္ပါရွိသည္။

 

#PeopleMedia #2020electionMyanmar #ဦးစုိးေမာင္

(unicode)

စစ်ဥပဒေချုပ်ငြိမ်းဦးစိုးမောင်ဦးဆောင်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ UEC အား တရားစွဲမည် ………………………………………………………………………

 

ရန်ကုန်၊ နိုဝင်ဘာ ၁၁

 

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ စစ်ဥပဒေချုပ်ငြိမ်းဦးစိုးမောင်ဦးဆောင်သည့် အမျိုးသားနိုင်ငံရေးဒီမိုက ရက်တစ်ပါတီမှ UEC အား အမှုဖွင့်တရားစွဲဆိုသွားမည်ဟု ၎င်းတိုပါတီ၏သဘောထားကို ထုတ်ပြန်ကြေညာ ခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာတွင် နိုင်ငံတော်အစိုးရမှ ဆင်းရဲသားပြည်သူများအား ပေးအပ်သော ငွေနှစ်သောင်းကို NLD ပါတီမှပေးခြင်းဖြစ်ကြောင်း လိမ်လည်ပြောဆိုစည်းရုံးခြင်း၊ နိုင်ငံတစ်ဝန်း လုံးတွင် မသမာသောမဲလိမ်မဲခိုးမှုများဖြစ်ပေါ်နေခြင်း၊ မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေထက် ဆန္ဒမဲပေးသည့် လက်မှတ်များ အရေအတွက် ပိုမိုများပြားနေခြင်း၊ NLD ပါတီမှ မဲဆွယ်စည်းရုံးရာတွင် ပြည်သူလူထုကို စစ်ဖိနပ် အောက်ပြန်ရောက်ချင်သလားဟု ၀ါဒဖြန့်၍စည်းရုံးခြင်းစသည်တို့ကို အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)မှ နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြပါရှိသည်။

 

ဆက်လက်ပြီး ၄င်းမှ ဥပဒေများကိုချိုးဖောက်ဆောင်ရွက်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့ဝင်များ၊ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှုဖွင့်တရားစွဲဆိုသွားမည်ဟု ရေးသား ထားသည်။

 

အလားတူ ယခုကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲသည် တရားမျှတမှုမရှိခြင်း၊ ဘက်လိုက်ခြင်း၊ စံ ၅ ချက် နှင့်ကိုက်ညီမှုမရှိခြင်း၊ ဒီမိုကရေစီနည်းလမ်းမကျခြင်း၊ ပါတီ၏ဥက္ကဋ္ဌ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း သရေစည်သူဦးစိုးမောင်နှင့် ပါတီမှကိုယ်စားလှယ်လောင်းများကို မဲအနိုင်မရရှိအောင် အကွက် ကျကျဖြင့် ကြိုတင်ကြံစည်ဆောင်ရွက်ထားသဖြင့် ရွေးကောက်ပွဲအား အသိမှတ်မပြုကြောင်းနှင့် ပုံစံ (၁၉)အား အတည်ပြုလု်မှတ်ရေးထိုးမည်မဟုတ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင်ပါရှိသည်။

 

#PeopleMedia #2020electionMyanmar #ဦးစိုးမောင်


Share this post