• Follow Us on

Home စစ္ဥပေဒခ်ဳပ္(ၿငိမ္း) ဦးစိုးေမာင္က UEC ဥကၠ႒ အပါအဝင္ ေကာ္မရွင္အဖြဲ႕ဝင္မ်ားကို တရားစြဲဆိုမႈအေပၚ တရားလႊတ္ေတာ္ခ်ဳပ္က အမႈတြဲအား လက္ခံထား

စစ္ဥပေဒခ်ဳပ္(ၿငိမ္း) ဦးစိုးေမာင္က UEC ဥကၠ႒ အပါအဝင္ ေကာ္မရွင္အဖြဲ႕ဝင္မ်ားကို တရားစြဲဆိုမႈအေပၚ တရားလႊတ္ေတာ္ခ်ဳပ္က အမႈတြဲအား လက္ခံထား

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၅ (PeopleMedia)

၂၀၂၀ ေရြးေကာက္ပြဲ၌ မေကြးတိုင္းေဒသႀကီး၊ ေရစႀကိဳၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ စစ္ဥပေဒခ်ဳပ္(ၿငိမ္း) ဦးစိုးေမာင္သည္ ၎ယွဥ္ၿပိဳင္ရာၿမိဳ႕နယ္၌ ဆႏၵမဲ စာအုပ္တစ္ခ်ိဳ႕တြင္ နာမည္ႏွင့္ ပါတီအမည္အမွတ္တံဆိပ္မပါဝင္ျခင္းကိစၥအေပၚ UEC ကို တရားစြဲဆိုနိုင္ရန္ တင္ျပမႈ၌ တရားလႊတ္ေတာ္ခ်ဳပ္တြင္ တင္ျပေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။

ထိုကဲ့သို႔ UEC ကို တရားစြဲဆိုသည့္ကိစၥရပ္အေပၚ တရားလႊတ္ေတာ္ခ်ဳပ္က လက္ခံခဲ့ေၾကာင္း တိုင္ၾကားသူ ဦးစိုးေမာင္က People Media ကို ေျပာဆိုသည္။

တရားစြဲဆိုရာတြင္ UEC ဥကၠ႒ ဦးလွသိန္းႏွင့္ ေကာ္မရွင္ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္နိုင္အပါအဝင္ ေကာ္မရွင္တာ ၀န္ရွိသူ ၁၅ ဦးကို တရားလႊတ္ေတာ္ခ်ဳပ္တြင္တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

ထိုကဲ့သို႔ UEC အဖြဲ႕ဝင္မ်ားကို တရားစြဲဆိုမႈႏွင့္ပတ္သက္၍ People Media က ဦးစိုးေမာင္ထံ ဆက္သြယ္ ေမးျမန္းရာ “တရားစြဲဆိုတာလဲ ဟုတ္တယ္ တရားလႊတ္ေတာ္ခ်ဳပ္က လက္ခံတာလဲဟုတ္တယ္ ေကာ္မ ရွင္အဖြဲ႕ဝင္ေတြအကုန္လုံးကိုစြဲတာ” လို႔ ေျပာသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္သည္ ဒိုင္လူႀကီးအဖြဲ႕ျဖစ္သင့္ၿပီး ဒိုင္လူႀကီးအျဖစ္မေနဘဲ တရားမွ် တမႈမရွိပါက ယင္းအေပၚတြင္ လက္ခံ၍မရေၾကာင္းကိုလဲ သမၼတ႐ုံး ဝန္ႀကီး(ၿငိမ္း) ဦးစိုးေမာင္က ၿပီးခဲ့ သည့္ရက္ပိုင္းက People Media ႏွင့္ အင္တာဗ်ဴးတစ္ခုတြင္ ေျဖဆိုထားသည္။

“အဲ့ဒါေတြက တရားဝင္တင္ျပတာ မွားေနတာေတြလဲ တရားဝင္ျပင္နိုင္ေအာင္ ဆက္လုပ္မယ့္ အမွားအယြင္း ေတြလဲ ဆက္မလုပ္ေအာင္ သတိေပးတားျမစ္တာျဖစ္ပါတယ္” ဟု ဦးစိုးေမာင္က People Media ႏွင့္ အင္တာ ဗ်ဴးတြင္ UEC အား တရားစြဲဆိုမႈႏွင့္ပတ္သက္၍လည္း ေျဖၾကားထားသည္။

ေရြးေကာက္ပြဲႏွင့္သက္ဆိုင္သည့္ အခ်က္အလက္မ်ား ေရးကူးခြင့္ကို တပ္မေတာ္အပါအဝင္ နိုင္ငံေရးပါတီ မ်ားက UEC ထံ တင္ျပေတာင္းခံထားသည္။

သိုေသာ္ UEC က အဆိုပါအခ်က္အလက္မ်ားကို UEC ၏ ခြင့္ျပဳခ်က္မရွိဘဲ ကူးယူခြင့္မျပဳရန္ တိုင္း/ျပည္နယ္ မ်ားရွိ ေကာ္မရွင္အဖြဲ႕ခြဲမ်ားထံ ညႊန္ၾကားထားသည္။

#PeopleMedia #ဦးစိုးေမာင္ #ေရစႀကိဳ

(uncode)
စစ်ဥပဒေချုပ်(ငြိမ်း) ဦးစိုးမောင်က UEC ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်များကို တရားစွဲဆိုမှုအပေါ် တရားလွှတ်တော်ချုပ်က အမှုတွဲအား လက်ခံထား
……………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၅ (PeopleMedia)

၂၀၂၀ ရွေးကောက်ပွဲ၌ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်ဥပဒေချုပ်(ငြိမ်း) ဦးစိုးမောင်သည် ၎င်းယှဉ်ပြိုင်ရာမြို့နယ်၌ ဆန္ဒမဲ စာအုပ်တစ်ချို့တွင် နာမည်နှင့် ပါတီအမည်အမှတ်တံဆိပ်မပါဝင်ခြင်းကိစ္စအပေါ် UEC ကို တရားစွဲဆိုနိုင်ရန် တင်ပြမှု၌ တရားလွှတ်တော်ချုပ်တွင် တင်ပြလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ UEC ကို တရားစွဲဆိုသည့်ကိစ္စရပ်အပေါ် တရားလွှတ်တော်ချုပ်က လက်ခံခဲ့ကြောင်း တိုင်ကြားသူ ဦးစိုးမောင်က People Media ကို ပြောဆိုသည်။

တရားစွဲဆိုရာတွင် UEC ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်အပါအဝင် ကော်မရှင်တာ ဝန်ရှိသူ ၁၅ ဦးကို တရားလွှတ်တော်ချုပ်တွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ UEC အဖွဲ့ဝင်များကို တရားစွဲဆိုမှုနှင့်ပတ်သက်၍ People Media က ဦးစိုးမောင်ထံ ဆက်သွယ် မေးမြန်းရာ “တရားစွဲဆိုတာလဲ ဟုတ်တယ် တရားလွှတ်တော်ချုပ်က လက်ခံတာလဲဟုတ်တယ် ကော်မ ရှင်အဖွဲ့ဝင်တွေအကုန်လုံးကိုစွဲတာ” လို့ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဒိုင်လူကြီးအဖွဲ့ဖြစ်သင့်ပြီး ဒိုင်လူကြီးအဖြစ်မနေဘဲ တရားမျှ တမှုမရှိပါက ယင်းအပေါ်တွင် လက်ခံ၍မရကြောင်းကိုလဲ သမ္မတရုံး ဝန်ကြီး(ငြိမ်း) ဦးစိုးမောင်က ပြီးခဲ့ သည့်ရက်ပိုင်းက People Media နှင့် အင်တာဗျူးတစ်ခုတွင် ဖြေဆိုထားသည်။

“အဲ့ဒါတွေက တရားဝင်တင်ပြတာ မှားနေတာတွေလဲ တရားဝင်ပြင်နိုင်အောင် ဆက်လုပ်မယ့် အမှားအယွင်း တွေလဲ ဆက်မလုပ်အောင် သတိပေးတားမြစ်တာဖြစ်ပါတယ်” ဟု ဦးစိုးမောင်က People Media နှင့် အင်တာ ဗျူးတွင် UEC အား တရားစွဲဆိုမှုနှင့်ပတ်သက်၍လည်း ဖြေကြားထားသည်။

ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အချက်အလက်များ ရေးကူးခွင့်ကို တပ်မတော်အပါအဝင် နိုင်ငံရေးပါတီ များက UEC ထံ တင်ပြတောင်းခံထားသည်။

သိုသော် UEC က အဆိုပါအချက်အလက်များကို UEC ၏ ခွင့်ပြုချက်မရှိဘဲ ကူးယူခွင့်မပြုရန် တိုင်း/ပြည်နယ် များရှိ ကော်မရှင်အဖွဲ့ခွဲများထံ ညွှန်ကြားထားသည်။

#PeopleMedia #ဦးစိုးမောင် #ရေစကြို


Share this post