• Follow Us on

Home စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင် ရေးမှူးချုပ်များ အစည်းအဝေး တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်စစ်ဆင်ရေးမှူးချုပ် များနှင့် နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံ

စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင် ရေးမှူးချုပ်များ အစည်းအဝေး တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်စစ်ဆင်ရေးမှူးချုပ် များနှင့် နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံ

Share this post

နေပြည်တော်၊ မတ် ၁၇

 

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) သို့ တက်ရောက်ခဲ့သည့် မြန်မာ့ တပ်မတော်မှ စစ်ဦးစီး အရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့ တွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံမှ (12th AMOM) ဥက္ကဋ္ဌဖြစ်သူ အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ် Major General Pen Sokrethvithyea၊ ထိုင်းနိုင်ငံမှ Lieutenant General Chitchanok Nujjaya၊ ဖိလစ်ပိုင်နိုင်ငံမှ Major General Alex S Rillera Pa၊ လာအိုနိုင်ငံမှ Brigadier General Sonethong Keolokham၊ ဘူရူးနိုင်း နိုင်ငံမှ Col. Saifulrizal bin Abdul Latif တို့နှင့် သီးခြားစီတွေ့ဆုံသည်။

 

အဆိုပါတွေ့ဆုံပွဲများတွင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်မှု ဆိုင်ရာကိစ္စရပ်များနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြကြောင်း MOI ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 

#PeopleMedia


Share this post