• Follow Us on

Home စစ္ေတြသို႔ Gene Xpert စက္ ၁ လုံး ေပးပို႔ကာ ဓါတ္ခြဲစစ္ေဆးမႈမ်ားတိုးႁမွင့္လုပ္ေဆာင္မည္ဟု ျပည္ေထာင္စု ၀န္ႀကီးေဒါက္တာျမင့္ေထြးေျပာ

စစ္ေတြသို႔ Gene Xpert စက္ ၁ လုံး ေပးပို႔ကာ ဓါတ္ခြဲစစ္ေဆးမႈမ်ားတိုးႁမွင့္လုပ္ေဆာင္မည္ဟု ျပည္ေထာင္စု ၀န္ႀကီးေဒါက္တာျမင့္ေထြးေျပာ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၀

ရခိုင္ျပည္နယ္ စစ္ေတြသို႔ Gene Xpert စက္၁လုံး ေပးပို႔ကာ ဓါတ္ခြဲ စစ္ေဆးမႈမ်ားတိုးႁမွင့္လုပ္ေဆာင္မည္ဟု ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးေျပာၾကားလိုက္သည္။

ေနျပည္ေတာ္တြင္ ၾသဂုတ္လ ၁၉ရက္ ၿဗိတိန္ သံ႐ုံးယာယီတာ၀န္ခံႏွင့္ေတြ႕ဆုံရာတြင္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒၚကတာျမင့္ေထြးကေျပာၾကားခဲ့သည္။

“စစ္ေတြၿမိဳ႕မွ ဓါတ္ခြဲနမူနာမ်ားကို စစ္ေတြျမဳိ႔တြင္ Gene Xpert သုံးကာ covid 19 စစ္ေဆးမႈမ်ားျပဳလုပ္ ေနပါတယ္။ ဒါကို NHL ရန္ကုန္ကလည္းထပ္မံၿပီးေတာ့ တိုက္ဆိုင္စစ္ေဆးလ်က္ရွိပါတယ္။ ေနာက္ထပ္လည္း စစ္ေတြၿမိဳ႕ကို Gene Xpert စက္၁လုံးထပ္မံေပးပို႔ၿပီး ဓါတ္ခြဲစစ္ေဆးမႈမ်ား တိုးႁမွင့္လုပ္ေဆာင္သြားမွာျဖစ္ပါ တယ္’’ ဟု ၎ကေျပာသည္။

ၾသဂုတ္လ ၁၆ရက္ေန႔ လူနာအမွတ္ (၃၇၅ )မ၂၆ႏွစ္ သည္ covid 19 ေရာဂါပိုးရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန မွထုတ္ျပန္ေၾကညာၿပီးေနာက္ ျပည္တြင္းကူးစက္မႈအသစ္ တစ္လခန္႔အၾကာတြင္ ျပန္လည္ေတြ႕ရွိျခင္းျဖစ္သည္။

လက္ရွိ၌ COVID-19 ဓါတ္ခြဲအတည္ျပဳလူနာ ၃၉၆ဦး၊ ေရာဂါပိုးျပန္လည္ကင္းစင္လာသူ၃၃၃ဦး၊ေသဆုံးသူ ၆ဦးရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #စစ္ေတြ

(unicode)
စစ်တွေသို့ Gene Xpert စက် ၁ လုံး ပေးပို့ကာ ဓါတ်ခွဲစစ်ဆေးမှုများတိုးမြှင့်လုပ်ဆောင်မည်ဟု ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးပြော
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၀

ရခိုင်ပြည်နယ် စစ်တွေသို့ Gene Xpert စက်၁လုံး ပေးပို့ကာ ဓါတ်ခွဲ စစ်ဆေးမှုများတိုးမြှင့်လုပ်ဆောင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောကြားလိုက်သည်။

နေပြည်တော်တွင် ဩဂုတ်လ ၁၉ရက် ဗြိတိန် သံရုံးယာယီတာဝန်ခံနှင့်တွေ့ဆုံရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ကတာမြင့်ထွေးကပြောကြားခဲ့သည်။

“စစ်တွေမြို့မှ ဓါတ်ခွဲနမူနာများကို စစ်တွေမြို့တွင် Gene Xpert သုံးကာ covid 19 စစ်ဆေးမှုများပြုလုပ် နေပါတယ်။ ဒါကို NHL ရန်ကုန်ကလည်းထပ်မံပြီးတော့ တိုက်ဆိုင်စစ်ဆေးလျက်ရှိပါတယ်။ နောက်ထပ်လည်း စစ်တွေမြို့ကို Gene Xpert စက်၁လုံးထပ်မံပေးပို့ပြီး ဓါတ်ခွဲစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပါ တယ်’’ ဟု ၎င်းကပြောသည်။

ဩဂုတ်လ ၁၆ရက်နေ့ လူနာအမှတ် (၃၇၅ )မ၂၆နှစ် သည် covid 19 ရောဂါပိုးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ကြေညာပြီးနောက် ပြည်တွင်းကူးစက်မှုအသစ် တစ်လခန့်အကြာတွင် ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။

လက်ရှိ၌ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ ၃၉၆ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ၃၃၃ဦး၊သေဆုံးသူ ၆ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #စစ်တွေ


Share this post