• Follow Us on

Home စစ်တွေလေဆိပ်၌ နိုင်ငံသားစိစစ်ရေးကတ်အတုကိုင်ဆောင်သူ ဘင်္ဂလီ (၂) ဦး ဖမ်းဆီးခံရ၊ ၎င်းတို့၏ မှတ်ပုံ တင်အတု လိပ်စာသည် ကျောက်တန်းမြို့နှင့် သာကေတမြို့လို့ ဖော်ပြထား

စစ်တွေလေဆိပ်၌ နိုင်ငံသားစိစစ်ရေးကတ်အတုကိုင်ဆောင်သူ ဘင်္ဂလီ (၂) ဦး ဖမ်းဆီးခံရ၊ ၎င်းတို့၏ မှတ်ပုံ တင်အတု လိပ်စာသည် ကျောက်တန်းမြို့နှင့် သာကေတမြို့လို့ ဖော်ပြထား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂ (People Media)

 

ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်၌ စစ်တွေ-ရန်ကုန်သို့ လိုက်ပါမည့် ခရီးသည်များကို တာဝန်ရှိသူများက စစ် ဆေးရာ နိုင်ငံသားစိစစ်ရေးကတ်အတုကိုင်ဆောင်သူဘင်္ဂလီ (၂) ဦး ဖမ်းဆီးခံရပြီး ၎င်းတို့၏ မှတ်ပုံတင်အတု လိပ်စာသည် ကျောက်တန်းမြို့နှင့် သာကေတမြို့များလို့ ဖော်ပြထားသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က စစ်တွေလေဆိပ်မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည်များကို ပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပီလီခတ်ကျေးရွာနေ မာမွတ်ဆွားလေး(ဘ)မာမာတ်တာဟဲရ်၊ အသက် ၂၂ နှစ်၊ ဘင်္ဂလီ/ဗမာ/အစ္စလာမ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ နဝရတ်(၉)လမ်း၊ အိမ်အမှတ်(၁၁၇၂)နေ မာမတ်ကူဘဲရ်(ဘ) အာ မ်ရ်ဟာမ်ဇာ၊ အသက် ၂၀ နှစ်၊ ဘင်္ဂါလီ/ဗမာ/အစ္စလာမ် ကိုင်ဆောင်လာသည့် နိုင်ငံသားစိစစ်ရေးကတ်တို့သည့် အတုကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် မှတ်ပုံတင်အတု ကိုင်ဆောင်သည့် ဘင်္ဂလီနှစ်ဦးကို လဝကဥပဒေဖြင့် အရေးယူထား ကြောင်း ရခိုင့်နေစဉ်၏ ဖော်ပြချက်အရ သိရသည်။ အလားတူ စစ်ဆွေလေဆိပ်၌ မှတ်ပုံတင် အတုကိုင် ဆောင်သည့် ဘင်္ဂလီများသည် မကြာခဏဖမ်းဆီးခြင်းခံရလျက်ရှိသည်။

 

#PeopleMedia #ဘင်္ဂလီ

 

(unicode)


…………………………………………………………………

 


 


 


 


 

#PeopleMedia #ဘငျ်ဂလီ


Share this post