• Follow Us on
Latest News

Home စစ်တွေမြို့ရှိ သက်တော် (၇၉) နှစ်ရှိသည့် ဓာတ်လယ်ကျောက်တိုက်ဆရာတော်ကြီး COVID-19 ရောဂါ ပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရ

စစ်တွေမြို့ရှိ သက်တော် (၇၉) နှစ်ရှိသည့် ဓာတ်လယ်ကျောက်တိုက်ဆရာတော်ကြီး COVID-19 ရောဂါ ပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရ

Share this post

ရခိုင်၊ ဇူလိုင် ၃၀ (People Media)

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သက်တော် (၇၉) နှစ်ရှိပြီဖြစ်တဲ့ ဓာတ်လယ်ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တ သုဝဏ္ဏ မဟာကမ္မာဠာနာစရိယဟာ COVID-19 ရောဂါပျောက်ကင်းသွားသည့်အတွက် ဇူလိုင်လ ၂၉ ရက်က ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ စစ်တွေဆေးရုံကြီးတွင် ကူညီဆောင်ရွက်ပေးနေတဲ့ ကိုမြတ်ကျော်က People Media ကို ပြောပါတယ်။

 

“ဆရာတော်ကြီး ကိုဗစ်သက်သာလို့ ဆေးရုံက ဆင်းသွားပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ လိုအပ်နေ သေးတာပေါ့။ ကျောင်းမှာဘဲ ဆက်ပြီး ကျန်မာရေးစောင့်ရှောက်မှုခံရမယ့်သဘောရှိပါတယ်” လို့ ၎င်းက ထပ်မံ ပြောပါတယ်။

 

ဆရာတော်ကြီးဟာ သက်တော် (၇၉) နှစ်၊ ဝါတော် (၅၉) ဝါရှိပြီဖြစ်ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့က စတင် ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပြီး၊ ယခုအခါ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတာဖြစ်ပါတယ်။

 

ဆရာတော်ကြီး ဘဒ္ဒန္တသုဝဏ္ဏ မဟာကမ္မာဠာနာစရိယဟာ စစ်တွေမြို့ရဲ့ အထင်ကရဆရာတော်ကြီးတစ်ပါး လည်း ဖြစ်ပါတယ်။

 

#PeopleMedia #သာသနာရေး #စစ်တွေမြို့ #COVID19

 

(unicode)


…………………………………………………

 


 


 


 


 

ဆရာတောျကွီး ဘဒ်ဒန်တသုဝဏ်ဏ မဟာကမ်မာဠာနာစရိယဟာ စဈတှမွေို့ရဲ့ အထငျကရဆရာတောျကွီးတဈပါး လညျး ဖွဈပါတယျ။

 

#PeopleMedia #သာသနာရေး #စဈတှမွေို့ #COVID19


Share this post