• Follow Us on

Home စစ္ေတြၿမိဳ႕၊ မင္းဂံဆိပ္ကမ္းအနီး AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕ ေထာင္ထားသည့္ ရီမုမိုင္းႏွစ္လုံး သိမ္းဆည္းရမိ ေၾကာင္း တပ္မေတာ္ ထုတ္ျပန္

စစ္ေတြၿမိဳ႕၊ မင္းဂံဆိပ္ကမ္းအနီး AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕ ေထာင္ထားသည့္ ရီမုမိုင္းႏွစ္လုံး သိမ္းဆည္းရမိ ေၾကာင္း တပ္မေတာ္ ထုတ္ျပန္

Share this post

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ (၁၀)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္ အတြင္းရွိ တပ္မေတာ္သားမ်ား အတြက္ ေရာက္ရွိလာေသာ ရိကၡာမ်ားကို တင္ေဆာင္၍ ထြက္ခြာလာသည့္ ယာဉ္တန္းကို ေဖေဖာ္ဝါရီ ၈ ရက္ နံနက္ပိုင္းတြင္ စစ္ေတြၿမိဳ႕၊ မင္းဂံဆိပ္ကမ္း၏ ေတာင္ဘက္ မီတာ ၂၅၀၀ ခန္႔အကြာသို႔ အေရာက္တြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕က ကားလမ္း၏ ဝဲ/ယာဘက္မွ ရီမုမိုင္းႏွစ္လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့သည္။

တိုက္ခိုက္မႈေၾကာင့္ လူ/ယာဉ္ တစ္စုံတစ္ရာထိခိုက္မႈ မရွိေၾကာင္း သိရွိရသည္။ အဆိုပါေနရာတစ္ဝိုက္အား တပ္မေတာ္ အင္ဂ်င္နီယာ တပ္ဖြဲ႕ဝင္မ်ားက အေသးစိတ္ ရွင္းလင္းစစ္ေဆးစဉ္ ကြန္ၾကဴပိုက္ျဖင့္ ျပဳလုပ္ထားေသာ အခ်င္း ၁၂ လက္မ၊ အျမင့္ ၈ လက္မခန္႔ရွိ ရီမုမိုင္းႏွစ္လုံးအား ေဖာ္ထုတ္သိမ္းဆည္း ရမိခဲ့ၿပီး ခရီးသြား ျပည္သူလူထုမ်ား အႏၲရာယ္ ကင္းရွင္းႏိုင္ေရး အတြက္ ရီမုမိုင္းႏွစ္လုံးအား သက္မဲ့ျပဳလုပ္ သိမ္းဆည္းခဲ့ေၾကာင္းႏွင့္ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

#peoplemedia

(unicode)
စစ်တွေမြို့၊ မင်းဂံဆိပ်ကမ်းအနီး AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် ရီမုမိုင်းနှစ်လုံး သိမ်းဆည်းရမိ ကြောင်း တပ်မတော် ထုတ်ပြန်
…………………………………………………………………………………………

နေပြည်တော် ဖေဖော်ဝါရီ (၁၀)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အတွင်းရှိ တပ်မတော်သားများ အတွက် ရောက်ရှိလာသော ရိက္ခာများကို တင်ဆောင်၍ ထွက်ခွာလာသည့် ယာဉ်တန်းကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့၊ မင်းဂံဆိပ်ကမ်း၏ တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာသို့ အရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ကားလမ်း၏ ဝဲ/ယာဘက်မှ ရီမုမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် လူ/ယာဉ် တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း သိရှိရသည်။ အဆိုပါနေရာတစ်ဝိုက်အား တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက အသေးစိတ် ရှင်းလင်းစစ်ဆေးစဉ် ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၁၂ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ရီမုမိုင်းနှစ်လုံးအား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ပြီး ခရီးသွား ပြည်သူလူထုများ အန္တရာယ် ကင်းရှင်းနိုင်ရေး အတွက် ရီမုမိုင်းနှစ်လုံးအား သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်းနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

#peoplemedia


Share this post