• Follow Us on

Home စစ်တွေမြို့၌ ညမထွက်ရအမိန့်ထွေအုပ်ထုတ်ပြန်


Share this post

ရန်ကုန်၊ သြဂုတ်လ ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ သြဂုတ်လ၂၁ရက်မှ စတင်၍ ညမထွက်ရအမိန့်ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်အရ ညမထွက်ရအမိန့်သည် ၂ လသက်တမ်းရှိပြီး သြဂုတ်လ ၂၁ရက်မှ စတင်ကာ ည၉နာရီမှ မနက် ၄နာရီ အတွင်း ထွက်ခွာခြင်းမပြုရဟုဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် စစ်တွေတွင် သြဂုတ်လအတွင်း CBဘဏ် ၀န်ထမ်းတစ်ဦးဖြစ်သည့် လူနာအမှတ်၃၇၅သည် COVID-19ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုပြီးနောက် ပြည်တွင်း ကူးစက်မှုအသစ်များ တွေ့ရှိမှုမြင့်တက်ခဲ့သည်။


သြဂုတ်လ ၂၁ရက်မနက်၈နာရီအထိ မြန်မာနိုင်ငံတွင် covid 19ဓါတ်ခွဲ အတည်ပြုလူနာ ၄၀၉ဦး ၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၃၃၃ဦး၊ သေဆုံးသူ၆ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကထုတ်ပြန်ထားသည်။


(unicode)
စစ်တွေမြို့၌ ညမထွက်ရအမိန့်ထွေအုပ်ထုတ်ပြန်
…………………………………………

ရန်ကုန်၊ ဩဂုတ်လ ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဩဂုတ်လ၂၁ရက်မှ စတင်၍ ညမထွက်ရအမိန့်ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်အရ ညမထွက်ရအမိန့်သည် ၂ လသက်တမ်းရှိပြီး ဩဂုတ်လ ၂၁ရက်မှ စတင်ကာ ည၉နာရီမှ မနက် ၄နာရီ အတွင်း ထွက်ခွာခြင်းမပြုရဟုဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် စစ်တွေတွင် ဩဂုတ်လအတွင်း CBဘဏ် ဝန်ထမ်းတစ်ဦးဖြစ်သည့် လူနာအမှတ်၃၇၅သည် COVID-19ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုပြီးနောက် ပြည်တွင်း ကူးစက်မှုအသစ်များ တွေ့ရှိမှုမြင့်တက်ခဲ့သည်။

လူဦးရေ ၁၄၇၈၉၉ဦးရှိသည့် စစ်တွေမြို့တွင် လတ်တလောနေအိမ်ထဲတွင်သာနေထိုင်ရန် ပြည်နယ်အစိုးရ အဖွဲ့က ညွှန်ကြားမိန့်ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၁ရက်မနက်၈နာရီအထိ မြန်မာနိုင်ငံတွင် covid 19ဓါတ်ခွဲ အတည်ပြုလူနာ ၄၀၉ဦး ၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၃၃၃ဦး၊ သေဆုံးသူ၆ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကထုတ်ပြန်ထားသည်။

#PeopleMedia #COVID #စစ်တွေ


Share this post