• Follow Us on
Latest News

Home စစ္ေတြၿမိဳ႕၌ ရဲတပ္ၾကပ္တစ္ဦး လုပ္ႀကံခံရ၍ ေသဆုံး၊ တရားခံကုိ စုံစမ္းဆဲဟုဆုိ

စစ္ေတြၿမိဳ႕၌ ရဲတပ္ၾကပ္တစ္ဦး လုပ္ႀကံခံရ၍ ေသဆုံး၊ တရားခံကုိ စုံစမ္းဆဲဟုဆုိ

Share this post

ရန္ကုန္၊ ဇြန္ ၃၀

 

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မရဲစခန္းတြင္ တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ ရဲတပ္ၾကပ္ႀကီး ေမာင္ေမာင္သန္း(ဘ) ဦးေမာင္ၾကာ ေအာင္သည္ ဇြန္ ၂၉ ရက္ ည ၈ နာရီ ၅ မိနစ္ခန႔္တြင္ လုပ္ႀကံခံရ၍ ေသဆုံးခဲ့သည္။

 

ျဖစ္စဥ္မွာ ဇြန္(၂၉)ရက္၌ စစ္ေတြၿမိဳ႕၊ မက်ည္းၿမိဳင္ရပ္ကြက္၊ အကြက္(၃)၊ မဏိပူရလမ္းရွိ ၎၏ ေနအိမ္သို႔ လာေရာက္စဥ္ ေနအိမ္အဝင္ဝ၌ အသင့္ေစာင့္ဆိုင္းေနသည့္ အမည္မသိ အမ်ိဳးသား ၂ ဦးက အသင့္ပါလာေသာ သံတုတ္၊ ဓားျမႇောင္တို႔ျဖင့္ ဝိုင္းဝန္းတိုက္ခိုက္ခဲ့သည္။

 

တိုက္ခိုက္မႈေၾကာင့္ ရဲတပ္ၾကပ္ႀကီး ေမာင္ေမာင္သန္း၏ ဝမ္းဗိုက္ဝဲဘက္တြင္ ထိုးသြင္းဒဏ္ရာ ၄ ခ်က္၊ ဝဲဘက္ရင္အုံတြင္ ထိုးသြင္းဒဏ္ရာ ၂ ခ်က္၊ ဝဲဘက္နံေဘးတြင္ ထိုးသြင္းဒဏ္ရာ ၁ ခ်က္တို႔ ရရွိခဲ့သည္။

 

အဆုိပါ ဓါးဒဏ္ရာေၾကာင့္ ရဲတပ္ၾကပ္ႀကီးသည္ စစ္ေတြၿမိဳ႕ျပည္သူ႔ေဆးရုံ၌ ေဆးဝါးကုသေနစဥ္ ည(၉)နာရီအခ်ိန္၌ ကြယ္လြန္ခဲ့သည္။

 

ျဖစ္စဥ္အေပၚ ရဲတပ္ဖြဲ႕မွ စုံစမ္းလ်က္ရွိၿပီး က်ဳးလြန္သူကုိ ဖမ္းမမိေသးေၾကာင္း ရဲတပ္ဖြဲ႕ဝင္အခ်ဳိ႕က အတည္ျပဳသည္။

 

အလားတူ စစ္ေတြအပါအဝင္ ရခုိင္ျပည္နယ္၌ တာဝန္ထမ္းေဆာင္သည့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ တပ္ေတာ္သားမ်ားႏွင့္ စစ္မႈထမ္း ေဟာင္းမ်ား မၾကာခဏလုပ္ႀကံခံရမႈရွိေသာ္လည္း သက္ဆုိင္ရာမွ ဖမ္းဆီးႏုိင္ျခင္းမရွိပါ။

 

#PeopleMedia #စစ္ေတြ

 

(unicode)

စစ်တွေမြို့၌ ရဲတပ်ကြပ်တစ်ဦး လုပ်ကြံခံရ၍ သေဆုံး၊ တရားခံကို စုံစမ်းဆဲဟုဆို
…………………………………………………………………………….

ရန်ကုန်၊ ဇွန် ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း(ဘ) ဦးမောင်ကြာ အောင်သည် ဇွန် ၂၉ ရက် ည ၈ နာရီ ၅ မိနစ်ခန့်တွင် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ဇွန်(၂၉)ရက်၌ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက်(၃)၊ မဏိပူရလမ်းရှိ ၎င်း၏ နေအိမ်သို့ လာရောက်စဉ် နေအိမ်အဝင်ဝ၌ အသင့်စောင့်ဆိုင်းနေသည့် အမည်မသိ အမျိုးသား ၂ ဦးက အသင့်ပါလာသော သံတုတ်၊ ဓားမြှာေင်တို့ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း၏ ဝမ်းဗိုက်ဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့သည်။

အဆိုပါ ဓါးဒဏ်ရာကြောင့် ရဲတပ်ကြပ်ကြီးသည် စစ်တွေမြို့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသနေစဉ် ည(၉)နာရီအချိန်၌ ကွယ်လွန်ခဲ့သည်။

ဖြစ်စဉ်အပေါ် ရဲတပ်ဖွဲ့မှ စုံစမ်းလျက်ရှိပြီး ကျုးလွန်သူကို ဖမ်းမမိသေးကြောင်း ရဲတပ်ဖွဲ့ဝင်အချို့က အတည်ပြုသည်။

အလားတူ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်၌ တာဝန်ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်တော်သားများနှင့် စစ်မှုထမ်း ဟောင်းများ မကြာခဏလုပ်ကြံခံရမှုရှိသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးနိုင်ခြင်းမရှိပါ။

#PeopleMedia #စစ်တွေ


Share this post