• Follow Us on

Home စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ပြင်၌ စက်လှေတစ်စီးပေါ်တွင် ဘင်္ဂလီ ၂၂၈ ဦး ဖမ်းဆီးရမိ

စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ပြင်၌ စက်လှေတစ်စီးပေါ်တွင် ဘင်္ဂလီ ၂၂၈ ဦး ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၃၀ (People Media)

 

နိုဝင်ဘာ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ ပင်လယ်၌  နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် စက်လှေ ၁ စီးပေါ်၌ ဘင်္ဂလီ ၂၂၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။

 

တပ်မတော်(ရေ)မှ လုံခြုံရေးဆောင်ရွက်နေစဉ် ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မသင်္ကာဖွယ် စက် လှေ ၁ စီးအား တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၅၉ ပေ၊ ၁ လက်မ၊ အနံ ၁၄ ပေ ၉ လက်မ၊ ရေစူး ၅ ပေခန့်အရွယ် သစ်သားကိုယ်ထည် ဝဒီထွန်း(၅)အမည်ရှိ စက်လှေ ၁ စီးပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုး သား ၇၀ ဦး၊ အမျိုးသမီး ၁၂၅ ဦး၊ ကလေး ၃၃ ဦး၊ စုစုပေါင်း ၂၂၈ ဦးနှင့် လှေလုပ်သား မြန်မာလူမျိုးတရားခံ အမျိုးသား ၅ ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း သဘာဝသယံဇာတများ တရားမဝင် ထုတ်ယူခြင်း၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်မှောင်ခိုပစ္စည်းများနှင့် လူများဖြတ်သန်းသယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်နိုင်ရေးအတွက် တပ်မ တော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေ့ညမပြတ် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 

#PeopleMedia #ဘင်္ဂလီ

 

(unicode)


…………………………………………………………

 


 


 


 


 


 

#PeopleMedia #ဘငျ်ဂလီ


Share this post