• Follow Us on

Home စစ္ေတြၿမိဳ​့ နည္းပညာေကာလိပ္ အနီး၌ AA မွ ေထာင္ထားသည့္ လက္လုပ္ရီမုမိုင္း ၂ လုံး ကို တပ္မေတာ္က ေဖာ္ထုတ္ရွင္းလင္း

စစ္ေတြၿမိဳ​့ နည္းပညာေကာလိပ္ အနီး၌ AA မွ ေထာင္ထားသည့္ လက္လုပ္ရီမုမိုင္း ၂ လုံး ကို တပ္မေတာ္က ေဖာ္ထုတ္ရွင္းလင္း

Share this post

ရန္ကုန္၊ ဇူလိုင္ – ၁၁

ရခိုင္ျပည္နယ္၊ စစ္ေတြ-ေရခ်မ္းျပင္သြားကားလမ္းေဘး၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ေဒသႏၲရလက္လုပ္ရီမုမိုင္းမ်ား ေထာင္ထားေၾကာင္း သတင္းရရွိသျဖင့္ တပ္မေတာ္အင္ဂ်င္နီယာတပ္ဖြဲ႕ဝင္မ်ားက လိုက္လံရွင္းလင္းေဖာ္ထုတ္စဥ္ ေရခ်မ္းျပင္ေက်း႐ြာ၏ အေရွ႕ေတာင္ဘက္ မီတာ ၆၇၀ အကြာ နည္းပညာေကာလိပ္ (GTC) ေရွ႕ရွိ စစ္ေတြ-ေရခ်မ္းျပင္သြားကားလမ္း ဝဲဘက္ေနရာမ်ား၌ ေဒသႏၲရလက္လုပ္ရီမုမိုင္း ၂ လုံး ေဖာ္ထုတ္ရရွိသည္။

ရွင္းလင္းေဖာ္ထုတ္ရရွိခဲ့သည့္ ေဒသႏၲရလက္လုပ္ရီမုမိုင္း ၂ လုံးကို ခရီးသြားျပည္သူမ်ား အႏၲရာယ္ကင္းရွင္းေစေရးအတြက္ တပ္မေတာ္အင္ဂ်င္နီယာတပ္ဖြဲ႕ဝင္မ်ားက သက္မဲ့ျပဳလုပ္၍ စနစ္တက် သိမ္းဆည္းခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #စစ္ေတြ

[Unicode]
စစ်တွေမြို​့ နည်းပညာကောလိပ် အနီး၌ AA မှ ထောင်ထားသည့် လက်လုပ်ရီမုမိုင်း ၂ လုံး ကို တပ်မတော်က ဖော်ထုတ်ရှင်းလင်း
=============================================
ရန်ကုန်၊ ဇူလိုင် – ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေ-ရေချမ်းပြင်သွားကားလမ်းဘေး၌ AA အကြမ်းဖက်သောင်းကျန်းသူများက ဒေသန္တရလက်လုပ်ရီမုမိုင်းများ ထောင်ထားကြောင်း သတင်းရရှိသဖြင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းဖော်ထုတ်စဉ် ရေချမ်းပြင်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၆၇၀ အကွာ နည်းပညာကောလိပ် (GTC) ရှေ့ရှိ စစ်တွေ-ရေချမ်းပြင်သွားကားလမ်း ဝဲဘက်နေရာများ၌ ဒေသန္တရလက်လုပ်ရီမုမိုင်း ၂ လုံး ဖော်ထုတ်ရရှိသည်။

ရှင်းလင်းဖော်ထုတ်ရရှိခဲ့သည့် ဒေသန္တရလက်လုပ်ရီမုမိုင်း ၂ လုံးကို ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်၍ စနစ်တကျ သိမ်းဆည်းခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #စစ်တွေ


Share this post