• Follow Us on

Home စစ္ေတြ-ေရခ်မ္းျပင္သြားကားလမ္း၌ AA ေထာင္ထားသည့္ ေဒသႏၲရလက္လုပ္ရီမုမိုင္း ၁ လုံးေပါက္ကြဲမႈျဖစ္

စစ္ေတြ-ေရခ်မ္းျပင္သြားကားလမ္း၌ AA ေထာင္ထားသည့္ ေဒသႏၲရလက္လုပ္ရီမုမိုင္း ၁ လုံးေပါက္ကြဲမႈျဖစ္

Share this post

ရန္ကုန္၊ ဇြန္ – ၂၇

ရခိုင္ျပည္နယ္၊ စစ္ေတြ-ေရခ်မ္းျပင္သြားကားလမ္းေပၚ၌ AA က ေဒသႏၲရလက္လုပ္ရီမုမိုင္းမ်ားေထာင္ထားေၾကာင္းသတင္းရရွိသျဖင့္ တပ္မေတာ္အင္ဂ်င္နီယာတပ္ဖြဲ႕ဝင္မ်ားက လိုက္လံရွင္းလင္းေဖာ္ထုတ္စဉ္ ေဒသႏၲရလက္လုပ္ရီမုရမိုင္း ၁ လုံး ေပါက္ကြဲခဲ့ၿပီး ေဒသႏၲရလက္လုပ္ရီမုမိုင္း ၅ လုံး ေဖာ္ထုတ္ရရွိခဲ့သည္။

ျဖစ္စဉ္မွာ စစ္ေတြ-ေရခ်မ္းျပင္သြားကားလမ္းတြင္ AA က မိုင္းေထာင္ထားေၾကာင္း တာဝန္သိျပည္သူမ်ားက သတင္းေပးပို႔ခဲ့သျဖင့္ ယေန႔ မြန္းလြဲပိုင္းတြင္ တပ္မေတာ္အင္ဂ်င္နီယာတပ္ဖြဲ႕ဝင္မ်ားျဖင့္ လိုက္လံရွင္းလင္းေဖာ္ထုတ္ခဲ့ေၾကာင္း၊ ထိုသို႔ရွင္းလင္းေဖာ္ထုတ္စဉ္ စစ္ေတြၿမိဳ႕၊ နည္းပညာေကာလိပ္(GTC)ေရွ႕ရွိ စစ္ေတြ-ေရခ်မ္းျပင္သြားကားလမ္း၏ ဝဲ၊ ယာ ဘက္ျခမ္းမ်ား၌ ေဒသႏၲရလက္လုပ္ရီမုမိုင္း ၂ လုံးေတြ႕ရွိခဲ့သျဖင့္ ရွင္းလင္း ေဆာင္ရြက္ခ်ိန္တြင္ ကားလမ္း၏ယာဘက္ျခမ္းရွိ ေဒသႏၲရလက္လုပ္ရီမုမိုင္း ၁ လုံး ေပါက္ကြဲခဲ့ေၾကာင္း၊ မိုင္းေပါက္ကြဲမႈေၾကာင့္ ထိခိုက္မႈမရွိေၾကာင္းႏွင့္ အမ်ားျပည္သူမ်ား အႏၲရာယ္မျဖစ္ေစေရး စစ္ေျမျပင္အင္ဂ်င္နီယာတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္စစ္ေဆးေဆာင္ရြက္စဉ္ ေဒသႏၲရလက္လုပ္ရီမုမိုင္း ၃ လုံး ထပ္မံေတြ႕ရွိ ခဲ့ရၿပီး သက္မဲ့ျပဳလုပ္၍စနစ္တက် သိမ္းဆည္းခဲ့သည္။

AA အေနျဖင့္ ေက်းရြာမ်ားအနီးႏွင့္ အမ်ားျပည္သူမ်ားအသုံးျပဳလ်က္ရွိသည့္ ကားလမ္းမ်ားတြင္ မိုင္းေထာင္၊ မိုင္းဆြဲ တိုက္ခိုက္ျခင္းမ်ား ေဆာင္ရြက္လ်က္ရွိျခင္းေၾကာင့္ ၂ဝ၁၇ ခုႏွစ္၊ ႏိုဝင္ဘာ ၃ဝ ရက္မွ ယေန႔အထိ အျပစ္မဲ့ျပည္သူ ၁၆ ဦး ေသဆုံးခဲ့ကာ ၅၄ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းတပ္မေတာ္မွ သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #AA #စစ္ေတြ

[Unicode]
စစ်တွေ-ရေချမ်းပြင်သွားကားလမ်း၌ AA ထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်
…………………………………………………………………………………….

ရန်ကုန်၊ ဇွန် – ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေ-ရေချမ်းပြင်သွားကားလမ်းပေါ်၌ AA က ဒေသန္တရလက်လုပ်ရီမုမိုင်းများထောင်ထားကြောင်းသတင်းရရှိသဖြင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းဖော်ထုတ်စဉ် ဒေသန္တရလက်လုပ်ရီမုရမိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ဒေသန္တရလက်လုပ်ရီမုမိုင်း ၅ လုံး ဖော်ထုတ်ရရှိခဲ့သည်။

ဖြစ်စဉ်မှာ စစ်တွေ-ရေချမ်းပြင်သွားကားလမ်းတွင် AA က မိုင်းထောင်ထားကြောင်း တာဝန်သိပြည်သူများက သတင်းပေးပို့ခဲ့သဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များဖြင့် လိုက်လံရှင်းလင်းဖော်ထုတ်ခဲ့ကြောင်း၊ ထိုသို့ရှင်းလင်းဖော်ထုတ်စဉ် စစ်တွေမြို့၊ နည်းပညာကောလိပ်(GTC)ရှေ့ရှိ စစ်တွေ-ရေချမ်းပြင်သွားကားလမ်း၏ ဝဲ၊ ယာ ဘက်ခြမ်းများ၌ ဒေသန္တရလက်လုပ်ရီမုမိုင်း ၂ လုံးတွေ့ရှိခဲ့သဖြင့် ရှင်းလင်း ဆောင်ရွက်ချိန်တွင် ကားလမ်း၏ယာဘက်ခြမ်းရှိ ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုမရှိကြောင်းနှင့် အများပြည်သူများ အန္တရာယ်မဖြစ်စေရေး စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်စဉ် ဒေသန္တရလက်လုပ်ရီမုမိုင်း ၃ လုံး ထပ်မံတွေ့ရှိ ခဲ့ရပြီး သက်မဲ့ပြုလုပ်၍စနစ်တကျ သိမ်းဆည်းခဲ့သည်။

AA အနေဖြင့် ကျေးရွာများအနီးနှင့် အများပြည်သူများအသုံးပြုလျက်ရှိသည့် ကားလမ်းများတွင် မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၃ဝ ရက်မှ ယနေ့အထိ အပြစ်မဲ့ပြည်သူ ၁၆ ဦး သေဆုံးခဲ့ကာ ၅၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #AA #စစ်တွေ


Share this post