• Follow Us on

Home စစ္ေရးတင္းမာမႈမ်ား အရွိန္တိုးျမႇင့္လာေသာ ေဘာလ္တစ္ပင္လယ္ေဒသ

စစ္ေရးတင္းမာမႈမ်ား အရွိန္တိုးျမႇင့္လာေသာ ေဘာလ္တစ္ပင္လယ္ေဒသ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၂

စစ္ေအးေခတ္ေနာက္ပိုင္း မႀကဳံေတြ႕ဖူးသည့္ တင္းမာမႈတစ္ခုအျဖစ္ ေဘာလ္တစ္ပင္လယ္ေဒသ၌ ႐ုရွား ႏွင့္ အေနာက္ႏိုင္ငံမ်ား၏ စစ္ေရးလႈပ္ရွားမႈေၾကာင့္ စစ္ေရးအရ အသင့္ျဖစ္မႈကို အရွိန္တိုးျမႇင့္လုပ္ေဆာင္ခဲ့ဟု ဆြီ ဒင္လက္နက္ကိုင္တပ္ဖြဲ႕က ျသဂုတ္လ ၂၄ ရက္တြင္ သတင္းထုတ္ျပန္ခ်က္တစ္ခု ထုတ္ျပန္ခဲ့သည္။

အဆိုပါ သတင္းထုတ္ျပန္ခ်က္က မီဒီယာအမ်ားအျပား၏ စိတ္ဝင္စားမႈကို ရရွိခဲ့ၿပီး ဖိုင္နန္ရွယ္တိုင္းမ္ႏွင့္ ဝါရွင္တန္ပို႔စ္ သ တင္းစာတို႔က အေလးထား၍ ေဖာ္ျပခဲ့သည္။

႐ုရွားတပ္မေတာ္က စက္တင္ဘာလအတြင္း မဟာဗ်ဴဟာေျမာက္ ကြပ္ကဲေရးေလ့က်င့္မႈ Kavkaz 2020 အပါအဝင္ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ရန္လုပ္ေဆာင္ေနမႈေၾကာင့္ ဆြီဒင္ ႏိုင္ငံ၏ဆုံးျဖတ္ခ်က္ ထိုသို႔ ေၾကညာ ခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ အဆိုပါေၾကညာခ်က္က ဘီလာ႐ုဇ္ႏိုင္ငံရွိ အက်ပ္အတည္းအတြက္ တုံ႔ျပန္မႈတစ္ခု ျဖစ္သလို သမၼတ လူကာရွန္ကာအား ပံ့ပိုးမႈျပဳလုပ္ရန္ ႐ုရွားတပ္ဖြဲ႕မ်ားက နယ္စပ္ကိုျဖတ္ေက်ာ္ဖြယ္ရွိဟု ၫႊန္ ျပလိုက္ျခင္း ျဖစ္သည္။

႐ုရွားေရတပ္ဖြဲ႕က ျသဂုတ္လ ၃ ရက္တြင္ ေဘာလ္တစ္ပင္လယ္ျပင္အတြင္း Ocean Shield 2020 ေခၚ ေရတပ္ဆိုင္ရာေလ့က်င့္မႈ စတင္ခဲ့သည္။

စစ္ေရးေလ့က်င့္မႈတြင္ အမ်ိဳးမ်ိဳးေသာ စစ္သေဘၤာအစင္း ၃၀ ေက်ာ္၊ ေလယာဉ္၊ ေလေၾကာင္းရန္ကာ ကြယ္ေရးစနစ္ႏွင့္ ကမ္းတက္တပ္ဖြဲ႕တို႔ ပါဝင္ခဲ့ၿပီး စိန္႔ပီတာစဘတ္ႏွင့္ ခရြန္စတပ္၌ ေရတပ္၏ စစ္ေရးျပပြဲအခမ္း အနားအၿပီး ခ်က္ခ်င္းဆိုသလို ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

Exercise Ocean Shield စစ္ေရးေလ့က်င့္မႈကို ၂၀၁၈ ခုႏွစ္ ေနာက္ပိုင္း ႏွစ္စဉ္ ျပဳလုပ္ခဲ့ၿပီး ဥေရာပတိုက္၌ ႐ုရွားတပ္မေတာ္၏ ေျခကုပ္ရယူလာမႈ စံနမူနာတစ္ခု ျဖစ္လာခဲ့ သည္။ ေဘာလ္တစ္ပင္လယ္ေဒသအျပင္ ပင္လယ္နက္ေဒသ၌ ေနတိုးအဖြဲ႕ႏွင့္ ေနတိုးအဖြဲ႕ဝင္မဟုတ္ေသာ တိုင္းျပည္မ်ားမွ ကင္းေထာက္ေလယာဉ္မ်ားကို ေန႔စဉ္လိုလို ျမင္ေတြ႕ေနရသည္။

ျသဂုတ္လ ၂၈ ရက္တြင္ အေမရိကန္ေလတပ္မွ ဘီ-၅၂ ဗုံးႀကဲေလယာဉ္မ်ားက ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံ ၃၀ ၏ ပိုင္နက္နယ္ေျမမ်ားအေပၚ ပ်ံသန္းခဲ့ၿပီး မဟာမိတ္ႏိုင္ငံမ်ားမွ တိုက္ေလယာဉ္ အစင္း ၈၀ ႏွင့္အတူ ေလ့က်င့္မႈ မ်ား လုပ္ေဆာင္ခဲ့ရာ ေနတိုးအဖြဲ႕ေပၚ အေမရိကန္ႏိုင္ငံ၏ ကတိကဝတ္ကို ျပသလိုက္ျခင္းျဖစ္သလို ႐ုရွားႏိုင္ငံ အား သတိေပးလိုက္ျခင္းျဖစ္သည္။

ပင္လယ္နက္အထက္၌ ဘီ-၅၂ ဗုံးႀကဲေလယာဉ္မ်ားေရွ႕၌ ႐ုရွားေလတပ္မွ ဆူး-၂၇ တိုက္ေလယာဉ္ႏွစ္စင္းက အႏၲရာယ္မ်ားေသာ အေနအထားျဖင့္ ပ်ံသန္းမႈမ်ားျပဳလုပ္၍ ရန္စခဲ့သည္။

ယင္းေန႔မွာပင္ ေဘာလ္တစ္ပင္လယ္ျပင္ေပၚရွိ ႏိုင္ငံတကာေလပိုင္နက္အတြင္း အေမရိကန္ေလတပ္၏ ဘီ-၅၂ ဗုံးႀကဲေလယာဉ္တစ္စင္းကို ႐ုရွားေလတပ္မွ ဆူး-၂၇ တိုက္ေလယာဉ္တစ္စင္းက ေႏွာင့္ယွက္မႈျပဳလုပ္ခဲ့ သည္။

အေမရိကန္ေလတပ္မွ ဘီ-၅၂ ဗုံးႀကဲေလယာဉ္က ဘြန္းဟြမ္းကြၽန္းေပၚရွိ ဒိန္းမတ္ႏိုင္ငံ ေလပိုင္နက္အတြင္း ခ်ည္း ကပ္လာခ်ိန္တြင္ ထိုျဖစ္ရပ္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ကာလီနင္ဂရက္မ် ပ်ံသန္းလာခဲ့ေသာ ႐ုရွားေလတပ္၏ ဆူး-၂၇ တိုက္ေလယာဉ္က ဒိန္းမတ္ေလပိုင္နက္ အတြင္း အေမရိကန္ေလတပ္၏ ဘီ-၅၂ ဗုံးႀကဲေလယာဉ္ေနာက္ ကပ္လိုက္လာရာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံတစ္ခု၏ ေလပိုင္နက္ကို သိသိသာသာ ခ်ိဳးေဖာက္လိုက္ျခင္းျဖစ္သည္။

တိုက္ပြဲဝင္တင့္ကားမ်ားႏွင့္ တပ္ဖြဲ႕ဝင္ ၃၀၀ သယ္ယူပို႔ေဆာင္ႏိုင္သည့္ ႐ုရွားေရတပ္မွ ႐ိုပူခ်ာအတန္း အစား ကမ္းတက္ေရယာဉ္သုံးစင္းက ကာလီနင္ဂရက္မွ ထြက္ခြာလာကာ အေရွ႕ဂုတ္လန္ကို ျဖတ္သန္းသြားရာ ဆြီဒင္လက္နက္ကိုင္တပ္ဖြဲ႕က အသင့္အေနအထား ျပင္ဆင္မႈ ျပဳလုပ္ခဲ့သည္။

အဆိုပါ ႐ုရွားေရတပ္၏ ကုန္းေရႏွစ္ သြယ္သုံး ကမ္းတက္ေရယာဉ္မ်ားက ဖင္လန္ပင္လယ္ေကြ႕အတြင္း ဦးတည္သြားကာ ဒုတိယကမၻာစစ္အတြင္း ဆိုဗီယက္ျပည္ေထာင္စုက မသိမ္းပိုက္မီ ဖင္လန္ႏိုင္ငံက ပိုင္ဆိုင္ခဲ့သည္ဆိုေသာ ကြၽန္းတစ္ကြၽန္းျဖစ္သည့္ ေဟာ့ဂ္ လန္ကမ္း႐ိုးတန္း၌ စစ္ေရးေလ့က်င့္မႈတစ္ရပ္ လုပ္ေဆာင္ခဲ့သည္။

ကမ္းတက္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေမာ္ေတာ္ယာဉ္မ်ားက စိန္႔ပီတာစဘတ္ၿမိဳ႕အေနာက္ဘက္ရွိ လိုမိုဆို ေနာ႔ဗ္ၿမိဳ႕၌ ေျခခ်ခဲ့သည္။ တပ္ဖြဲ႕ဝင္ ၆၀၀၀ ေက်ာ္ပါဝင္ေသာ စစ္ေရးေလ့က်င့္မႈတြင္ ပါဝင္ေနသည့္ ႐ုရွား ကမ္းတက္တပ္ဖြဲ႕၏ လႈပ္ရွားမႈမ်ားကို ေဘာလ္တစ္ပင္လယ္ေဒသရွိ ႏိုင္ငံမ်ားက ေစာင့္ၾကည့္ခဲ့ၾကသည္။

႐ုရွားႏိုင္ငံက ယင္းသို႔ တပ္ဖြဲ႕အသုံးျပဳလိုသည့္ဆႏၵကို ထပ္တလဲလဲ ျပသခဲ့သလို ကမ္းတက္တပ္ဖြဲ႕က ႐ုရွားႏိုင္ငံက အိမ္နီးခ်င္းတိုင္းျပည္မ်ား၌ စစ္ဆင္ေရးမ်ားေဆာင္ရြက္ရာတြင္ အဓိကအဖြဲ႕အစည္းတစ္ခု ျဖစ္လာခဲ့သည္။ ႐ုရွား တပ္မေတာ္၏ ထိုလႈပ္ရွားမႈမ်ားကို လက္တုံ႔ျပန္မႈအေနျဖင့္ ဂုတ္လန္ကြၽန္းေပၚ၌ ေရေၾကာင္းေစာင့္ၾကပ္မႈႏွင့္ တပ္ဖြဲ႕တပ္စြဲမႈ တိုးျမႇင့္မည့္ စစ္ဆင္ေရးတစ္ရပ္လုပ္ေဆာင္ရန္ ဆြီဒင္လက္နက္ကိုင္တပ္ဖြဲ႕က ဆုံးျဖတ္ခဲ့သည္။

တပ္ဖြဲ႕မ်ားျဖန္႔ၾကက္မႈက မိတ္ဖက္ႏိုင္ငံမ်ားႏွင့္ ႐ုရွားႏိုင္ငံအတြက္ အခ်က္ေပးမႈတစ္ခုျဖစ္သလို ဆြီဒင္ ႏိုင္ငံ၏ အခ်ဳပ္အခ်ာအာဏာအတြက္ ရပ္တည္ျခင္းဟု ဆြီဒင္ ကာကြယ္ေရးဝန္ႀကီး ပီတာဟုဗစ္က ေျပာၾကားခဲ့ သည္။

အျခားေသာ ေဘာလ္တစ္ႏိုင္ငံမ်ားက ႐ုရွားႏိုင္ငံ၏ စစ္ေရးေလ့က်င့္မႈအေပၚ ဆြီဒင္ႏိုင္ငံကဲ့သို႔ သိသာေသာ တုံ႔ျပန္မႈ မလုပ္ေဆာင္ခဲ့သလို မဟာဗ်ဴဟာေျမာက္ ဆက္သြယ္မႈကို မေျပာင္းလဲခဲ့ေပ။

“ပင္လယ္ေရေၾကာင္းလုံၿခဳံ ေရးႏွင့္ ေရပိုင္နက္ကာကြယ္ေစာင့္ေရွာက္ေရးက ေရတပ္၏ အဓိကတာဝန္ျဖစ္ေၾကာင္း၊ တစ္ႏွစ္ပတ္လုံး မိမိတို႔၏ ေရပိုင္နက္ကို ေစာင့္ၾကည့္ေနေၾကာင္း၊ ႐ုရွားေရတပ္သို႔ ပိုင္နက္အတြင္း မက်ဴးေက်ာ္လာရန္ သတိေပးပါ ေၾကာင္း” ဖင္လန္ေရတပ္ဖြဲ႕က ျသဂုတ္လ ၂၆ ရက္တြင္ တြစ္တာလူမႈကြန္ရက္၌ ေရးသားခဲ့သည္။

႐ုရွားေရတပ္ အင္အားေတာင့္တင္းမႈႏွင့္ ရန္လိုေသာအျပဳအမူမ်ားျပသမႈက အႏၲရာယ္ႀကီးမားေသာျဖစ္ ရပ္မ်ား ျဖစ္လာႏိုင္ပါသည္။ ေဘာလ္တစ္ေဒသမွ အေနာက္ႏိုင္ငံမ်ား၏တပ္ဖြဲ႕မ်ား ႐ုတ္သိမ္းမႈကို ႐ုရွားႏိုင္ငံက အားနည္းခ်က္တစ္ခုအျဖစ္ အသုံးျပဳလာႏိုင္ပါသည္။

ေဘာလ္တစ္ႏိုင္ငံမ်ားက လုံၿခဳံေရးႏွင့္ ကာကြယ္ေရးအ တြက္ အားနည္းခ်က္ျဖစ္ေစႏိုင္သည့္ ကတိကဝတ္တစ္ခုကဲ့သို႔ေသာ အခ်က္ေပးမႈမ်ားျပဳလုပ္ျခင္း ေရွာင္ရွားသင့္ ပါသည္။

အေရးပါေသာအခ်က္တစ္ခုမွာ ကာကြယ္ေရးအသုံးစရိတ္ ကြာဟခ်က္ျဖစ္ပါသည္။ ေဘာလ္တစ္ေဒသ ၌ တင္းမာမႈမ်ားမျဖစ္လာေစရန္ ေဆြးေႏြးမႈမ်ားျဖင့္သာ အေျဖရွာသင့္ပါသည္။

ကိုးကား – အာေကေက

Ref; Military Tension Increases in the Baltic Sea Region

#PeopleMedia

(unicode)
စစ်ရေးတင်းမာမှုများ အရှိန်တိုးမြှင့်လာသော ဘောလ်တစ်ပင်လယ်ဒေသ
……………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

စစ်အေးခေတ်နောက်ပိုင်း မကြုံတွေ့ဖူးသည့် တင်းမာမှုတစ်ခုအဖြစ် ဘောလ်တစ်ပင်လယ်ဒေသ၌ ရုရှား နှင့် အနောက်နိုင်ငံများ၏ စစ်ရေးလှုပ်ရှားမှုကြောင့် စစ်ရေးအရ အသင့်ဖြစ်မှုကို အရှိန်တိုးမြှင့်လုပ်ဆောင်ခဲ့ဟု ဆွီ ဒင်လက်နက်ကိုင်တပ်ဖွဲ့က သြဂုတ်လ ၂၄ ရက်တွင် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်က မီဒီယာအများအပြား၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ဖိုင်နန်ရှယ်တိုင်းမ်နှင့် ဝါရှင်တန်ပို့စ် သ တင်းစာတို့က အလေးထား၍ ဖော်ပြခဲ့သည်။

ရုရှားတပ်မတော်က စက်တင်ဘာလအတွင်း မဟာဗျူဟာမြောက် ကွပ်ကဲရေးလေ့ကျင့်မှု Kavkaz 2020 အပါအဝင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်လုပ်ဆောင်နေမှုကြောင့် ဆွီဒင် နိုင်ငံ၏ဆုံးဖြတ်ချက် ထိုသို့ ကြေညာ ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါကြေညာချက်က ဘီလာရုဇ်နိုင်ငံရှိ အကျပ်အတည်းအတွက် တုံ့ပြန်မှုတစ်ခု ဖြစ်သလို သမ္မတ လူကာရှန်ကာအား ပံ့ပိုးမှုပြုလုပ်ရန် ရုရှားတပ်ဖွဲ့များက နယ်စပ်ကိုဖြတ်ကျော်ဖွယ်ရှိဟု ညွှန် ပြလိုက်ခြင်း ဖြစ်သည်။

ရုရှားရေတပ်ဖွဲ့က သြဂုတ်လ ၃ ရက်တွင် ဘောလ်တစ်ပင်လယ်ပြင်အတွင်း Ocean Shield 2020 ခေါ် ရေတပ်ဆိုင်ရာလေ့ကျင့်မှု စတင်ခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင် အမျိုးမျိုးသော စစ်သင်္ဘောအစင်း ၃၀ ကျော်၊ လေယာဉ်၊ လေကြောင်းရန်ကာ ကွယ်ရေးစနစ်နှင့် ကမ်းတက်တပ်ဖွဲ့တို့ ပါဝင်ခဲ့ပြီး စိန့်ပီတာစဘတ်နှင့် ခရွန်စတပ်၌ ရေတပ်၏ စစ်ရေးပြပွဲအခမ်း အနားအပြီး ချက်ချင်းဆိုသလို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Exercise Ocean Shield စစ်ရေးလေ့ကျင့်မှုကို ၂၀၁၈ ခုနှစ် နောက်ပိုင်း နှစ်စဉ် ပြုလုပ်ခဲ့ပြီး ဥရောပတိုက်၌ ရုရှားတပ်မတော်၏ ခြေကုပ်ရယူလာမှု စံနမူနာတစ်ခု ဖြစ်လာခဲ့ သည်။ ဘောလ်တစ်ပင်လယ်ဒေသအပြင် ပင်လယ်နက်ဒေသ၌ နေတိုးအဖွဲ့နှင့် နေတိုးအဖွဲ့ဝင်မဟုတ်သော တိုင်းပြည်များမှ ကင်းထောက်လေယာဉ်များကို နေ့စဉ်လိုလို မြင်တွေ့နေရသည်။

သြဂုတ်လ ၂၈ ရက်တွင် အမေရိကန်လေတပ်မှ ဘီ-၅၂ ဗုံးကြဲလေယာဉ်များက နေတိုးအဖွဲ့ဝင် နိုင်ငံ ၃၀ ၏ ပိုင်နက်နယ်မြေများအပေါ် ပျံသန်းခဲ့ပြီး မဟာမိတ်နိုင်ငံများမှ တိုက်လေယာဉ် အစင်း ၈၀ နှင့်အတူ လေ့ကျင့်မှု များ လုပ်ဆောင်ခဲ့ရာ နေတိုးအဖွဲ့ပေါ် အမေရိကန်နိုင်ငံ၏ ကတိကဝတ်ကို ပြသလိုက်ခြင်းဖြစ်သလို ရုရှားနိုင်ငံ အား သတိပေးလိုက်ခြင်းဖြစ်သည်။

ပင်လယ်နက်အထက်၌ ဘီ-၅၂ ဗုံးကြဲလေယာဉ်များရှေ့၌ ရုရှားလေတပ်မှ ဆူး-၂၇ တိုက်လေယာဉ်နှစ်စင်းက အန္တရာယ်များသော အနေအထားဖြင့် ပျံသန်းမှုများပြုလုပ်၍ ရန်စခဲ့သည်။

ယင်းနေ့မှာပင် ဘောလ်တစ်ပင်လယ်ပြင်ပေါ်ရှိ နိုင်ငံတကာလေပိုင်နက်အတွင်း အမေရိကန်လေတပ်၏ ဘီ-၅၂ ဗုံးကြဲလေယာဉ်တစ်စင်းကို ရုရှားလေတပ်မှ ဆူး-၂၇ တိုက်လေယာဉ်တစ်စင်းက နှောင့်ယှက်မှုပြုလုပ်ခဲ့ သည်။

အမေရိကန်လေတပ်မှ ဘီ-၅၂ ဗုံးကြဲလေယာဉ်က ဘွန်းဟွမ်းကျွန်းပေါ်ရှိ ဒိန်းမတ်နိုင်ငံ လေပိုင်နက်အတွင်း ချည်း ကပ်လာချိန်တွင် ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကာလီနင်ဂရက်မျ ပျံသန်းလာခဲ့သော ရုရှားလေတပ်၏ ဆူး-၂၇ တိုက်လေယာဉ်က ဒိန်းမတ်လေပိုင်နက် အတွင်း အမေရိကန်လေတပ်၏ ဘီ-၅၂ ဗုံးကြဲလေယာဉ်နောက် ကပ်လိုက်လာရာ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခု၏ လေပိုင်နက်ကို သိသိသာသာ ချိုးဖောက်လိုက်ခြင်းဖြစ်သည်။

တိုက်ပွဲဝင်တင့်ကားများနှင့် တပ်ဖွဲ့ဝင် ၃၀၀ သယ်ယူပို့ဆောင်နိုင်သည့် ရုရှားရေတပ်မှ ရိုပူချာအတန်း အစား ကမ်းတက်ရေယာဉ်သုံးစင်းက ကာလီနင်ဂရက်မှ ထွက်ခွာလာကာ အရှေ့ဂုတ်လန်ကို ဖြတ်သန်းသွားရာ ဆွီဒင်လက်နက်ကိုင်တပ်ဖွဲ့က အသင့်အနေအထား ပြင်ဆင်မှု ပြုလုပ်ခဲ့သည်။

အဆိုပါ ရုရှားရေတပ်၏ ကုန်းရေနှစ် သွယ်သုံး ကမ်းတက်ရေယာဉ်များက ဖင်လန်ပင်လယ်ကွေ့အတွင်း ဦးတည်သွားကာ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုက မသိမ်းပိုက်မီ ဖင်လန်နိုင်ငံက ပိုင်ဆိုင်ခဲ့သည်ဆိုသော ကျွန်းတစ်ကျွန်းဖြစ်သည့် ဟော့ဂ် လန်ကမ်းရိုးတန်း၌ စစ်ရေးလေ့ကျင့်မှုတစ်ရပ် လုပ်ဆောင်ခဲ့သည်။

ကမ်းတက်တပ်ဖွဲ့ဝင်များနှင့် မော်တော်ယာဉ်များက စိန့်ပီတာစဘတ်မြို့အနောက်ဘက်ရှိ လိုမိုဆို နော့ဗ်မြို့၌ ခြေချခဲ့သည်။ တပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ပါဝင်သော စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နေသည့် ရုရှား ကမ်းတက်တပ်ဖွဲ့၏ လှုပ်ရှားမှုများကို ဘောလ်တစ်ပင်လယ်ဒေသရှိ နိုင်ငံများက စောင့်ကြည့်ခဲ့ကြသည်။

ရုရှားနိုင်ငံက ယင်းသို့ တပ်ဖွဲ့အသုံးပြုလိုသည့်ဆန္ဒကို ထပ်တလဲလဲ ပြသခဲ့သလို ကမ်းတက်တပ်ဖွဲ့က ရုရှားနိုင်ငံက အိမ်နီးချင်းတိုင်းပြည်များ၌ စစ်ဆင်ရေးများဆောင်ရွက်ရာတွင် အဓိကအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။ ရုရှား တပ်မတော်၏ ထိုလှုပ်ရှားမှုများကို လက်တုံ့ပြန်မှုအနေဖြင့် ဂုတ်လန်ကျွန်းပေါ်၌ ရေကြောင်းစောင့်ကြပ်မှုနှင့် တပ်ဖွဲ့တပ်စွဲမှု တိုးမြှင့်မည့် စစ်ဆင်ရေးတစ်ရပ်လုပ်ဆောင်ရန် ဆွီဒင်လက်နက်ကိုင်တပ်ဖွဲ့က ဆုံးဖြတ်ခဲ့သည်။

တပ်ဖွဲ့များဖြန့်ကြက်မှုက မိတ်ဖက်နိုင်ငံများနှင့် ရုရှားနိုင်ငံအတွက် အချက်ပေးမှုတစ်ခုဖြစ်သလို ဆွီဒင် နိုင်ငံ၏ အချုပ်အချာအာဏာအတွက် ရပ်တည်ခြင်းဟု ဆွီဒင် ကာကွယ်ရေးဝန်ကြီး ပီတာဟုဗစ်က ပြောကြားခဲ့ သည်။

အခြားသော ဘောလ်တစ်နိုင်ငံများက ရုရှားနိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုအပေါ် ဆွီဒင်နိုင်ငံကဲ့သို့ သိသာသော တုံ့ပြန်မှု မလုပ်ဆောင်ခဲ့သလို မဟာဗျူဟာမြောက် ဆက်သွယ်မှုကို မပြောင်းလဲခဲ့ပေ။

“ပင်လယ်ရေကြောင်းလုံခြုံ ရေးနှင့် ရေပိုင်နက်ကာကွယ်စောင့်ရှောက်ရေးက ရေတပ်၏ အဓိကတာဝန်ဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံး မိမိတို့၏ ရေပိုင်နက်ကို စောင့်ကြည့်နေကြောင်း၊ ရုရှားရေတပ်သို့ ပိုင်နက်အတွင်း မကျူးကျော်လာရန် သတိပေးပါ ကြောင်း” ဖင်လန်ရေတပ်ဖွဲ့က သြဂုတ်လ ၂၆ ရက်တွင် တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။

ရုရှားရေတပ် အင်အားတောင့်တင်းမှုနှင့် ရန်လိုသောအပြုအမူများပြသမှုက အန္တရာယ်ကြီးမားသောဖြစ် ရပ်များ ဖြစ်လာနိုင်ပါသည်။ ဘောလ်တစ်ဒေသမှ အနောက်နိုင်ငံများ၏တပ်ဖွဲ့များ ရုတ်သိမ်းမှုကို ရုရှားနိုင်ငံက အားနည်းချက်တစ်ခုအဖြစ် အသုံးပြုလာနိုင်ပါသည်။

ဘောလ်တစ်နိုင်ငံများက လုံခြုံရေးနှင့် ကာကွယ်ရေးအ တွက် အားနည်းချက်ဖြစ်စေနိုင်သည့် ကတိကဝတ်တစ်ခုကဲ့သို့သော အချက်ပေးမှုများပြုလုပ်ခြင်း ရှောင်ရှားသင့် ပါသည်။

အရေးပါသောအချက်တစ်ခုမှာ ကာကွယ်ရေးအသုံးစရိတ် ကွာဟချက်ဖြစ်ပါသည်။ ဘောလ်တစ်ဒေသ ၌ တင်းမာမှုများမဖြစ်လာစေရန် ဆွေးနွေးမှုများဖြင့်သာ အဖြေရှာသင့်ပါသည်။

ကိုးကား – အာကေကေ

Ref; Military Tension Increases in the Baltic Sea Region

#PeopleMedia


Share this post