• Follow Us on

Home စစ္ေရးလႈပ္ရွားမႈမ်ား ထပ္တိုးရပ္ဆိုင္းရာတြင္ ရခိုင္မပါဟုတပ္မေတာ္ကာကြ ယ္ေရးဦးစီးခ်ဳပ္ေျပာၾကား

စစ္ေရးလႈပ္ရွားမႈမ်ား ထပ္တိုးရပ္ဆိုင္းရာတြင္ ရခိုင္မပါဟုတပ္မေတာ္ကာကြ ယ္ေရးဦးစီးခ်ဳပ္ေျပာၾကား

Share this post

ရန္ကုန္၊ ၾသဂုတ္ ၂၅

စစ္ေရးလႈပ္ရွားမႈမ်ား တပ္မေတာ္အေနျဖင့္ ရပ္ဆိုင္းရာတြင္ ရခိုင္ျပည္နယ္မပါ၀င္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကေျပာသည္။

ေနျပည္ေတာ္တြင္ ၾသဂုတ္လ၂၄ရက္ ဂ်ပန္ႏိုင္ငံ ႏိုင္ငံျခားေရးရာ၀န္ႀကီးႏွင့္ကိုယ္စားလွယ္အဖြဲ႔အားလက္ခံေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကေျပာၾကားခဲ့သည္။

“တပ္မေတာ္အေနျဖင့္ COVID 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းမ်ားပိုမိုလ်င္ျမန္ထိေရာက္ ေဆာင္ရြက္ႏိုင္ေရးနဲ႔ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံတကာစံနႈန္းအတိုင္း ႏိုင္ငံေတာ္ကအၾကမ္းဖက္ဟုသက္မွတ္ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႔အစည္းမ်ားရွိသည့္ေနရာမ်ားမွအပ က်န္နယ္ေျမမ်ားတြင္ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ားကို ၂၀၂ဝ ျပည့္ ႏွစ္စက္တင္ဘာ ၁ ရက္မွ ၃၀ ရက္အထိ ထပ္မံတိုးႁမွင့္ေဆာင္ရြက္ေပးသြားမွာျဖစ္ပါတယ္’’ဟု ၎ကေျပာသည္။

ရခိုင္ျပည္နယ္အေျချပဳကာလႈပ္ရွားေနေသာ AA လက္နက္ကိုင္အဖြဲ႔အား အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ မတ္လ ၂၃ ရက္တြင္ အမိန္႔ေၾကာ္ျငာစာအမွတ္ ၁/၂၀၂ဝျဖင့္ အၾကမ္းဖက္တိုက္ဖ်က္မႈဗဟိုအဖြဲ႔က ေၾကညာခဲ့သည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္တြင္ COVID 19 ေရာဂါပိုးဓါတ္ခြဲအတည္ျပဳလူနာ ၅၀ေက်ာ္ရွိသြားၿပီျဖစ္ကာ ၾသဂုတ္လ ၂၅ရက္ မနက္၈နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID 19ဓါတ္ခြဲအတည္ျပဳလူနာ ၄၇၄ဦး၊ ေရာဂါပိုးျပန္လည္ကင္းစင္သူ ၃၄၁ ဦး ၊ေသဆုံးသူ ၆ဦးရွိေၾကာင္းသိရသည္။

#PeopleMedia

(unicode)
စစ်ရေးလှုပ်ရှားမှုများ ထပ်တိုးရပ်ဆိုင်းရာတွင် ရခိုင်မပါဟုတပ်မတော်ကာကွ ယ်ရေးဦးစီးချုပ်ပြောကြား
………………………………………………………

ရန်ကုန်၊ ဩဂုတ် ၂၅

စစ်ရေးလှုပ်ရှားမှုများ တပ်မတော်အနေဖြင့် ရပ်ဆိုင်းရာတွင် ရခိုင်ပြည်နယ်မပါဝင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

နေပြည်တော်တွင် ဩဂုတ်လ၂၄ရက် ဂျပန်နိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။

“တပ်မတော်အနေဖြင့် COVID 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများပိုမိုလျင်မြန်ထိရောက် ဆောင်ရွက်နိုင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်ကအကြမ်းဖက်ဟုသက်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂ဝ ပြည့် နှစ်စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အခြေပြုကာလှုပ်ရှားနေသော AA လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မတ်လ ၂၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂ဝဖြင့် အကြမ်းဖက်တိုက်ဖျက်မှုဗဟိုအဖွဲ့က ကြေညာခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင် COVID 19 ရောဂါပိုးဓါတ်ခွဲအတည်ပြုလူနာ ၅၀ကျော်ရှိသွားပြီဖြစ်ကာ ဩဂုတ်လ ၂၅ရက် မနက်၈နာရီအထိ မြန်မာနိုင်ငံတွင် COVID 19ဓါတ်ခွဲအတည်ပြုလူနာ ၄၇၄ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၃၄၁ ဦး ၊သေဆုံးသူ ၆ဦးရှိကြောင်းသိရသည်။

#PeopleMedia


Share this post