• Follow Us on

Home စစ်ရေးအရတုံ့ပြန်မှုကို ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း အမေရိကန်ကို ရုရှားသတိပေး

စစ်ရေးအရတုံ့ပြန်မှုကို ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း အမေရိကန်ကို ရုရှားသတိပေး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁ (People Media)

 

ဥရောပဒေသတွင် အမေရိကန်နိုင်ငံအနေဖြင့် ခေတ်မီလက်နက်များတပ်ဖြန့်ချထားပါက စစ်ရေးအရတုံ့ပြန်မှုကို အနာဂတ်ကာလတွင် ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးဆာဂျီရတ်ဘ်ကော့ဗ်က အ မေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီအာရှားမင်းကို ပြောကြားလိုက်သည်။

 

နေတိုးတပ်ဖွဲ့အနေဖြင့် အမေရိကန်နိုင်ငံတွင် တက်သုတ်ရိုက်ထုတ်လုပ်နေသော စစ်လက်နက်အသစ်များကို ဆက်လက်တပ်ဖြန့်ချထားပါက ရုရှားနိုင်ငံက စစ်ရေးအရတုံ့ပြန်လာနိုင်ဖွယ်ရှိကြောင်း၊ ယင်းသို့တုံ့ပြန်ရာတွင် အမေရိကန်နှင့် အပေါင်းအပါဥရောပ မဟာမိတ်နိုင်ငံများ၏ လုံခြုံရေးကို မလွှဲမရှောင်သာ ထိခိုက်ပျက်စီးသွား စေနိုင်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးဆာဂျီရတ်ဘ်ကော့ဗ်က ပြောသည်။

 

နေတိုးအဖွဲ့၏ စစ်ရေးတိုးချဲ့မှုများကို ရပ်ဆိုင်းထားရန် ရုရှားနိုင်ငံက အဆိုပြုထားသည့်ကိစ္စများနှင့်ပတ်သက်၍ ယခုအချိန်အထိ မည်သည့်တိုးတက်မှုမှ မရရှိသေးကြောင်း ဂျီနီဗာမြို့တွင် လုံခြုံရေးအာမခံချက်ဆိုင်ရာ အမေရိ ကန်-ရုရှား ဆွေးနွေးပွဲကျင်းပပြီး တစ်ရက်အကြာတွင် သတင်းမီဒီယာများကို စကားပြောရာ၌ ရတ်ဘ်ကော့ဗ်က ထည့်သွင်းပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် တာဝန်ယူဆောင်ရွက်ရမည်မှာ နေတိုးအဖွဲ့တာဝန်ဖြစ်ကြောင်း၊ နေတိုးအဖွဲ့အနေဖြင့် ရုရှား နှင့် ဘုံသဘောတူညီချက်ရရှိအောင် စစ်မှန်သောနည်းလမ်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

“လောလောဆယ် အမြင့်ဆုံးတာဝန်ယူမှုအတွက် သက်သေပြဖို့ အမေရိကန်နိုင်ငံကို ကျွန်တော်တို့တောင်းဆိုပါ တယ်။ ထိပ်တိုက်တွေ့ဆုံမှုမြင့်တက်လာနိုင်တဲ့အရေးနဲ့ ဆက်နွယ်နေတဲ့ အန္တရာယ်တွေကို လျှော့မတွက်သင့် ဘူးလို့ ပြောချင်ပါတယ်။” ဟု ရတ်ဘ်ကော့ဗ်က ပြောသည်။

 

၎င်းတို့အကျိုးစီးပွားမဟုတ်ဘဲ မီးနှင့်ကစားနေသော အမေရိကန်ကို ဖျောင်းဖျရန်အတွက် အရေးကြီးသော ကြိုးပမ်းမှုများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

 

Ref: Russia warns US of possible military response

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 

Ref: Russia warns US of possible military response

 

#PeopleMedia


Share this post