• Follow Us on

Home စစ်ရေးအရအရေးယူဆောင်ရွက်သည့်နည်းလမ်းတစ်ခုတည်းဖြင့် ပြည်တွင်းသောင်းကျန်းမှုကို အဆုံးမသတ်နိုင် ကြောင်း နိုင်ဂျီးရီးယားသမ္မတဟောင်း အယ်ဘာ့ဆန်ဂျယ်ပြော

စစ်ရေးအရအရေးယူဆောင်ရွက်သည့်နည်းလမ်းတစ်ခုတည်းဖြင့် ပြည်တွင်းသောင်းကျန်းမှုကို အဆုံးမသတ်နိုင် ကြောင်း နိုင်ဂျီးရီးယားသမ္မတဟောင်း အယ်ဘာ့ဆန်ဂျယ်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄ (People Media)

 

စစ်ရေးအရအရေးယူဆောင်ရွက်သည့်နည်းလမ်းတစ်ခုတည်းဖြင့် တိုင်းပြည်အတွင်း သောင်းကျန်းမှုကို အဆုံး သတ်နိုင်မည်မဟုတ်ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ အယ်လူးဆီးဂန်းအယ်ဘာ့ဆန်ဂျယ် (Olusegun Obasanjo) က ပြောကြားလိုက်သည်။

 

နိုင်ဂျီးရီးယားနိုင်ငံ၏ လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် ဆု ပေး/ဒဏ်ပေးစနစ်ကိုလည်း ကျင့်သုံးရမည်ဖြစ်ကြောင်း အယ်ဘာ့ဆန်ဂျယ်က ဖြည့်စွက်ပြောသည်။

 

နိုင်ဂျီးရီးယားမြို့တော်အဘူဂျာရှိ Vision Africa နှင့် ပူးပေါင်း၍ Global Peace Foundation အဖွဲ့က စုစည်း လိုက်သည့် အားလုံးပါဝင်သည့်လုံခြုံရေးအရ ဆိတ်ငြိမ်အေးချမ်းရာကာလတစ်ခုကို တစ်နေ့ရောက်ရှိရမည် ဖြစ်ကြောင်း အယ်ဘာ့ဆန်ဂျယ်က ပြောသည်။

 

“လူတွေက နိုင်ငံရေးရည်မှန်းချက်အကြောင်းကိုပြောတယ်။ ကျွန်တော်က နိုင်ငံရေးလုပ်ဆောင်ချက်အကြောင်း ကိုပြောတယ်။ နိုင်ငံရေး ရည်မှန်းချက်တစ်ခုတည်းက မလုံလောက်ပါဘူး။ အဲဒီနိုင်ငံရေး ရည်မှန်းချက်ဟာ နိုင်ငံ ရေးလုပ်ဆောင်ချက်တွေနဲ့ ကိုက်ညီရပါလိမ့်မယ်။” ဟု ၎င်းကပြောသည်။

 

“ကျွန်တော်တို့က ဒဏ်ပေးတဲ့စနစ်တစ်ခုတည်းကိုကျင့်သုံးနေရင် (စစ်ရေးအရ အရေးယူဆောင်ရွက်မှုတစ်ခု တည်းကိုကျင့်သုံးနေရင်) ပြည်တွင်းသောင်းကျန်းမှုပြဿနာဟာ ကွယ်ပျောက်သွားမှာ မဟုတ်ဘူး။ ကျွန်တော် တို့ အဲဒီသောင်းကျန်းမှုကို ဖိနှိပ်လို့ရကောင်းရမယ်။ နည်းနည်းပါးပါး ချိုးနှိမ်ကောင်း ချိုးနှိမ်ထားနိုင်လိမ့်မယ်။ ဒါ ပေမဲ့ ပြဿနာတွေကို ထိရောက်စွာ ကိ်ုင်တွယ်ဖြေရှင်းဆောင်ရွက်ဖို့ဆိုရင် ကျွန်တော်တို့ ဆုပေး/ဒဏ်ပေးစနစ် ကို ကျင့်သုံးဖို့လိုပါတယ်။” ဟု ၎င်းကပြောသည်။

 

အယ်ဘာ့ဆန်ဂျယ်၏ မှတ်ချက်နှင့်ပတ်သက်၍  ပြန်လည်ပြောကြားရာတွင် “နိုင်ငံတွင်းရှိ မတူကွဲပြားသောအဖွဲ့ အစည်းအသီးသီးကြားတွင် ယုံကြည်မှုများ ပျောက်ဆုံးလာခြင်းကြောင့် လုံခြုံရေးဆိုင်ရာပြဿနာများ ပိုမိုဆိုးရွား လာခြင်းဖြစ်ကြောင်း” ဧဝံဂေလိအသင်းတော်၏ ဘိရှော့ဘုန်းတော်ကြီး၊ နိုင်ဂျီးရီးယား မက်သဒစ်အသင်းတော်၏ သာဝက ဘုန်းတော်ကြီဆန်းဒေးအိုနူဟာတို့က စိတ်မကောင်းစွာဖြင့်ပြောကြားလိုက်သည်။

 

Ref: Insurgency won’t end through military action alone – Obasanjo

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 

Ref: Insurgency won’t end through military action alone – Obasanjo

 

#PeopleMedia


Share this post