• Follow Us on

Home စစ်ရေးလေ့ကျင့်မှုတွင် ထိုင်ဝမ်တိုက်လေယာဉ်များ အဝေးပြေးလမ်းမပေါ်သို့ ဆင်းသက်

စစ်ရေးလေ့ကျင့်မှုတွင် ထိုင်ဝမ်တိုက်လေယာဉ်များ အဝေးပြေးလမ်းမပေါ်သို့ ဆင်းသက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆ (People Media)

 

ထိုင်ဝမ်သမ္မတစိုင်းအင်ဝန်ကိုယ်တိုင်ဦးစီးသည့် ထိုင်ဝမ်တပ်မတော်၏ စစ်ရေးလေ့ကျင့်မှုတွင် ထိုင်ဝမ်တပ်မ တော်မှ ဂျက်တိုက်လေယာဉ်များသည် သြဂုတ်လ ၁၅ ရက်နေ့က အဝေးပြေးလမ်းမကြီးတစ်ခုကို  ယာယီပြေး လမ်းအဖြစ် အသုံးပြု၍ ဆင်းသက်ခဲ့ကြောင်းသိရသည်။

 

ထိုင်ဝမ်နိုင်ငံသည် တရုတ်နိုင်ငံကအလေးထားသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ပြောဆိုပြီး တရုတ်နိုင်ငံ က စစ်ရေးအရဖိအားပေးမှုများတိုးမြှင့်ဆောင်ရွက်လျက်ရှိသလို ထိုင်ဝမ်နိုင်ငံသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ကြောင်း ထိုင်ဝမ်နိုင်အစိုးရကလက်ခံရန် ဖိအားပေးလျက်ရှိသည်။

 

လွန်ခဲ့သည့်နှစ်က ဒုတိယအကြိမ်ပြန်လည်ရွေးကောက်ခံရသော သမ္မတစိုင်းအင်ဝန်သည် အမေရိကန်စစ်လက် နက်ပစ္စည်းများတပ်ဆင်၍ ထိုင်ဝမ်တပ်မတော်ကို ခေတ်မီအောင်တည်ဆောက်ခဲ့သည်။

 

အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တစ်စင်း၊ ပြင်သစ်ထုတ် မီရပ်တိုက်လောယဉ်တစ်စင်းနှင့် အမေရိ ကန်ထုတ် E-2 Hawkeye early warning လေယာဉ်တစ်စင်း စုစုပေါင်း လေယာဉ်သုံးစင်းသည် ပင်တောင်း ကောင်တီရှိ အဝေးပြေးလမ်းမတစ်ခုတွင် ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

 

“အခုလို အကောင်းဆုံး တိုက်ခိုက်ရေးကျွမ်းကျင်မှုတွေနဲ့ အမြန်ဆုံး တုံ့ပြန်နိုင်မှုဟာ နေ့စဉ်မရပ်မနားလေ့ကျင့်မှု တွေကနေ ဆင်းသက်လာတာပါ။ ဒါဟာ ထိုင်ဝမ်လေပိုင်နက်ကိုကာကွယ်ရာမှာ ထိုင်ဝမ်လေတပ်ရဲ့ ယုံကြည်မှု ကို ထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။” ဟု သမ္မတစိုင်းအင်ဝန်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေး သားဖော်ပြခဲ့သည်။

 

ထိုင်ဝမ်နိုင်ငံတွင် ထိုင်ဝမ်ကျွန်းကိုဖြတ်ဖောက်ထားသော အဝေးပြေးလမ်းမကြီးများတွင် အရေးပေါ်အသုံးပြုရန် လေယာဉ်ပြေးလမ်း ငါးခုရှိပြီး တရုတ်နိုင်ငံက ထိုင်ဝမ်လေတပ်စခန်းများကို တိုက်ခိုက်လာသည့်အချိနိတွင် အ ဆိုပါအရေးပေါ်ပြေးလမ်းများကို အသုံးပြုနိုင်ရန်ဆောင်ရွက်ထားခြင်းဖြစ်သည်။

 

ထိုင်ဝမ်လေတပ်စခန်းအများစုမှာ တရုတ်နိုင်ငံနှင့် မျက်နှာချင်းဆိုင်ထားသည့် အနောက်ဘက်ကမ်းရိုးတန်းတစ် လျှောက်တွင်ရှိသည်။ ယင်းလေတပ်စခန်းများမှာ စစ်ဖြစ်လာပါက တရုတ်ဘက်မှ ဒုံးကျည်များ၊ လေကြောင်းမှှ ဗုံးကြဲတိုက်ခိုက်မှုများခံရနိုင်သည့်နေရာများဖြစ်သည်။ တောတောင်ထူထပ်သည့် ထိုင်ဝမ်နိုင်ငံ အရှေ့ဘက်ကမ်း ခြေတွင် လေတပ်စခန်းနှစ်ခုရှိပြီး အဆိုပါလေတပ်မှ လေယာဉ်သိုလှောင်ရုံများမှာ ကျောက်တောင်ထွင်းဖောက် ဆောက်လုပ်ထားသဖြင့် အခြားလေယာဉ်သိုလှောင်ရုံများထက် ပို၍ အကာအကွယ်ကောင်းမွန်ကြောင်းသိရ သည်။

 

Ref: Taiwan lands fighters on highway as annual drills reach peak

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Taiwan lands fighters on highway as annual drills reach peak

 

#PeopleMedia


Share this post