• Follow Us on

Home စစ္ေရးေလ့က်င့္မႈျပဳလုပ္ရန္ ထိုင္ဝမ္သို႔ အေမရိကန္တပ္ဖြဲ႕မ်ား ျဖန္႔ၾကက္

စစ္ေရးေလ့က်င့္မႈျပဳလုပ္ရန္ ထိုင္ဝမ္သို႔ အေမရိကန္တပ္ဖြဲ႕မ်ား ျဖန္႔ၾကက္

Share this post

နိုဝင္ဘာ – ၁၁

လာမည့္သီတင္းပတ္မ်ားအတြင္း အေမရိကန္ ကမ္းတက္တပ္ဖြဲ႕ႏွင့္ ထိုင္ဝမ္တပ္ဖြဲ႕မ်ားၾကား စစ္ေရးေလ့ က်င့္မႈတစ္ခု ျပဳလုပ္မည္ဟု ထိုင္ဝမ္မီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။

ယခုစစ္ေရးေလ့က်င့္မႈက အေမရိကန္ႏွင့္ထိုင္ဝမ္ၾကား လက္ရွိ ဆက္ဆံေရးအေျခအေနေၾကာင့္ ေဒသအတြက္ မ်ားစြာ အေရးပါေၾကာင္း ထိုင္ဝမ္မီဒီယာမ်ားက ေဖာ္ျပသည္။

ေရယာဥ္မ်ား၊ စက္ေလွမ်ား၊ သေဘၤာမ်ားကို နည္းပရိယာယ္ေျမာက္ တိုက္ခိုက္ျခင္း အပါအဝင္ အေမရိ ကန္တပ္ဖြဲ႕မ်ားက ထိုင္ဝမ္တပ္ဖြဲ႕မ်ားႏွင့္အတူ စစ္ေရးေလ့က်င့္မႈမ်ားကို ဆိုရင္း ေရတပ္အေျခစိုက္စခန္း၌ ျပဳလုပ္မည္ဟု မီဒီယာမ်ားက ေဖာ္ျပသည္။

အေမရိကန္-ထိုင္ဝမ္ ဆက္ဆံေရးေကာင္းမြန္လာမႈက ႏွစ္နိုင္ငံတပ္မေတာ္မ်ားၾကားမ်ားစြာ သိသာၿပီး ပင္တဂြန္က ဂ်က္တိုက္ေလယာဥ္မ်ား၊ ဒ႐ုန္းမ်ား၊ ဒုံးက်ည္စနစ္မ်ား ထိုင္ဝမ္သို႔ ေရာင္းခ်ခဲ့သည္။

အေမရိကန္နိုင္ငံက ထိုင္ဝမ္ႏွင့္အတူ ခိုင္မာစြာ ရပ္တည္ခဲ့ၿပီး အျပည့္အဝ ပံ့ပိုးကူညီကာ ထိုင္ဝမ္တပ္မေတာ္သို႔ လက္နက္မ်ား ဆက္လက္ေရာင္းခ်မည္ဟု သတိေပးခဲ့သည္။

အေမရိကန္ႏွင့္ ထိုင္ဝမ္က ဆက္ဆံေရးနယ္ပယ္၌ အခန္းက႑သစ္တစ္ခု ဖြင့္လွစ္ခဲ့ၿပီး အေမရိကန္အစိုးရက ထိုင္ဝမ္သို႔ စစ္လက္နက္မ်ားေရာင္းခ်မည့္ စစ္ဘက္ဆိုင္ရာ သေဘာတူညီခ်က္မ်ား ဆက္လက္အတည္ျပဳ မည္ျဖစ္သည္။

စစ္ဘက္ဆိုင္ရာ သေဘာတူညီခ်က္မ်ားေၾကာင့္ ေစာင့္ၾကပ္ေရးႏွင့္ ေထာက္လွမ္းေရးနယ္ပယ္အျပင္ ကာ ကြယ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးက႑၌ ပူးေပါင္းေဆာင္ရြက္မႈမ်ား ျပဳလုပ္ေစမည္ျဖစ္သည္။

Ref; Pentagon is deploying troops in Taiwan for an upcoming large-scale exercise

#PeopleMedia

(unicode)
စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ထိုင်ဝမ်သို့ အမေရိကန်တပ်ဖွဲ့များ ဖြန့်ကြက်
…………………………………………..

နိုဝင်ဘာ – ၁၁

လာမည့်သီတင်းပတ်များအတွင်း အမေရိကန် ကမ်းတက်တပ်ဖွဲ့နှင့် ထိုင်ဝမ်တပ်ဖွဲ့များကြား စစ်ရေးလေ့ ကျင့်မှုတစ်ခု ပြုလုပ်မည်ဟု ထိုင်ဝမ်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယခုစစ်ရေးလေ့ကျင့်မှုက အမေရိကန်နှင့်ထိုင်ဝမ်ကြား လက်ရှိ ဆက်ဆံရေးအခြေအနေကြောင့် ဒေသအတွက် များစွာ အရေးပါကြောင်း ထိုင်ဝမ်မီဒီယာများက ဖော်ပြသည်။

ရေယာဉ်များ၊ စက်လှေများ၊ သင်္ဘောများကို နည်းပရိယာယ်မြောက် တိုက်ခိုက်ခြင်း အပါအဝင် အမေရိ ကန်တပ်ဖွဲ့များက ထိုင်ဝမ်တပ်ဖွဲ့များနှင့်အတူ စစ်ရေးလေ့ကျင့်မှုများကို ဆိုရင်း ရေတပ်အခြေစိုက်စခန်း၌ ပြုလုပ်မည်ဟု မီဒီယာများက ဖော်ပြသည်။

အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေးကောင်းမွန်လာမှုက နှစ်နိုင်ငံတပ်မတော်များကြားများစွာ သိသာပြီး ပင်တဂွန်က ဂျက်တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ဒုံးကျည်စနစ်များ ထိုင်ဝမ်သို့ ရောင်းချခဲ့သည်။

အမေရိကန်နိုင်ငံက ထိုင်ဝမ်နှင့်အတူ ခိုင်မာစွာ ရပ်တည်ခဲ့ပြီး အပြည့်အဝ ပံ့ပိုးကူညီကာ ထိုင်ဝမ်တပ်မတော်သို့ လက်နက်များ ဆက်လက်ရောင်းချမည်ဟု သတိပေးခဲ့သည်။

အမေရိကန်နှင့် ထိုင်ဝမ်က ဆက်ဆံရေးနယ်ပယ်၌ အခန်းကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ခဲ့ပြီး အမေရိကန်အစိုးရက ထိုင်ဝမ်သို့ စစ်လက်နက်များရောင်းချမည့် စစ်ဘက်ဆိုင်ရာ သဘောတူညီချက်များ ဆက်လက်အတည်ပြု မည်ဖြစ်သည်။

စစ်ဘက်ဆိုင်ရာ သဘောတူညီချက်များကြောင့် စောင့်ကြပ်ရေးနှင့် ထောက်လှမ်းရေးနယ်ပယ်အပြင် ကာ ကွယ်ရေးနှင့် ငြိမ်းချမ်းရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်စေမည်ဖြစ်သည်။

Ref; Pentagon is deploying troops in Taiwan for an upcoming large-scale exercise

#PeopleMedia


Share this post